တရားရုံးများတွင် ဥပဒေရေးရာ ကိစ္စများ လွတ်လပ်စွာ မေးနိုင်ဟုဆို

0
391

တိုင်းအတွင်းရှိ တရားရုံးများတွင် ပြည်သူများ သိလိုသည့် အမှုအကြောင်း နှင့် ဥပဒေရေးရာကိစ္စများကို မေလ ၈ ရက်မှစပြီး လွတ်လပ်စွာ မေးမြန်းနိုင်ပြီ ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်ထံမှ သိရ သည်။

စစ်ဆေးဆဲ အမှုကိစ္စများကို မေး မြန်းရာတွင် အမှု အရည်အသွေး(မည် ကဲ့သို့စီရင်ဆုံးဖြတ်)ကို မေးသည့် မေး ခွန်းမှအပ အမှုစစ်ဆေးမှု ရောက်ရှိသည့် အခြေအနေနှင့် အကြောင်းအရာများကို မေးမြန်းနိုင်ကြောင်း တိုင်းတရားရေး ဦးစီးမှူးက ပြောသည်။”မေးမြန်းတဲ့အပေါ် မူတည်ပြီးတော့ တတ်နိုင်သမျှ အစောဆုံး အကြောင်းပြန် ပေးသွားမယ်” ဟု တိုင်းတရားရေး ဦးစီး မှူး ဒေါ်ပိုက်ပိုက်အေးက ဆိုသည်။

စာဖြင့် မေးမြန်းပါက မေးသူ၏အမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်များကို ဖြည့်စွက်ဖော်ပြပေးရမည်ဖြစ်ပြီး မေး မြန်းချက်များကို သင့်တော်သည့်နည်း ဖြင့် အကြောင်းပြန် ပေးသွားမည်ဖြစ် ကြောင်း တိုင်းတရားရေး ဦးစီးမှူးက ဆိုသည်။လူမှုကွန်ရက်တွင် သိလိုသည့် ကိစ္စရပ်များကို စာဖြင့် မေးခြင်း၊ ဖုန်း ဆက်မေးခြင်းနှင့်တိုင်းတရား လွှတ်တော် ၏ တရားဝင် ဖေ့စ်ဘွတ်စာမျက်နှာ တွင် လည်း မေးမြန်းနိုင်ကြောင်း တိုင်းတရား လွှတ်တော်ထံမှ သိရသည်။

သိလိုသည်များကို ဖုန်း ၀၅၉-၂၃၄၉၉ ၊ ၀၅၉-၂၃၄၉၈ ၊ ၀၅၉-၂၃၈၇၄ ထံကိုလည်း ဆက်သွယ် မေးမြန်းနိုင် ကြောင်း တိုင်းတရားလွှတ်တော်ထံမှ သိရသည်။