ပျက်စီးနေသည်များ ပြင်ပေးရန် မာရမ်းဆေးရုံဆောက် ကုမ္ပဏီသဘောတူ

0
460

ကျပ်သန်း၆၀၀နီးပါးခန့် ကုန်ကျခဲ့ သည့် ကော့သောင်းခရိုင်ရှိ မာရမ်းတိုက် နယ်ဆေးရုံ အဆောက်အအုံရှိ ပျက်စီး ချွတ်ယွင်းနေသည့် နေရာ ၁၂ ခုအား အမြန်ဆုံးပြင်ပေးမည်ဟု ယင်းဆေးရုံကို ဆောက်လုပ်ခဲ့သည့် ယွန်းနဒီ ကုမ္ပဏီက သဘောတူခဲ့ကြောင်း ကုမ္ပဏီ တာဝန် ရှိသူနှင့် ကော့သောင်းခရိုင် ဆေးရုံအုပ် ထံမှ သိရသည်။

အဆိုပါ ဆေးရုံအား သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ လွှဲပြောင်းပေးပြီးနောက် ရေနှင့်အခြား အသေးစားပြုပြင်ရန် လိုအပ်ချက်များအတွက် ကုမ္ပဏီအား ဝေဖန်မှုများ ပေါ်ထွက်လာခဲ့ပြီးနောက် ပြုပြင်ရန် ယင်းသို့ ပြောဆိုလာခြင်း ဖြစ် သည်။

“ဆေးရုံက အရည်သွေးမမီတာ မဟုတ်ပါဘူး၊ ၂၀၁၆ ကတည်းက စာရင်းစစ်ခံခဲ့ပြီး၊ စစ်ဆေးရေးအဖွဲ့တွေ စစ်ပြီးမှ လွှဲပြောင်းပေးခဲ့တာပါ၊ အခု ပျက်ဆီးနေတဲ့ နေရာတွေက တစ်နှစ် လောက်အသုံးမပြုဘဲ ပစ်ထားတာ ကြာ လို့ဖြစ်တာပါ၊ ဒါတွေ အတွက်ကျွန်တော် တို့ကုမ္ပဏီနဲ့ဆရာဝန်ကြီးတော့ ထပ် သွားကြည့်ရှုပြီး ပြန်လည်ပြုပြင်ပေးဖို့ သဘောတူ ထားပါတယ်၊ ရေတွင်းကို တစ်ပတ်အတွင်းပြီးအောင် တူးပေးပြီး ရေရရှိအောင် လုပ်ပေးသွားမှာပါ ” ဟု ယွန်းနဒီကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးတင်မိုးလှိုင်က ပြောသည်။

ရေ၊ လျှပ်စစ်မီးနှင့် အဆောက် အအုံ၏ အရည်အသွေး မပြည့်မီမှုအချို့ ရှိပြီး သောက်သုံးရေ ပြဿနာက အဓိက အခက်အခဲဖြစ်နေသည်ဟု မာရမ်းတိုက် နယ်ဆေးရုံ တာဝန်ခံထံမှ သိရသည်။

” ကျွန်တော်က အခုမှ ပြောင်းလာ တာ တစ်လကျော်ပဲရှိသေးတယ်၊ ရေ လှောင်ကန်တွေ စိမ့်ဆင်းနေတယ်၊ ရေ တွင်းရှိပြီး ရေမရဘူး၊ ရေပိုက်ဆက်သွယ် ထားတာတွေကလဲ မသေချာဘူး၊ မယုံ ရင်ကိုယ်တိုင်လာ ဆင်းကြည့်နိုင်ပါ တယ်” ဟု မာရမ်းတိုက်နယ်ဆေးရုံ တာ ဝန်ခံဒေါက်တာဘိုဘိုမင်းက ဆိုသည်။
အဆိုပါဆေးရုံအား၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် စတင်တည်ဆောက် ခဲ့ပြီး ၂၈.၃.၂၀၁၆ ခုနှစ်က ကုမ္ပဏီမှ သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ လွှဲပြောင်း ပေးခဲ့သည်။

ဆေးရုံအား၂၀၁၇ ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရ သည်။