အငွေ့ပျံနေသော အမိန့်၊ ညွှန်ကြားချက်များ

0
353

အစိုးရဌာနဆိုင်ရာများ၏ အမိန့် ညွှန်ကြားချက်များ အငွေ့ပြန်လျက် ရှိ သည်။အမိန့်နှင့် ညွှန်ကြားချက်များကို ဖောဖောသီသီထုတ်ပြန်သော်လည်း ထိ ရောက်စွာ အရေးယူဆောင်ရွက်မှု အား နည်းခြင်းကြောင့် ယင်းအမိန့်၊ ညွှန် ကြားချက်အများစုမှာ သည် အငွေ့ပျံ ပျောက်ကွယ်သွားသလောဟု ပြည်သူ များ မေးခွန်းထုတ်လာကြသည်။

” သဲကျောက်တင်ကားများ လမ်း ပေါ် ဖိတ်စင်က အရေးယူတော့မည်” ၊ ” ကွမ်းစားဆေးများအမှန်တကယ်ဖမ်းတော့မည်” ၊ “ထောက်ခံချက်မဲ့ ရေသန့်ထုတ် လုပ်ရောင်းချသူများကို အရေးယူမည်” စသဖြင့် အမိန့်၊ ညွှန်ကြားချက်များကို သက်ဆိုင်ရာ ဌာနများက ထုတ်ပြန်ထား သည်။
သို့သော်လည်း ယင်းသို့သော အမိန့်၊ ညွှန်ကြားချက်အများစုမှာ ထုတ် ပြန်ထားသည့်အတိုင်း အရေးယူမှု မရှိ သည့်အတွက် လိုက်နာမှုမရှိဘဲ ပိုနေမြဲ၊ ကျားနေမြဲအတိုင်းဖြစ်နေသည်။

တာဝန်ရှိသူများက စိစစ်အရေး ယူမည်ဟု ပြောဆိုထားသည့် ကိစ္စအများ စုတွင် အားရကျေနပ်ဖွယ် ထူးထူး ခြား ခြား လုပ်ဆောင် ချက်မျိုးကို မတွေ့ရ ကြောင်း ထားဝယ်မြို့ ကြက်စားပြင်ရပ် ကွက်မှ ဦးလှသိန်းက ဆိုသည်။” မလုပ်နိုင်ရင် မပြောစေချင်ဘူး၊ ပြောပြီးရင်လည်း ဖြစ်အောင် လုပ်စေချင် တယ်” ဟု ဦးလှသိန်းက ပြောသည်။ဌာနဆိုင်ရာများကကိုင်တွယ် ဆောင်ရွက်မည်ဟုထုတ်ပြန်ပြီး လက် တွေ့အကောင်အထည်ဖော်မှု ရှိ၊မရှိ ကို တိုင်းအစိုးရအနေဖြင့် စောင့်ကြည့်ပြီး ဖိအားပေးသင့်ကြောင်း ၎င်းက ဆိုသည်။

ထုတ်ပြန်ထားသည့် ညွှန်ကြား ချက်များကို ထိထိရောက်ရောက် မကိုင် တွယ်ပါက ရေရှည်တွင် ပြည်သူများ၏ ယုံကြည်မှု ကျဆင်းလာကာ ကိုင်တွယ်ရ ခက်ခဲလာနိုင်ကြောင်း ထားဝယ်မြို့ ဝဲကျွန်းထိန်းဟောင်းရပ်ကွက်မှ ဦးဇော် မိုးက ထောက်ပြသည်။တိုင်းဒေသကြီး အစားအသောက် နှင့် ဆေးဝါးကြီးကြပ်ရေးကော်မတီက တရားမဝင် ရေသန့် ထုတ်လုပ်ရောင်းချ သူများကို ဖေဖော်ဝါရီလတွင် စိစစ် အရေး ယူသွားမည်ဟု ပြောဆိုထားပြီး လက်ရှိ အချိန်ထိ အရေးယူမှု တစ်စုံတစ်ရာ မတွေ့ ရသေးကြောင်း ဦးဇော်မိုးက ဆိုသည်။

“ဈေးကွက်ထဲမှာရှိနေတဲ့ တရားဝင် ရေသန့်စာရင်းကို အများသိအောင် ကျယ် ကျယ်ပြန့်ပြန့် ထုတ်ပြန်ပေးသင့်တယ်” ဟု ဦးဇော်မိုးက အကြံပြုသည်။
ယင်းကဲ့သို့ ထုတ်ပြန်ပေးမှသာ ပြည်သူများက ခွဲခြားပြီး ဝယ်ယူသောက် သုံးနိုင်မည်ဖြစ်ကြောင်း၎င်းကဆို သည်။တရားမဝင်ရေသန့် အပါအဝင် ကွမ်းစားဆေး၊ ထောက်ခံချက်မရှိသည့် ငရုတ်သီးမှုန့်နှင့်သတ်မှတ် ထုပ်ပိုးပုံစံ မညီသည့် အစားအသောက် ပစ္စည်းများ ကို အချိန်ကာလအလိုက် စိစစ် အရေးယူ သွားမည်ဟု တိုင်းဒေသကြီး အစား အသောက်နှင့် ဆေးဝါးကြီး ကြပ်ရေး ကော်မတီက ထုတ်ပြန်ထားသည်။

တိုင်းဒေသကြီး အစားအသောက် နှင့်ဆေးဝါးကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌကမူ အရေးယူခြင်းမျိုးကို မလုပ်လို သည့်အတွက် လုပ်ငန်းရှင်များက ပူး ပေါင်းဆောင်ရွက်မှုကို မျှော်လင့်ပြီး အချိန်ကာလ တစ်ခုအထိ စောင့်ဆိုင်းနေခြင်းသာဖြစ်ကြောင်း ပြောဆိုသည်။ “စောင့်တယ်ဆိုတာကလည်း အချိန်ကာလအတိုင်းအတာ တစ်ခုအထိပဲ ဖြစ်နိုင်တယ်၊ အနှေးနှင့် အမြန်တော့ စိစစ်သွားမှာပါ” ဟု အဆိုပါ ကော်မတီ ဥက္ကဋ္ဌက ပြောသည်။

ကွမ်းစားဆေးနှင့် တရားမဝင်ရေ သန့် ရောင်းချနေမှုများနှင့် ပတ်သက်၍ နောက်ဆုံးအကြိမ် သတိပေးခြင်းကို လှုပ်ရှားမှု အသွင်ဖြင့် နောက်ထပ်ပြု လုပ်သွားမည်ဖြစ်ပြီး သတိပေးပြီးချိန်မှ ၁ လပြည့်ချိန်တွင် ဖမ်းဆီးတော့မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။ထို့အတူ တာလပတ်အုပ်ထားခြင်း မရှိသည့် စည်းကမ်းမဲ့ မြေသယ်ယာဉ် များကို လမ်းမကြီးများ ဥပဒေအရ အရေးယူတော့မည်ဟု ပြောဆိုထားသော် လည်း လက်ရှိအချိန် မြေသယ်ယာဉ် အများစုမြေသယ်ဆောင်ရာတွင် တာလပတ်ဖုံးအုပ်ထားသည်ကို မတွေ့ရ ဟု ထားဝယ်မြို့ခံအချို့က ဆိုသည်။

” လုပ်ဆောင်မှု အားနည်းတော့ အမိန့်ထုတ်ပြီးရင် ပြီးသွားလိုက်၊ ပြန် ထုတ်လိုက်နဲ့ ဖြစ်နေတာမျိုး တွေ့တယ်” ဟု ထားဝယ်မြို့နေ ကိုဟိန်းအာကာက ပြောသည်။မြေသယ်ယာဉ်မောင်း သူများ ကလည်း ပြည်သူဖြစ်သည့်အတွက် ပြည် သူအချင်းချင်း နားလည်စာနာမှု နှင့် လမ်းပေါ်မြေကြီး မဖိတ်စင်ရန် ပူးပေါင်း ပါဝင်လာမှသာ ပိုမိုအဆင်ပြေ လာမည် ဖြစ်ကြောင်း လမ်းဦးစီးဌာန တိုင်းဒေသ ကြီးဦးစီးမှူးက ဆိုသည်။

” သူတို့ကို ကြီးကြပ်ပြီး စောင့်ဖမ်း တာမျိုးလုပ်ဖို့ကျတော့ ဝန်ထမ်းအင်အား မရှိတဲ့အတွက်တော့ နည်းနည်းလေး တော့ အခက်အခဲလေး တော့ရှိတယ်” ဟု လမ်းဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းမင်းထွဋ်က ပြောသည်။မြေသယ်ယာဉ်များကို ယာဉ်လိုင် စင်၊ ယာဉ်မောင်းလိုင်စင်နှင့် နံပတ်ပြား တပ်ဆင်ထားမှု မရှိခြင်း အစရှိသည့် စည်းကမ်းပျက် ယာဉ်များကို ဖမ်းဆီးနေ ပြီး ယခုမေလအတွင်း ၂၅ စီးခန့်ကို ဖမ်း ဆီးအရေးယူ ခဲ့ပြီးဖြစ်ကြောင်း အမှတ် (၁၁)ယာဉ်ထိန်းရဲ ဒုတိယတပ်ဖွဲ့ ခွဲမှူး ရုံး (တနင်္သာရီ) မှ ဒုတပ်ဖွဲ့ခွဲမှူးက ဆိုသည်။

” သက်ဆိုင်တဲ့ ဌာနတွေကလည်း ပူးပေါင်းပါဝင်စေချင်တယ်” ဟု ဒုတပ်ဖွဲ့ ခွဲမှူး ဒုရဲမှူးကိုကိုက ပြောသည်။မြိတ်တွင်လည်း အရေးယူမည်ဟု ပြောထားသည့် စည်းကမ်းမဲ့ မြေ သဲ ကျောက်တင်ကားများကို ဖမ်းဆီးအရေး ယူမှုအပိုင်းတွင် အားနည်းမှုများရှိနေ ကြောင်းမြို့ခံတစ်ချို့က ထောက်ပြ ပြောဆိုသည်။
“စည်းကမ်းမဲ့မောင်းနေတာတွေ ရှိနေသေးတယ်” ဟု မြိတ်မြို့ရှိ၊ မြို့သစ် ရပ်နေ အသက် ၄၀ ရှိ အမျိုးသားတစ်ဦးက ပြောသည်။

အရေးယူရန်အတွက် အတိုင်း အတာတစ်ခုအထိ အချိန်ပေးရန်လိုအပ် သည်ဟု မြိတ်မြို့နယ်စည်ပင်ကော်မတီ ဥက္ကဋ္ဌဦးမြတ်ကိုကိုက ပြောသည်။
“ပထမအဆင့်အနေနဲ့ ပညာပေး သတိပေးတာတွေနဲ့ သွားမယ်။ ဟွန်းတီး မယ် ဘရိတ်နင်းမယ်ပေါ့ ဒါမှမလွတ် သေးရင် တိုက်မယ်။ ဥပဒေအတိုင်း ကျွန်တော့်အလုပ် ကျွန်တော်လုပ်နေပါ တယ်” ဟု ဦးမြတ်ကိုကိုက ပြေပြသည်။ကောသောင်းမြို့တွင်လည်း ကမ်း နားလမ်းပိတ်ဆို့မှုကို ဖြေရှင်းပေးမည်ဟု စည်ပင်သာယာရေးအဖွဲ့မှ အကြိမ်ကြိမ် ပြောဆိုထား သော်လည်း လက်ရှိအချိန် အထိ ထူးခြားခြင်းမရှိဟု မြို့ခံအချို့က ဆိုသည်။

” မနက်ပိုင်းဆိုအဲလမ်း ဘယ်တော့ မှ မသွားဘူး စိတ်ညစ်လွန်းလို့။ အဲလမ်း က တကယ့်ကို စနစ်တကျ လုပ်သင့်နေ ပြီ” ဟု ရွှေဟင်္သာရပ်ကွက်နေ ဦးစိုးမိုးက ပြောသည်။မေလ ၁၂ ရက်က ကမ်းနားလမ်း ယာဉ်ကြောပိတ်ဆို့မှုကို ယာဉ်ထိန်းရဲ တပ်ဖွဲ့နှင့် ပူးပေါင်းရှင်းလင်း ခဲ့သည်ဟု ကော့သောင်းမြို့ နယ်စည်ပင်သာယာ အဖွဲ့ အမှုဆောင်အရာရှိ ဦးဘဂွမ်က ပြောသည်။

“နေ့တိုင်းမလုပ်နိုင်ဘူးဆိုတာက တခြားလုပ်ငန်းတွေလည်း လုပ်နေ ရတယ် ဆောင်ရွက်စရာရှိတာတွေလည်း လုပ်နေရတယ် ဒါကြောင့် နေ့တိုင်းမလုပ် နိုင်ပေမဲ့ တစ်ပတ်တခါတော့ လုပ်သွား မယ်” ဟု ဦးဘဂွမ်က ဆိုသည်။ အမိန့်၊ ညွှန်ကြားချက်များကို ထုတ်ပြန်သည့်ဌာနက ထိထိရောက် ရောက်မကိုင်တွယ်ကြောင်း ပြည်သူများ က ဝေဖန်နေသည့် တစ်ဖက်တွင် ဌာန ဆိုင်ရာများကမူ ၎င်းတို့အနေဖြင့် လုပ် ဆောင်နေသည်၊ လုပ်ဆောင်သွားမည်ဟု တုံ့ပြန်ပြောဆိုကြားကြသည်။
” လုပ်မယ် လုပ်မယ် ဆိုတာက မလုပ်ချင်လို့ ပေးတဲ့ ဆင်ခြေပါ” ဟု ကော့သောင်းမြို့နယ်၊ အေးမြကန်သာရပ် ကွက်နေ အသက် ၅၀ အရွယ် အမျိုး သားတစ်ဦးက မှတ်ချက်ပြုသည်။