တိုင်းအစိုးရအဖွဲ့တွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီများကိုသာ တင်ဒါ ဆွဲခွင့်ပြုမည်

0
437

လက်ရှိ ၂၀၁၇-၂၀၁၈ ဘဏ္ဍာ ရေးနှစ် အစိုးရတင်ဒါလုပ်ငန်းများကို တိုင်းဒေသကြီးတည်ဆောက်ရေး လုပ် ငန်းစိစစ်ရေး ကော်မတီ၊ တိုင်းအစိုးရအဖွဲ့ ရုံးတွင် မှတ်ပုံတင်သည့် ကုမ္ပဏီများကို သာ တင်ဒါဆွဲခွင့် ပြုတော့မည်ဖြစ် ကြောင်း တနင်္သာရီတိုင်း အစိုးရအဖွဲ့ရုံး ထံမှ သိရ သည်။

တင်ဒါဆွဲမည့် ကုမ္ပဏီအရေ အ တွက်၊ ကုမ္ပဏီခွဲများကို စိစစ်နိုင်ရန်နှင့် လုပ်ငန်းဆောင်ရွက်ရာတွင် စံချိန်စံညွှန်း နှင့်အညီ ဖြစ်စေရန်အတွက် စိစစ်ကြပ် မတ်နိုင်ရေးအတွက် တိုင်းအစိုးရအဖွဲ့ရုံး တွင် မှတ်ပုံတင်ခိုင်းခြင်း ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးက ပြောကြားသည်။
” အဓိက ကတော့ ကုမ္ပဏီခွဲတွေ စိစစ်နိုင်အောင်ရယ် အရင်သူလုပ်ခဲ့တဲ့ ကုမ္ပဏီရဲ့သမိုင်းကြောင်းကို ပြန်ပြီးတော့ စိစစ်ပြီးတော့ ဒီလုပ်ငန်းကို ဒီကုမ္ပဏီကို ပေးသင့် မပေးသင့် စိစစ်နိုင်အောင်ပါ” ဟု ညွှန်ကြားရေးမှူး ဦးသိန်းအောင်က ဆိုသည်။

မှတ်ပုံတင်ရာတွင် ပြီးခဲ့သည့် ၃ နှစ်တာ လုပ်ဆောင်ခဲ့သည့် မှတ်တမ်း များ၊ ကုမ္ပဏီ၏ အကြောင်းအချက်များ စသည့် အချက်အလက်များကို တင်ပြရ မည်ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးက ပြောသည်။အချို့လုပ်ငန်းများတွင် စက်ယန္တ ရား ပိုင်ဆိုင်မှု ၊အင်ဂျင်နီယာ၊ ငွေကြေး ပိုင်ဆိုင်မှု မပြည့်စုံဘဲ တင်ဒါဆွဲမှုများရှိ နေပြီး လုပ်ငန်းကြန့်ကြာသည့်အတွက် အဖက်ဖက်က စိစစ်နိုင်ရန် မှတ်ပုံတင် ခိုင်းခြင်းဖြစ်ကြောင်း ၎င်းကပြော သည်။
ယင်းကဲ့သို့ မှတ်ပုံတင်ခိုင်းမည် ဆိုပါက အားလုံးပြည့်စုံနေသည့် ကုမ္ပဏီ များက ကြိုဆိုရမည်ဖြစ်ကြောင်း ထား ဝယ်မြို့ အခြေစိုက် ရဲမြတ်ဟိန်း ဆောက် လုပ်ရေးကုမ္ပဏီပိုင်ရှင်က ဆိုသည်။

“တကယ်လုပ်နိုင်တဲ့ ကုမ္ပဏီတွေ ဖြစ်အောင် စစ်နိုင်မယ်ဆိုရင်တော့ ကောင်းတာပေါ့” ဟု ရဲမြတ်ဟိန်း ဆောက် လုပ်ရေးကုမ္ပဏီပိုင်ရှင် ဦးပြည့်ဖြိုးဟိန်း က ပြောသည်။

မေလ ၁၅ ရက်မှစကာ ၂ ပတ် အတွင်း မှတ်ပုံတင်ရန် ကနဦး သတ် မှတ်ထားပြီး တိုင်းဒေသကြီးအတွင်း အခြေစိုက်သည့် ကုမ္ပဏီများအပြင် တိုင်းအတွင်းတင်ဒါဝင်ပြိုင်မည့် မြန်မာ ပြည်အနှံ့က ကုမ္ပဏီများ မှတ်ပုံတင်နိုင် ကြောင်း တိုင်းအစိုးရအဖွဲ့ရုံးထံမှ သိရ သည်။