ဆန်းမီနေရာ အစားထိုးမည့် ခွေးတစ်ကောင် ထပ်ဝယ်မည်

0
479

သေဆုံးခဲ့သည့် ဆန်းမီ၏ နေရာတွင် အစားထိုးနိုင်ရန် ခွေးတစ်ကောင်ကို မကြာမီဝယ်ယူမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက ပြောသည်။
အသက် ၁ နှစ်ကျော် အရွယ်ရှိ အယ်ဇေးရှင်းမျိုးဝင် ခွေးတစ်ကောင်ကို ရက်ပိုင်း အတွင်း ဝယ်ယူမည်ဖြစ်ပြီး သင်တန်း တက်ရောက်စေမည်ဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့ မှူးက ဆိုသည်။

” ဟိုရောက်မှပဲ ခွဲရလိမ့်မယ်ထင်တယ်၊ မူးယစ်ဆေးနဲ့ မိုင်းနဲ့ကို ခွေးအပေါ်မူ တည်ပြီး ခွဲသွားတာရှိတယ်” ဟု တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးက ပြောသည်။
မိုင်း(သို့မဟုတ်) မူးယစ်ဆေး ရှာဖွေသည့် ခွေးများကိုရန်ကုန်မြို့တွင် သင်တန်း ၆ လကြာ သင်ကြားပေးကြောင်း သိရသည်။
ထားဝယ်တွင် ခွေးတစ်ကောင်ရှိ ထားသော်လည်း အသက်ငယ်သဖြင့် သင်တန်း တက်ရောက်နိုင်ခြင်း မရှိသေးပေ။