ကံပေါက် မီးသတ်ရုံးတွင် မူးယစ်ဆေးမိ

0
426

ထားဝယ်ခရိုင် ကံပေါက်ကျေးရွာရှိ အရန်မီးသတ်တပ်ဖွဲ့ရုံး အပေါ်ထပ်တွင် မေလ ၁၄ ရက် ည ၈ နာရီခန့်က WY စိတ်ကြွ ဆေးပြား ၄၀ ကျော် ဖမ်း မိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

မူးယစ်ဆေးဖမ်းဆီးရာမှ ကွင်း ဆက်တရားခံအဖြစ် ကံပေါက်ကျေးရွာ အရန် မီးသတ်တပ်ဖွဲ့ရုံး အပေါ်ထပ်တွင် နေထိုင်သည့် အရန်မီးသတ်တပ်ခွဲမှူး၏ သားဖြစ်သူ အသက် ၁၈ နှစ်အရွယ် အမျိုးသားထံမှ WY စိတ်ကြွ ဆေးပြား ၄၁ ပြားဖမ်းမိခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့ မှတ်တမ်းအရ သိရသည်။ မေလ ၁၄ ရက် ညနေပိုင်းတွင် စိတ်ကြွဆေးပြား ၈ ပြားဖြင့် ဖမ်းမိသည့် အသက် ၂၂ နှစ်အရွယ် အမျိုးသား တစ်ဦးနှင့် အသက် ၂၃ နှစ်အရွယ် အမျိုးသားတို့ကို စစ်ဆေးရာမှ စိတ်ကြွ ဆေးပြား ရောင်းချနေသည့် အဆိုပါ အမျိုးသားကို ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

” သူ့အဖေက ဒီကအရန်မီးသတ် တပ်ခွဲမှူးလေ၊ သူ့အဖေကတပ်ခွဲမှူး ဆိုတော့ အဲဒီရုံးအပေါ်ထပ်မှာ ဘယ်သူမှ မရှိတော့ လာပြီးအိပ်တာပါ၊ ဒီကောင် လေးက အရန်မီးသတ်တော့ မဟုတ်ပါ ဘူး” ဟု ကံပေါက်နယ်မြေ စခန်းမှူးက ပြောသည်။

အဆိုပါ အမျိုးသားကို ဆက်လက် စစ်ဆေးရာ ၎င်းကို မူးယစ်ဆေးရောင်း ချသူ ကံပေါက်ရွာ မဂ္ဂင်ရပ်ကွက်နေ အသက် ၂၈ နှစ်အရွယ်အမျိုးသားကို သွားဖမ်းသော်လည်း ထွက်ပြေးတိမ်း ရှောင်သွားကြောင်း တိုင်းရဲ မှတ်တမ်းအရ သိရသည်။

အမှုမှ ဖမ်းမိသူများကို မယ(ပ)၂ ^၂၀၁၇၊ မူးယစ်ပုဒ်မ-၁၅/၁၉(က)/၂၁ ဖြင့် အမှုဖွင့်ထားကြောင်း ကံပေါက် နယ်မြေ ရဲစခန်းထံမှ သိရသည်။