ဖုန်းလိုင်းကြိုးမြှုပ်ခြင်းကြောင့် လမ်းပျက်စီးမှု ပြန်လုပ်ပေးရန် ညွှန်ကြားထား ဟုဆို

0
459

လမ်းမနံဘေးတွင် မြောင်းတူးကာ ဖုန်းလိုင်းကြိုးများ မြုပ်နှံခြင်းကြောင့် လမ်းပခုံးသားနှင့် ပလက်ဖောင်းပျက်စီး မှုများကို ပြန်လည်ပြုလုပ်ပေးရန် ညွှန် ကြားထားကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

ဖုန်းအော်ပရေတာများ၏ မြေ အောက်တွင် ဖုန်းကြိုးမြှုပ်နှံခြင်းကို တိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုချက် ဖြင့် လုပ်ဆောင်နေခြင်း ဖြစ်ပြီး လမ်းနှင့် ပလက်ဖောင်းများ မပျက်စီးစေရန် နှင့် ပျက်စီးပါက အကောင်းအတိုင်း ပြုပြင် ပေးရန် ကုမ္ပဏီများကို ညွှန်ကြားထား ကြောင်း မြို့နယ်စည်ပင်အဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ဆိုသည်။

” လက်ရှိကတော့ မြေတော့ဖုံးထား ပေးပေမဲ့ မိုးရွာလို့ ပြန်ပျက်စီးသွားတာ တွေကို ပြန်လုပ်ပေးဖို့ ညွှန်ကြားထား တယ်” ဟု မြို့နယ်စည်ပင်မှ အဆိုပါ တာဝန်ရှိသူက ပြောသည်။လက်ရှိ ထားဝယ်မြို့တွင် ဖုန်း အော်ပရေတာကုမ္ပဏီ အချို့က မြေ အောက်ကေဘယ်လိုင်းများ လုပ်ဆောင် ပြီး စည်းကမ်းမဲ့ လုပ်ဆောင်မှုများကြောင့် လမ်းပခုံးသား မြေကျွံမှုများ ဖြစ်လျက် ရှိသည်။

မြေအောက် ကေဘယ်လ်လိုင်း အတွက် တူးဖော်ပြီး လုပ်ငန်းပြီးစီးချိန် တွင် လမ်းပခုံးသား မူလအတိုင်းပြန် ဖြစ်စေရန် လမ်းကြိတ်စက်ဖြင့် ပြန်နင်း ပေးသင့်ကြောင်း ထားဝယ်မြို့၊ ဆန်းချီ ရပ်ကွက်နေ ဦးတင်စိုးဝေက ဆိုသည်။” စက်ဘီး ဆိုင်ကယ်တွေက ကား လာရင် ရှောင်ဖို့ခက်တယ်၊ မိုးရွာတဲ့အခါ မျိုးမှာ မြေကဗွက်ထ ပျော့အိသွား တော့ ဘီးချော်တာမျိုး နစ်တာမျိုး ဖြစ်နိုင်တာ ပေါ့” ဟု ဦးတင်စိုးဝေ ကပြောသည်။

မြေအောက် ကေဘယ်လ်ကြိုးများ လုပ်ဆောင်ရာတွင် လမ်းနံဘေးပျက်စီးမှု များအား သက်ဆိုင်ရာဌာနများက ကြီး ကြပ်မှု အားနည်းနေသည့်အပေါ် မြို့ခံ များက ဝေဖန်လျက်ရှိသည်။