အငြင်းပွား လယ်ယာမြေကိစ္စ တိုင်ကြားစာ ကော်မတီစစ်ဆေးမည်ဟု တနင်္သာရီလွှတ်တော်ဥက္ကဋ္ဌပြော

0
465

ထားဝယ်မြို့ရှိ အငြင်းပွားလယ်ယာ မြေကိစ္စများကို တိုင်းဒေသကြီးလွှတ် တော်၏ တိုင်ကြားစာကော်မတီက အခြေအနေအမှန်ကို အမြန်ဆုံးစုံစမ်း သွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက ပြော ကြားသည်။

မေလ ၁၃ ရက်နှင့် ၁၄ ရက်က ကမြောကင်းတံတားအနီး လယ်ယာမြေ ပေါ်တွင် လုပ်ပိုင်ခွင့်ရထားသည် ဆိုသည့် DDPC ကုမ္ပဏီက မြေဖို့သည်ကို မူလ ပိုင်ရှင်ဆိုသည့် လယ်သမားများက တားဆီးရာမှာ နှစ်ဖက် ထိပ်တိုက်တွေ့ မှုရှိခဲ့သည့်အပေါ် လွှတ်တော်ဥက္ကဋ္ဌက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ် သည်။
” ကုမ္ပဏီ ဂရန်ရရှိနေတဲ့ကိစ္စကို ဂရန်ကိုစည်းမျဉ်းစည်းကမ်းများနှင့် အညီ မြေယာဥပဒေများနှင့်အညီရရှိ ခြင်းဖြစ်၊ မဖြစ်ဆိုတာ စုံစမ်းအဖြေရှာ မယ်၊ ပြီးမှ ညှိနှိုင်းပြီး အဖြေရှာမယ်” ဟု တိုင်းလွှတ်တော် ဥက္ကဋ္ဌဦးခင်မောင် အေးက ပြောသည်။

ပြည်သူ့အစိုးရ လက်ထက်တွင် အငြင်းပွား လယ်ယာမြေပေါ်၌ ကုမ္ပဏီ နှင့် ဌာနဆိုင်ရာက အဓမ္မ မြေဖို့နေခြင်းမှာ ရုပ်ဆိုးလှသည့်အတွက် တိုင်ကြားစာ ကော်မတီအနေဖြင့် ဘက်လိုက်ခြင်းမရှိ ဘဲ အခြေအနေအမှန်ကို စုံစမ်းသွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌက ဆိုသည်။
ထားဝယ်မြို့၊ ကမြောကင်းလမ်း အနီးရှိ လယ်ယာမြေများပေါ်တွင် လုပ် ကိုင်ခွင့်ရရှိထားသည့် ကုမ္ပဏီများ၊ ရုံး အဆောက်အအုံများ ဆောက်လုပ်ခွင့်ရ ထားသည့် ဌာနများနှင့် မူလပိုင်ရှင်ဆို သည့် လယ်သမားများအကြားထိပ် တိုက်တွေ့မှုများ မကြာခဏ ဖြစ်ပေါ် လျက်ရှိသည်။

ယင်းကိစ္စများမှာ မျက်ကွယ်ပြုရ မည့်ကိစ္စမဟုတ်ဘဲ ဖြေရှင်းရမည့် ကိစ္စ ဖြစ်ပြီး ဖြေရှင်းပုံနည်းလမ်း မှန်ရန်လို အပ်သည်ဟု ဦးခင်မောင်အေးက ပြော သည်။
လက်ရှိ အငြင်းပွားနေသည့် အချိန် အဓမ္မမြေဖို့နေခြင်းမျိုးကို ပြည်သူ့အစိုး ရလက်ထက်တွင် ဆက်မလုပ်ဘဲ ရပ် ထားစေလိုကြောင်း ၎င်းက ဆိုသည်။
ထားဝယ်ဒေသ အခြေခံအဆောက် အအုံများအတွက် လိုအပ်သည့် မြေနေ ရာမှာ လယ်မြေသာ ရှိနေသည့်အတွက် လယ်သမားများဘက်ကလည်း အတင်း အကြပ်မဟုတ်ဘဲ သဘာဝကျကျ တုံ့ပြန် စေချင်ကြောင်း တိုင်းလွှတ်တော် ဥက္ကဋ္ဌ က ပြောသည်။မေလ ၁၅ ရက် နေ့လယ်ပိုင်းတွင် လယ်ယာသိမ်းဆည်းခံ လယ်သမားများ က တိုင်းအစိုးရအဖွဲ့ထံ သွားရောက်တွေ့ ဆုံခဲ့ကြပြီး ဝန်ကြီးချုပ်အပါအဝင် အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ ခရီးလွန်နေသည့် အတွက် တွေ့ဆုံခွင့်မရခဲ့ပေ။

ယင်းကြောင့် လယ်သမားများသည် တိုင်းလွှတ်တော်ဥက္ကဌနှင့် သွားရောက် တွေ့ဆုံခဲ့ကြသည်။ပြည်သူများ၏ အခက်အခဲကို အမြန်ဆုံးဖြေရှင်းပေးရန် သွားရောက် တောင်းဆိုခြင်းဖြစ်ကြောင်း တိုင်းလွှတ် တော်ဥက္ကဋ္ဌနှင့် တွေ့ဆုံခဲ့သည့် လယ် သမား ဒေါ်ရီရီထွေးက ဆိုသည်။” တရားမျှတမှုကို ပြုလုပ်ပေးနိုင် ဖို့အတွက် လောလောဆယ် ပြဿနာကို မဖြေရှင်းပေးနိုင်ရင်တောင်မှ အခုလို မျိုး လာရောက် အကြမ်းဖက်လုပ်ကိုင် နေ ခြင်းကို ခဏရပ်ဆိုင်းထားပေးဖို့ လာ ရောက် တောင်းဆိုခြင်း ဖြစ်ပါတယ်ရှင်” ဟု ဒေါ်ရီရီထွေးက ပြောသည်။

မေလ ၁၃ ရက်က အငြင်းပွား လယ်မြေပေါ်တွင် မြေဖို့နေသည့် ကုမ္ပဏီ ပိုင်ကားမှန်ကို ခဲဖြင့်ထု၊ လေးခွဖြင့် ပစ်သည်ဟုဆိုကာ လယ်သမားများကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ယခင်ကတိုင် ကြားထားသည့် အမှုနှစ်ခုအတွက်ပါ ဖမ်းဆီးစစ်ဆေးခဲ့သည်။