ထားဝယ်ကမ်းနားလမ်း ဆိုင်ခန်းများ ဖယ်ပေးရန် နောက်ဆုံးအကြိမ် သတိပေးစာထုတ်မည်

0
451

ထားဝယ်ကမ်းနားလမ်းရှိ မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်စီမံခန့်ခွဲခွင့် ရှိသည့်မြေပေါ်တွင် ဆိုင်ခန်းများ ဖယ် ရှားပေးရန် နောက်ဆုံးသတိပေးစာ ထုတ်ပြန်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံးထံမှ သိရသည်။

ဆိပ်ကမ်းအာဏာပိုင်တွင် ယာယီ ငှားရမ်းလုပ်ကိုင်နေသည့် ဆိုင်ခန်းများ ဖယ်ရှားပေးရန် စာနှစ်ကြိမ်ထုတ် အ ကြောင်းကြားထားပြီးဖြစ်သော်လည်း ဖယ်ရှားခြင်း မရှိသေးသည့်အတွက် နောက်ဆုံးအကြိမ်အဖြစ် မြန်မာ့ဆိပ် ကမ်းအာဏာပိုင်ရုံးက စာထုတ်လိမ့် မည်ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးက ဆိုသည်။
” သုံးကြိမ်ပို့ပြီး မထွက်ရင် ဥပဒေ အရ အရေးယူသွားမယ်” ဟု တိုင်း အစိုးရ အဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးသိန်းအောင် က ပြောသည်။

ပထမအကြိမ် ဖယ်ရှားခိုင်းသည့် စာတွင် မတ်လ ၃၁ ရက်အပြီး ဖယ် ရှားပေးရမည်ဟု ထုတ်ပြန်ထားသော် လည်း လုပ်ငန်းများ ပြောင်းရွေ့ရန် အခက်အခဲဖြစ်နေသည့်အတွက် မေလ ၁၅ ရက် နောက်ဆုံးထား ဖယ်ပေးရန် ဧပြီလ ၂၆ ရက်က ဒုတိယအကြိမ် ထပ်မံ အကြောင်းကြားခဲ့သည်။
မကြာမီရက်ပိုင်းအတွင်း သုံးကြိမ် မြောက် စာထုတ်သွားမည်ဖြစ်ပြီး နောက် ဆုံးထားဖယ်ရှားရမည့် အချိန်ကာလ မည်မျှ သတ်မှတ်ပေးမည်ကိုမူ မပြော နိုင် သေးကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာ ပိုင်ရုံး(ထားဝယ်)မှ တာဝန်ခံက ဆိုသည်။

” ထွက်ဆိုတဲ့အချိန်မှာ မထွက်ပေး ဘူးဆိုရင် ကျူးကျော်ပဲ” ဟု အဆိုပါ တာဝန်ခံက ပြောသည်။လက်ရှိ ဖယ်ရှားခိုင်းထားသည့် ဆိုင်ခန်း (သဲ၊ကျောက်လုပ်ငန်း အပါ အဝင်) နေရာများတွင် မည်သည့် လုပ် ငန်းရှင်ကိုမျှ ငှားရမ်းတော့မည် မဟုတ် ကြောင်း ၎င်းက ဆိုသည်။သဲ၊ ကျောက် လုပ်ငန်းရှင်အများ စုတွင် လုပ်ငန်းပြောင်းရွေ့ရန် နေရာ အဆင်သင့်မဖြစ်ကြသေးသည့်အတွက် စက်ယန္တရားနှင့် လှေများ ထားရှိရန် အခက်အခဲရှိလာနိုင်ကြောင်း ကမ်းနား လမ်းတွင် သဲ၊ကျောက် လုပ်ငန်း လုပ် ကိုင်နေသည့် ဦးကောင်းဆုက ပြောသည်။

” တိုင်းအစိုးရ အတွင်းရေးမှူး ပြော ထားသလို မြေနေရာ အစားရမယ်ဆိုရင် အဆင်ပြေသွားနိုင်တယ်လို့ မျှော်လင့် နေကြတယ်” ဟု ဦးကောင်းဆုက ဆိုသည်။ကမ်းနားလမ်းတစ်လျှောက် ဆိပ် ကမ်းအာဏာပိုင်စီမံခွင့်ရှိသည့် မြေနေရာ တွင် လုပ်ငန်းရှင် ၄၄ ဦးဖယ်ရှားပေးရ မည်ဖြစ်ပြီး လုပ်ငန်းရှင် ၁၂ ဦးပိုင်ဆိုင် သည့် ဆိပ်ခံတံတား ၁၃ စီးကိုမူ ဆက် လက် ငှားရမ်းထားကြောင်း မြန်မာ့ဆိပ် ကမ်းအာဏာပိုင်ရုံး(ထားဝယ်)ထံမှ သိရ သည်။