ကွန်ပျူတာကျောင်းသားများအား နည်းပညာကုမ္ပဏီအချို့ အလုပ်သင်ခေါ်

0
526

ကွန်ပျူတာတက္ကသိုလ်(ထားဝယ်)မှ နောက်ဆုံးနှစ် ကျောင်းသားအချို့ကို ရန်ကုန်အခြေစိုက် နည်းပညာကုမ္ပဏီ အချို့က အလုပ်သင်အဖြစ် ခေါ်ယူထား ကြောင်း ကျောင်းအုပ်ကြီးထံမှ သိရသည်။နောက်ဆုံးနှစ်ကျောင်းသား ၃၀ ဦး ထဲမှ ကျောင်းသား ၇ ဦးကို လုပ်ငန်းခွင် အတွေ့အကြုံရရှိစေရန်အတွက် အလုပ် သင်အဖြစ် ၃ လ ခေါ်ယူခြင်းဖြစ်ပြီး မေလ ပထမအပတ်က ခေါ်ယူခဲ့ ကြောင်း ကွန်ပျူတာတက္ကသိုလ်ကျောင်းအုပ်ကြီး က ပြောသည်။

” ဥပမာကျောင်းသားတစ်ယောက် Networking ကဏ္ဍမှာ ကျွမ်းကျင်နေ တယ်ဆိုပါတော့ ကုမ္ပဏီလိုအပ်ချက်က လည်း Networking ဖြစ်နေတယ်ဆိုရင် အဲဒီကျောင်းသားကိုခေါ်မှာပဲ” ဟု ကျောင်း သားအား ကုမ္ပဏီများက ရွေးချယ်ပုံကို ကျောင်းအုပ်ကြီးက ရှင်းပြသည်။
ကျောင်းသား ၇ ဦးကို ရန်ကုန် အခြေစိုက် နည်းပညာကုမ္ပဏီများဖြစ် သည့် EMG Global Co.,Ltd , Realistic Infotech Group Co.,Ltd, Lantro Vision , Thein Min Com-puter Co,Ltd နှင့် Shwe La Min Nagar Co.,Ltd များက ခေါ်ယူထား ခြင်း ဖြစ်သည်။

” အရင်ကတော့မရှိဘူးပေါ့။ ကျောင်းမ ပြီးခင်မှာ လုပ်ငန်းအတွေ့အကြုံရအောင် လုပ်ဆောင်ပေးတာပါ” ဟု Shwe La Min Nagar Co.Ltd တွင် အလုပ်သင် အဖြစ်ခေါ်ယူခြင်းခံရသည့် ကျောင်းသား တစ်ဦးက ပြောသည်။အလုပ်သင်အဖြစ် ရွေးချယ်ခြင်းမခံ ရသော ကျောင်းသားများအား ရန်ကုန် တက္ကသိုလ် လှိုင်နယ်မြေ MICT Park တွင် ကုမ္ပဏီများမှ ဒါရိုက်တာဖြစ်သူများ၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်က ဆရာများစသည်တို့က တစ်လ သင်တန်း ပေးမည်ဖြစ်ကြောင်း သိရသည်။

နောက်ထပ် ၂ လတွင်မူ မိမိတက် ရောက်နေသော တက္ကသိုလ်ရှိ ဆရာ/ ဆရာမများက ကြီးကြပ်သူအဖြစ်ဆောင် ရွက်ပြီး MICT Park ကပေးလိုက်သည့် အုပ်စုလိုက်ပရောဂျက်များကို လုပ်ဆောင် ရမည် ဖြစ်ကြောင်း သိရသည်။ကျောင်းသားများအား ကျောင်းမ ပြီးမီ လုပ်ငန်းခွင်အတွေ့အကြုံရစေရန် အတွက် မြန်မာနိုင်ငံ ကွန်ပျူတာအသင်း ချုပ်(MCF)မှ တစ်ဆင့် နည်းပညာ ကုမ္ပဏီ များကို ဆက်သွယ်ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။