ရပ် / ကျေး အုပ်ချုပ်ရေးမှူးများငွေတောင်းမှု တနင်္သာရီ ဝန်ကြီးချုပ် သတိပေး

0
411

ရပ်ကွက်၊ ကျေးရွာများအတွင်း မြေအရောင်းအဝယ်ကိစ္စများတွင် ရပ်။ကျေးအုပ်ချုပ်ရေးမှူးများက ငွေတောင်း ခြင်းကို ရပ်တန်းကရပ်ရန် တနင်္သာရီ တိုင်း ဝန်ကြီးချုပ်က သတိပေးပြောကြား လိုက်သည်။

တိုင်းအစိုးရအဖွဲ့ထံသို့ ရပ် /ကျေး အုပ်ချုပ်ရေးမှူးများ မြေအရောင်းအဝယ် ကိစ္စများတွင် ငွေတောင်းခံမှုကို တိုင် ကြားသူပိုများလာကြောင်း ဝန်ကြီးချုပ် က ပြောသည်။ထားဝယ်မြို့၊ မြို့တော်ခန်းမတွင် မေလ ၁၂ ရက်နေ့က ပြုလုပ်ခဲ့သည့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ထားဝယ် ခရိုင်အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေး မှူးများနှင့် တွေ့ဆုံပွဲ မိန့်ခွန်းပြောကြား ရာတွင် ယင်းကဲ့သို့ ထည့်သွင်း ပြော ကြားခဲ့ခြင်းဖြစ်သည်။

” ဒီဟာတွေကို ရပ်တန်းက ရပ်ရ လိမ့်မယ်၊ မရပ်တန်းက မရပ်လို့မရှိရင် ကျွန်မတို့ကြိုးစား နေတာ အလဟဿ ပါပဲ” ဟု ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့ မော်က ပြောသည်။ယင်းကဲ့သို့ အဂတိလိုက်စားမှု ကြောင့် မြန်မာနိုင်ငံတွင် သယံဇာတ ပေါကြွယ်ဝသော်လည်း အဆင်းရဲဆုံး နိုင်ငံရောက်နေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

မြေအရောင်းဝယ်ပြုလုပ်ခြင်းကဲ့သို့ ကိစ္စများတွင် ငွေကြေး အတင်းအကြပ် တောင်းခံခြင်းမပြုဘဲ မိသားစု စားဝတ် နေရေး အဆင်ပြေစေရန်အတွက် စေတ နာကြေးအဖြစ် ပေးသည့် ငွေကြေး ပမာဏကိုသာ လက်ခံကြောင်း ထားဝယ် မြို့ ဒေါင်းငူတံငါရပ်ကွက် အုပ်ချုပ်ရေး မှူးက ပြောသည်။
“နိုင်ငံတော်က ထောက်ပံ့ငွေကို ရပ်ကျေး စာရေးမတွေရဲ့ လစာလောက် ရနေရင် တစ်ကယ်မယူချင်ဘူး ” ဟု ဒေါင်းငူတံငါရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးထိုက်က ဆိုသည်။

ရပ်ကျေး အုပ်ချုပ်ရေးမှူးများ အ တွက် ထောက်ပံ့ငွေမှာ ကျပ် ခုနှစ် သောင်းဖြစ်ပြီး ရပ်ကျေးစာရေးများ၏ လစာငွေမှာ ကျပ်တစ်သိန်းခွဲဖြစ်သည်။
ရပ်^ကျေးအုပ်ချုပ်ရေးမှူးများ နှင့် ပတ်သက်သည့် တိုင်ကြားသည့်စာများ ၏ ၆၀ ရာခိုင်နှုန်းခန့်မှာ ငွေကြေး ရယူကြောင်း တွေ့ရပြီး အချို့တိုင်စာ များမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးကို မနာ လိုခြင်း၊ အုပ်ချုပ်ရေးမှူးနေရာကို ရယူလို ခြင်းနှင့် ပါတီစွဲ ပုဂ္ဂိုလ်စွဲကြီးခြင်း တို့ ကြောင့် ခုတုံးလုပ် တိုင်ကြားခြင်းများ လည်းရှိကြောင်း ဝန်ကြီးချုပ်က ပြော သည်။

ရပ်^ကျေးအုပ်ချုပ်ရေးမှူးများကို တိုင်ကြားသည့်စာ မည်မျှရောက်ရှိသည် ကိုမူ ဝန်ကြီးချုပ်က ထုတ်ဖော်ပြောဆိုခဲ့ ခြင်း မရှိပေ။
၎င်းအပြင် ငွေကြေးတောင်းခံနေ သည့် အုပ်ချုပ်ရေးမှူးများအား မည်သို့ အရေးယူမည်ဆိုသည်ကိုလည်း ပြော ကြားခဲ့ခြင်းမရှိပေ။
ထားဝယ်မြို့ပေါ်ရှိ ရပ်ကွက်အချို့ တွင် မြေအရောင်းအဝယ် လုပ်ရာ၌ ငွေ ကြေး သောင်းဂဏန်းမှ သိန်းချီ တောင်း ခံမှုအချို့ ရှိနေဆဲဖြစ်သည်။