မွန်ပြည်သစ်ဖမ်းမိ ဓားပြအား ရဲတပ်ဖွဲ့ထံ အပ်နှံ

0
455

မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့ နယ် ကော့လှိုင်ကျေးရွာအုပ်စု သဲခုံကျေး ရွာတွင် ဓားပြတိုက်ခဲ့သူ နိုင်အကြိုင် (ခ) မောင်ဝင်း ဆိုသူကို မေလ ၁၇ ရက်တွင် မွန်ပြည်သစ်ပါတီက ရေးမြို့ နယ် ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့ ကြောင်း သိရသည်။

မွန်ပြည်သစ်ပါတီက ဖမ်းမိထား သည့် နိုင်အကြိုင်ကို ရေးချောင်းဖျား ဒေသရှိ မွန်ပြည်သစ်ပါတီ ဝယ်ဇင်စခန်း တွင် လွှဲပြောင်းပေးအပ်ခဲ့ပြီး အခင်း ဖြစ်စဉ်က အသုံးပြုခဲ့သည့် လက်နက် ခဲယမ်းများ ပစ္စည်းများ အပ်နှံခဲ့ ခြင်းမရှိ ဟု ရေးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့် သော်က ပြောသည်။လက်ရှိတွင် နိုင်အကြိုင်ကို ရေးမြို့မ ရဲစခန်းသို့ ခေါ်ဆောင်ပြီး အသေးစိတ် စစ်ဆေးမေးမြန်းလျက်ရှိကြောင်း ရဲမှူး က ပြောသည်။

ဖြစ်စဉ်မှာ အကြိုင်(ခ) မောင်ဝင်း ၃၈ နှစ်သည် ဖေဖော်ဝါရီလ ၁၇ ရက် ည ၇ နာရီအချိန်ခန့်တွင် သဲခုံကျေးရွာသို့ ရောက်ရှိလာပြီး ဘုန်းကြီးကျောင်းမှ ရာအိမ်မှူး ဦးမြင့်သိန်းဆိုသူကို ခေါ် ထုတ်၊ သေနတ်ပြခြိမ်းခြောက်ကာ ငွေ ကျပ်သိန်း ၄၀ တောင်းခံခဲ့ ကြောင်း မှတ်တမ်းအရ သိရသည်။
ဦးမြင့်သိန်းက ၎င်းတွင် ငွေမရှိ ကြောင်း ပြောဆိုခဲ့သဖြင့် ဦးမြင့်သိန်း ဝတ်ဆင်ထားသည့် ရွှေ ၅ မူးသား လက်စွပ် ၁ ကွင်း တောင်းယူ ခဲ့သည့် အပြင် ဦးမြင့်သိန်းကို ခေါ် ဆောင်ပြီး ရွာသား ၃ ဦးထံမှ ခန့်မှန်းရွှေ ၃ ကျပ်ခွဲ သားခန့်ကို သေနတ်ပြခြိမ်းခြောက် တောင်းယူခဲ့ သည်ဟု ရဲမှတ်တမ်းအရ သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ရေးမြို့နယ် ခေါဇာနယ်မြေရဲစခန်းတွင် ဖေဖော်ဝါရီ ၁၉ ရက်က သေနတ်ပြ ခြိမ်းခြောက်ပြီး ရွှေနှင့် ငွေများ ဓားပြ တိုက်တောင်းယူခဲ့သူ အကြိုင်(ခ) မောင်ဝင်းအား (ပ)၈/၂၀၁၇ ရာဇသတ် ကြီးပုဒ်မ-၃၉၂ အရ အမှုဖွင့် အရေးယူ ထားကြောင်းလည်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ဧပြီ ၂၀ ရက် ညကလည်း ရေးမြို့ နယ် ခေါဇာမြို့နယ်ခွဲ ဟံဂံကျေးရွာ အုပ်စု၊ ဘရောင်းကျေးရွာရှိ၊ ကျိုက်မင်း မလော့ ဘုရားတောင်ကြားတွင် အကြိုင် အား သေနတ် ၂ လက် (စိစစ်ဆဲ) လက်ပစ် ဗုံး ၂ လုံး (စိစစ်ဆဲ) တို့နှင့်အတူ မွန်ပြည် သစ်ပါတီ ဝယ်ဇင်းစခန်းမှ တပ်ဖွဲ့ဝင် တို့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်အကြိုင် (ခ) မောင်ဝင်းဆိုသူ သည် ၂၀၁၆ ခုနှစ်အတွင်းက တနင်္သာရီ တိုင်းဒေသကြီး ရေဖြူမြို့နယ် ကံပေါက် အခြေပြု ခလရ ၂၇၃ ထံတွင် အလင်းဝင် ရောက်ခဲ့သည့် နိုင်မွန်ချမ်းအဖွဲ့မှ ဖြစ်သည်။အလင်းဝင်ရောက်ပြီးနောက်ပိုင်း တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ပေါက်ပင်ကွင်းကျေးရွာတွင် နေထိုင်ပြီး ပေါက်ပင်ကွင်း-ရေး ကားလိုင်းပြေးဆွဲ ခြင်းလုပ်ငန်း လုပ်ကိုင်ခဲ့သူဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

ရေးမြို့နယ်တောင်ပိုင်းဒေသနှင့် ရေဖြူမြို့နယ်ဒေသတွင် မွန်ပြည်သစ် ပါတီမှ တပ်အင်အား လှုပ်ရှားမှု မရှိ တော့သည့် နောက်ပိုင်းတွင် ဒေသတွင်း လက်နက်ကိုင်အဖွဲ့ငယ် ၃ ဖွဲ့ ထက် မနည်း ပေါ်ပေါက်ခဲ့ပြီး ဒေသအတွင်း ဓားပြမှု ပြန်ပေးဆွဲမှု ငွေကြေးတောင်းခံမှု အစရှိသည့်လုပ်ရပ်များ မကြာခဏ ဖြစ်ပေါ်လေ့ရှိသည်။

၂၀၁၂ ခုနှစ်တွင် နိုင်ဗင်နှင့် ညီအစ်ကိုများ ဦးဆောင်သည့်လက်နက် ကိုင်အဖွဲ့ ငယ်ကလည်းကောင်း၊ ၂၀၁၆ ခုနှစ်အတွင်းမှာ နိုင်မွန်ချမ်းဦးဆောင်သည့်အဖွဲ့နှင့် နိုင်လိုန်းနှင့် နိုင်လွန် ဦးဆောင်သည့် လက်နက်ကိုင်အဖွဲ့တို့က ဒေသအခြေပြု မြန်မာ့တပ်မတော်များထံ လက်နက်ချခဲ့ကြသည်။