ပြည်ကြီးမဏ္ဍိုင်တွင် အမျိုးသားတစ်ဦး မိုးကြိုးပစ်ခံရ

0
394

ပြည်ကြီးမဏ္ဍိုင်၊ ချောင်းမုံကျေးရွာ တွင် မေလ ၉ ရက်က အမျိုးသားတစ်ဦး မိုးကြိုးစက်ကွင်း ထိမှန်ကာ ဒဏ်ရာ အပြင်းအထန်ရရှိခဲ့သည်ဟု ကျေးရွာအုပ် ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

အဆိုပါအမျိုးသားသည် မိခင် ဖြစ်သူနှင့်အတူ ဥယျာဉ်ခြံအတွင်း တော ခုတ်ရှင်းလင်းနေစဉ် မိုးသည်းထန်စွာ ရွာချခဲ့ပြီး မိုးကြိုးတစ်ချက်ပစ်ချချိန်တွင် စက်ကွင်းမိ၍ နေရာတွင်သတိ လစ်မေ့ မောသွားခဲ့သည်ဟု ချောင်းမုံကျေးရွာမှ ရာအိမ်မှူးက ပြောသည်။

မိခင်ဖြစ်သူမှာမှု ထိခိုက်ဒဏ်ရာ တစ်စုံတစ်ရာ မရရှိခဲ့ပေ။အနီး ပတ်ဝန်းကျင် အကူအညီဖြင့် မဏ္ဍိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ထားပြီး အတွင်းလူနာ စိုးရိမ်ရအခြေ အနေဖြင့် ဆေးကုသမူခံယူလျက်ရှိသည် ဟု ချောင်းမုံကျေးရွာရာအိမ်မှူး ဆိုသည်။

ချောင်းမုံကျေးရွာသည် ပြည်ကြီး မဏ္ဍိုင်မြို့နှင့် ၉ မိုင်ဝေးကွာပြီး စက် လှေဖြင့် သွားလာရသည့် ပင်လယ်ရွာ တစ်ရွာဖြစ်သည်။