ထားဝယ်တွင် အားကစားသိပ္ပံဖွင့်ရန် စတင်ပြင်ဆင်

0
543

ထားဝယ်တွင် အားကစားနှင့် ကာယပညာ သိပ္ပံသင်တန်းကျောင်း ဆောက်လုပ်ရန် စတင်ပြင်ဆင်လျက်ရှိ ကြောင်း တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနထံမှ သိရသည်။

ကျောင်းဆောက်လုပ်ရေးအတွက် လျာထားမြေ ၅၀ ဧက မြေနေရာရရှိစေရန် ထားဝယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦး စီးဌာနသို့ ပြီးခဲ့သည့် မတ်လက တင်ပြ ထားကြောင်း တိုင်းအား/ကာထံမှ သိရ သည်။”မြေနေရာရပြီးရင် ကျောင်းဆောက် ဖို့အတွက် ဝန်ကြီးဌာနမှာ ဘတ်ဂျက် တောင်းမယ် ” ဟု တိုင်းအား/ကာမှ တိုင်းဦးစီးမှူးဦးစိုးမိုးနိုင်က ပြောသည်။

ကျောင်းဆောက်လုပ်ရန်အတွက် ထားဝယ်-ရေဖြူ ကားလမ်းနံဘေးရှိ ၈ မိုင်ရော်ဘာခြံကို ပထမဦးစားပေးအဖြစ် လျာထားပြီး လောင်းလုံးမြို့နယ်၊ စခန်း ကြီးကျေးရွာအုပ်စုအတွင်းရှိ စိုက်ပျိုးရေး သိပ္ပံကျောင်း နံဘေးမြေနေရာကို ဒုတိယ ဦးစားပေးအနေဖြင့် လျာထားကြောင်း ၎င်းက ပြောသည်။

ရန်ကုန်၊မန္တလေး၊ တောင်ကြီး၊ လွိုင်ကော်၊ မုံရွာ၊ မော်လမြိုင်မြို့တို့တွင် အား^ကာသိပ္ပံများ ဖွင့်လှစ်ထားပြီးဖြစ် ပြီး ထားဝယ်တွင်မူ ၂၀၂၀ ခုနှစ်တွင် ဖွင့်လှစ်နိုင်ရန် ခန်းမှန်းထားသည်ဟု ဦးစိုးမိုးနိုင်က ဆိုသည်။
လက်ရှိတွင် အားကာသိပ္ပံ မရှိ သည့်အတွက် တနင်္သာရီတိုင်းမှမျိုးဆက် သစ် အားကစားသများများသည် မော်လ မြိုင်အားကာ သိပ္ပံတွင် တက်ရောက်နေရ ကြောင်း သိရသည်။