ရေထွက်ပစ္စည်း တင်ပို့မှု ရရှိငွေ ဒေါ်လာသန်းငါးဆယ်ကျော်တိုး

0
481

တိုင်းအတွင်း ရေထွက်ပစ္စည်းများ နိုင်ငံခြားတင်ပို့မှုမှ ရရှိငွေမှာ ယမန် နှစ်ထက် အမေရိကန်ဒေါ်လာသန်း ၅၀ ပိုခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာ ရေးနှစ်တွင် ရေထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၆၈ သန်းခန့် ရရှိခဲ့ ရာမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ၂၂၂ သန်းခန့် ရရှိခဲ့ သဖြင့် ဒေါ်လာ ၅၄ သန်းခန့် ပိုမိုရရှိ လာခြင်းဖြစ်သည်။ပင်လယ်ထွက် ရေထွက်ပစ္စည်း များကို ထိုင်းနိုင်ငံသို့ အများဆုံးတင်ပို့ပြီး တရုတ်နိုင်ငံကိုလည်း အနည်းငယ်တင်ပို့ ကြောင်း ငါးလုပ်ငန်းဦးစီးဌာန ဒု- တိုင်း ဦးစီးမှူးက ဆိုသည်။

” ထုတ်လုပ်တာနဲ့ ပို့တာဆိုရင် ပို့ တာက နည်းနေသေးတယ်” ဟု ဒု- တိုင်း ဦးစီးမှူးက ပြောသည်။ရေထွက်ပစ္စည်းများကို ရန်ကုန်မြို့ ကိုလည်း တင်ပို့မှုရှိပြီး ဇယားတွင် ဖော် ပြထားသည့် ငွေပမာဏမှာ နိုင်ငံခြား တင်ပို့မှုမှ ရရှိသည့် ငွေပမာဏဖြစ်သည်။

ပင်လယ်ပြင်တွင် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေသည့် ကမ်းနီးငါးဖမ်းလှေ အရေအတွက်မှာ၂၀၁၇ ခုနှစ် မတ်လ အထိ စာရင်းများအရ ထားဝယ်တွင် ၁၈၁၃ စီး၊ မြိတ်တွင် ၄၈၁၇ စီး၊ ကော့ သောင်းတွင် ၃၀၂၀ စီးနှင့် တိုင်းအတွင်း ကမ်းဝေးငါးဖမ်းလှေ ၁၃၈၄ စီးရှိကြောင်း တိုင်းငါးလုပ်ငန်းဦးစီးဌာန စာရင်းများ အရ သိရသည်။

sea_food_export_qty