အရောင်မှိန် မီးပွိုင့်များ ယာဉ်ထိန်းရှိမည်ဟုဆို

0
469

ထားဝယ်မြို့တွင် တပ်ဆင်ထား သည့် မီးပွိုင့်များအနက် ထင်ရှားစွာ မမြင်ရဘဲ အရောင်မှိန်နေသည့်မီးပွိုင့်များ တွင် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များကို အမြဲ တမ်းထားမည်ဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက ပြော ကြားသည်။

မီးရောင်ထင်ရှားစွာ မမြင်ရသည့် မီးပွိုင့်များ ပြုပြင်ရန် တိုင်းအစိုးရထံ တင်ပြသွားမည်ဖြစ်ပြီး ကြားကာလတွင် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ အမြဲတမ်း ချထားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက ဆိုသည်။” မီးပွိုင့်မကောင်းရင် ယာဉ်ထိန်း ချထားရမှာပေါ့၊ အမြဲတမ်းရှိအောင်လို့” ဟု တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးက ပြောသည်။

ထားဝယ်မြို့အတွင်း တပ်ဆင်ထား သည့် မီးပွိုင့် ၇ ခု ရှိသည့်အနက် မီးပွိုင့် အချို့တွင် တခါတရံ အရောင်မှိန်နေ လေ့ရှိပြီး မီးစိမ်း၊ မီးနီကွဲပြားစွာ မမြင် ရပေ။
” မီးပွိုင့်တပ်ထားတာချင်းအတူတူ ကောင်းနေတာမျိုးပဲ လိုချင်တယ်၊ အခု ပုံစံက ယာဉ်တိုက်မှုတွေ အချိန်မရွေး ဖြစ်သွားနိုင်တယ်” ဟု ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်နေ သုံးဘီးဆိုင် ကယ် မောင်းနှင်သူတစ်ဦးက ပြောသည်။မီးမှိန်နေသည့်အချိန်နှင့် ကြုံပါက မီးပွိုင့်ပိတ်ထားသည်ဟုထင်ကာ ဖြတ် သန်းသွားပြီးမှသာ မီးလင်းနေသည်ကို သတိထားမိသည့်အတွက် အလွန်အန္တ ရာယ်များကြောင်း ၎င်းက ဆိုသည်။

အဆိုပါ မီးပွိုင့်များ တပ်ဆင်ထား သည်မှာ နှစ်ပေါင်းများစွာ ကြာလာသည့် အတွက် ယိုယွင်းပျက်စီးမှုများ ဖြစ်လာ ပြီး ပြုပြင်ရန် လိုအပ်နေပြီဖြစ်ကြောင်း အဆိုပါ မီးပွိုင့်များ (ရုံးကြီးလမ်းဆုံနှင့် လမ်းဆုံကြီးမပါ)ကို တပ်ဆင်ထားသူ ဦးမောင်သွင်က ပြောသည်။” နည်းပညာ ချွတ်ယွင်းချက်ကြောင့် ဖြစ်တာမဟုတ်ဘူး၊ Lနီ မီးလုံးတွေက သုံးတဲ့နာရီချိန် ပြည့်သွားလို့ ဖြစ်တာပါ” ဟု ဦးမောင်သွင်က ဆိုသည်။

နိုင်ငံခြားပစ္စည်းများကို တစ်ခုချင်း ဝယ်ယူကာ ကိုယ်တိုင် ဆက်စပ်တပ်ဆင် ထားခြင်းဖြစ်ပြီး လက်ရှိမီးပွိုင့်များကို အသစ်နီးပါးဖြစ်စေရန် ပြန်လည်ပြုပြင် ပါက အသစ်ဝယ်ယူ တပ်ဆင်ခြင်းထက် ပိုမိုသက်သာမည်ဖြစ်ကြောင်း ၎င်းက အကြံပြုသည်။ထားဝယ်မြို့တွင် ဒစ်ဂျယ်တယ် စနစ် မီးပွိုင့် ၂ ခုနှင့် ရိုးရိုးမီးပွိုင့် ၅ ခု တပ်ဆင် အသုံးပြုလျက်ရှိသည်။