အစိုးရအဖွဲ့ကို မီဒီယာတိုက်ခိုက်နေဟု တိုင်းဝန်ကြီးချုပ်ပြော

0
421

ဒေသ တိုးတက်ရာ တိုးတက် ကြောင်းအလုပ် မလုပ်သည့် တိုင်းအစိုးရ အဖွဲ့ဟု မီဒီယာများက တိုက်ခိုက်နေ ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောကြားသည်။ထားဝယ်မြို့ ဇေယျာထက်စံ ဟို တယ်တွင် မေလ ၆ ရက်က ပြုလုပ်သည့် လူငယ်၊ အလုပ်အကိုင်နှင့် စီးပွားရေး အခွင့်အလမ်းအတွက် ” သမုဒ္ဒရာ ဝမ်း တစ်ထွာ” အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်း အနား မိန့်ခွန်း ပြောကြားရာတွင် ယင်း ကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။

” ကျွန်မတို့ အစိုးရအဖွဲ့ကို မီဒီယာ ကလည်း တိုက်ခိုက်ပါတယ်၊ ဘာမှမလုပ် တဲ့ အစိုးရအဖွဲ့၊ဒေသအတွက် တိုးတက် အောင် ဘာမှမလုပ်ဘူးဆိုပြီး” ဟု ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောသည်။လက်ရှိ ကြိုးစားလုပ်ဆောင်နေ သည့် အလုပ်များမှာ ၁ နှစ်အတွင်း အကောင်အထည် မပေါ်နိုင်သေးဟု ၎င်းက ဆိုသည်။နှစ်ပေါင်း ၅၀ ကျော် စုပြုံထားသည့် အမှိုက်ပုံကို ရှင်းနေရပြီး နိုင်ငံတိုးတက် ရန် လိုအပ်ချက် များပြားနေသည့်အတွက် အားမလို အားမရဖြစ်သည်ကို လက်ခံ ကာ အပြစ်မယူဟု တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆိုသည်။

” မီဒီယာတွေကို ဘာပြောချင်လဲ ဆိုတော့ သည်းခံနိုင်တဲ့ အတိုင်းအတာဆို သည်းခံမယ်။ မသည်းခံနိုင်တဲ့အတိုင်း အတာရောက်လို့ရှိရင်တော့ လုပ်သင့်တာ လုပ်မှာပဲ” ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဦးမြင့်စန်းက ပြော သည်။ထားဝယ်မြို့၊ မြို့တော်ခန်းမတွင် မေလ ၁၂ ရက်ကနေ့က ပြုလုပ်သည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ထားဝယ်ခရိုင် အတွင်းရှိ ရပ်^ကျေး အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံပွဲ၌ အထက်ပါအတိုင်း ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်က ဝေဖန် ထောက်ပြ ခြင်းကိစ္စကို ပြောလိုသော်လည်း စကား လုံး အသုံးအနှုန်းလွဲသွားသည်ဟု ထင် ကြောင်း ” သမုဒ္ဒရာ ဝမ်း တစ်ထွာ” ပွဲကို ကိုယ်တိုင်တက်ရောက်သည့် စီးပွားရေး၊ စီမံခန့်ခွဲရေးနှင့် ပတ်သက်ပြီး ဆောင်းပါး အမြဲရေးလေ့ရှိသူ ခင်မောင်ညို (ဘောဂဗေဒ) က ဆိုသည်။
” အသုံးအနှုန်း လွဲတာနဲ့တူပါတယ် အမှန်ကတော့ ဝေဖန်တာထောက်ပြတာ လို့ပြောချင်တာပေါ့လေ။ သူက စကား လုံးအသုံးအနှုန်းလွဲတာထင်ပါတယ်” င်မောင်ညို(ဘောဂဗေဒ) က ပြောသည်။

မီဒီယာများ ထိုင်ပြီးအပြစ်ပြောနေ ပါက အချိန်ကုန်ပြီး အကျိုးလည်းမရှိ သည့်အတွက် အစိုးရအဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်မှုကိုလိုအပ်ကြောင်း ဒေါက် တာ လဲ့လဲ့မော်က ဆိုသည်။စာနယ်ဇင်းနှင့် ကင်းကွာသည်ဟု ထင်ပြီး စာနယ်ဇင်း၏ အခန်းကဏ္ဍကို သဘောမပေါက်ခြင်းဖြစ်နိုင်ကြောင်း ခင်မောင်ညို(ဘောဂဗေဒ) က သုံးသပ်သည်။မေလ ၁၂ ရက်က ကျင်းပသည့် တိုင်းအစိုးရအဖွဲ့နှင့် ရပ် /ကျေးအုပ်ချုပ် ရေးမှူးများ တွေ့ဆုံပွဲတွင်လည်း တိုင်း အစိုးရအဖွဲ့မှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးကလည်း မီဒီယာ များအား သတိပေးခဲ့သည်။

သီအိုရီအရ မဏ္ဍိုင် ၃ ရပ်ကို မီဒီယာက စောင့်ကြည့် ဝေဖန်ရေးသား နေခြင်းဖြစ်ပြီးတိုက်ခိုက်သည်ဟု ယူဆ ၍မရဘဲ တိုင်းပြည်အတွက် မီဒီယာ တာဝန်ကို ထမ်းဆောင်နေခြင်းသာဖြစ် ကြောင်း မြန်မာသတင်း သိပ္ပံကျောင်းမှ သတင်းစာပညာသင်ကြားသည့် သင် တန်းဆရာ ဦးဇော်ထိုက်က ဆိုသည်။
” မီဒီယာက အစိုးရကို ဝေဖန်တယ် ဆိုတာ ဒါကိုယ့်အလုပ်ကို လုပ်တာပဲ၊ ဝေဖန်တယ်ဆိုတာ မီဒီယာရဲ့ ဝေဖန်မှု ဟာ အဲဒီအစိုးရကို မုန်းလို့ မလိုမုန်းထား လို့ လုပ်နေတာ မဟုတ်ဘူး” ဟု ဆရာ ဦးဇော်ထိုက်က ပြောသည်။

မီဒီယာ၏ တာဝန်မှာ မဏ္ဍိုင် ၃ ရပ်နှင့် ပြည်သူအကြား သတင်းအချက် အလက် ပေးခြင်းနှင့် စောင့်ကြည့်ခြင်း တာဝန်ထမ်းဆောင် ခြင်းသာဖြစ်ကြောင်း ၎င်းက ဆိုသည်။

သတင်းမီဒီယာသမားများသည် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီ ရင်ရေးဆိုင်ရာတို့၏ လုပ်ငန်း ဆောင် ရွက်မှုများကိုဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့်အညီ လွတ်လပ်စွာ ဝေဖန်၊ ထောက် ပြ၊ အကြံပြု ရေးသား ခွင့်ရှိသည်ဟု သတင်းမီဒီယာဥပဒေတွင် ဖော်ပြထား သည်။