မွန်တွင် ရွာအထိဆင်းပြီး မိုးစပါး ချေးငွေထုတ်ချေးမည်

0
661

မွန်ပြည်နယ် ၁၀ မြို့နယ်ရှိ မိုးစပါး စိုက် တောင်သူများအတွက် မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ် မော်လမြိုင် ဘဏ်ခွဲမှ စိုက်ပျိုး စရိတ်ချေးငွေများကို ကျေးရွာများ အထိဆင်းပြီး မေလ ၂၃ ရက်တွင် မြို့နယ်အလိုက် စတင်ထုတ် ချေးပေးမည်ဖြစ်သည်။

၂၀၁၇ ခုနှစ်အတွက် တစ်ဧကတစ် သိန်းခွဲနှုန်းဖြင့် မိုးစပါးစိုက်ဧက ၃ သိန်း ကျော် (၃၀၉၉၃၉)အတွက် ငွေကျပ် ၄၆၄၉၀ ဒသမ ၈၅ သန်း ထုတ်ချေး ပေးရန် လျာထားသည်ဟု မွန်ပြည်နယ် မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ် ပြည်နယ် မန်နေဂျာ ဦးခင်မောင်စိုးက ပြောသည်။” ဒီနှစ်မှာ ချေးငွေတွေကို ရွာအထိ ဆင်းပြီး လိုက်ချေးပေးမယ်၊ အရင်နှစ် တွေကရုံးမှာပဲ ထုတ်ချေးပေးတယ်၊ မွန်ပြည်နယ်မှာ မိုးစပါးချေးငွေ အကြွေး ကျန်တဲ့သူမရှိဘူး” ဟု ၎င်းက ပြောသည်။

ချေးငွေထုတ်ချေးသည့်ကာလမှာ စက်တင်ဘာလထိ ဖြစ်ကြောင်း ပြည် နယ်မန်နေဂျာ ဦးခင်မောင်စိုးက ပြောသည်။ယခုနှစ်တွင်လည်း မိုးစပါး စိုက် ပျိုးချေးငွေအတိုးနှုန်းကို ယမန်နှစ်က အတိုင်း ၈ ရာခိုင်နှုန်း ကောက်ခံသွား မည်ဟု ၎င်းက ပြောသည်။” ဒီ့ထက် ပိုချေးပေးစေချင်တာပေါ့၊ ပြောရမယ်ဆိုရင် တစ်ဧက ၁ သိန်းခွဲက မလောက်ပါဘူး။ ဒါပေမယ့် တစ်ပြားမှ မရတာထက် စာရင် နဲနဲတော့ကာမိတာ ပေါ့လေ။ နှစ်တိုင်းချေးတယ် ကျွန်တာ် တို့က အချိန်မီလဲပြန်ဆပ်တယ် ” ဟု ကျိုက်မရောမြို့နယ်မှ အသက် ၅၀ အရွယ် လယ်ပိုင်ရှင်တစ်ဦးက ပြောသည်။

မွန်ပြည်နယ်အတွက် စိုက်ပျိုးစ ရိတ်ချေးငွေ ပြန်ဆပ်ရမည့်နေ့ရက်အချိန် အတိအကျသတ်မှတ်ထားခြင်း မရှိသော် လည်း ယင်း ချေးငွေကို မိုးစပါးပေါ်ပြီး ရိတ်သိမ်းရောင်းချပြီးသည့်အချိန်တွင် ပြန်ဆပ်ရန် သတ်မှတ်ထားသည်ဟု မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မော်လမြိုင် ဘဏ်ခွဲမှ သိရသည်။