ထားဝယ်ခရိုင်တွင် ဇွန်လလယ် လျှပ်စစ်ပုံမှန် ပြန်ရမည်ဟုဆို

0
586

လျှပ်စစ်ဓာတ်အား မကြာခဏ ပြတ်တောက်မှုရှိနေသည့် ထားဝယ် ခရိုင် အတွင်း လာမည့်ဇွန်လတွင် ပုံမှန် အတိုင်း ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း ခရိုင် လျှပ်စစ်အင်ဂျင်နီယာရုံးထံမှ သိရသည်။ထားဝယ်ခရိုင်တွင် လျှပ်စစ်သုံးစွဲ မှုမှာ ထုတ်လုပ်နိုင်မှု ပမာဏထက်များ နေသည့်အတွက် အလှည့်ကျဖြန့်ဖြူး နေရခြင်းဖြစ်ကြောင်း ခရိုင်လျှပ်စစ် အင်ဂျင်နီယာ ဦးရဲမင်းထက်က ပြောသည်။

ယင်းလိုအပ်ချက်ကို ဖြည့်တင်းနိုင် ရန် ထားဝယ် ဓာတ်အားခွဲရုံအတွင်း ဒီ ဇယ်မီးစက် ၇ လုံးနှင့် ထရန်စဖော်မာ အသစ် ၁ လုံး တပ်ဆင်နေပြီး ဇွန်လ လလယ်ခန့်တွင် ပြီးစီးမည်ဟု မျှော်မှန်း ထားကြောင်း ၎င်းက ပြောသည်။” ဒီစက်တွေ ပြီးသွားရင် လိုအပ် ချက် ပြည့်မီသလောက် ဖြစ်သွားပြီး မီးပြတ်တာမရှိသလောက် ဖြစ်သွားမယ်” ဟု ဦးရဲမင်းထက်က ဆိုသည်။

လက်ရှိထားဝယ်ခရိုင်တွင် သဘာဝ ဓာတ်ငွေ့သုံးမီးစက် ၆ လုံးနှင့် ဒီဇယ် မီးစက် ၈ လုံးမှ လျှပ်စစ် ၇.၃ မဂ္ဂါဝပ် ထုတ်လုပ်လျက်ရှိသော်လည်း ခရိုင် အတွင်း လျှပ်စစ်အများဆုံး အသုံးပြု သည့်အချိန်တွင် ၈.၉ မဂ္ဂါဝပ် ရှိကြောင်း ၎င်းက ဆိုသည်။နေ့ဘက်အချိန်တွင် မိုးရာသီ မရောက် မီ လျှပ်စစ်မီးကြိုးတစ်လျှောက်ရှိ သစ် ကိုင်းများကိုခုတ်ကာ ရှင်းလင်းလုပ် ဆောင်နေသည့်အတွက် ယာယီမီးဖြတ် ထားရသည့် အချိန်မျိုးလည်းရှိသည်ဟု ဦးရဲမင်းထက်က ပြောသည်။
မီးပြတ်တောက်မည်ဆိုပါက ပြည် သူများ ပိုမိုသိနိုင်စေရန် ရပ်ရွာများ အတွင်း လှည့်လည် ကြေညာပေးသင့် ကြောင်း ထားဝယ်မြို့ သင်္ဘောဆိပ် ရပ်ကွက်တွင် နေထိုင်သည့် ဦးသိုက်ထွန်း က ပြောသည်။

“ပြည်သူတွေဖက်ကလည်း ကြို တင်ပြင်ဆင်ထားရတာပေါ့၊ အခုက မီး ပျက်မယ်မှန်းမသိဘဲ ဖြစ်နေကြတယ် ” ဟု ဦးသိုက်ထွန်းက ဆိုသည်။
လက်ရှိအချိန်တွင် ထားဝယ်ခရိုင် လျှပ်စစ်ဖြန့်ဖြူးရေး လုပ်ကိုင်နေသည့် DDPC ကုမ္ပဏီက PTC ၂၄ နာရီ ရုပ်သံလိုင်းနှင့် DDPC ၏ လူမှုကွန် ရက်(Facebook )မှတစ်ဆင့် မီးပျက် မည့်အကြောင်း အသိပေးလျက်ရှိကြောင်း ခရိုင်လျှပ်စစ် အင်ဂျင်နီယာရုံး၏အကြောင်း ကြားစာအရ သိရသည်။

လာမည့် ဇူလိုင်လမှစကာ ဂက်စ် ဖြင့်လျှပ်စစ်ထုတ်လုပ်မည့် တင်ဒါအောင် ကုမ္ပဏီကို ၁၂ မဂ္ဂါဝပ်အထိ ထုတ်နိုင် မည့် စက်များကို ပြင်ဆင်ခိုင်းထားပြီး တစ်ယူနစ်လျှင် ၂၁၀ ကျပ် ခန့်ဖြင့် ဖြန့်ဖြူးပေးနိုင်ရန် စီစဉ်ထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောကြားထားသည်။