ထားဝယ်ခရိုင် ကုန်သည်/ စက်မှုအသင်း အလုပ်အမှုဆောင်အဖွဲ့ ပြန်ရွေး

0
393

သက်တမ်း ၂ နှစ်ရှိပြီဖြစ်သည့် ထားဝယ်ခရိုင် ကုန်သည် / စက်မှု အသင်း၏ အလုပ်အမှုဆောင်အဖွဲ့ကို ထားဝယ်မြို့တွင် ပြန်လည် ရွေးချယ် ခဲ့သည်။
ထားဝယ်ခရိုင် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း၏ အသင်းအဖွဲ့စည်းမျဉ်းအရ ကနဦး အမှု ဆောင်သက်တမ်း ၂ နှစ်ဖြစ်သောကြောင့် သက်တမ်း ကုန်ဆုံးပြီဖြစ်သည့်အတွက် ပြန်လည် ရွေးချယ်ခြင်းဖြစ်ကြောင်း အသင်း၏ အထွေထွေအတွင်းရေးမှူး အဖြစ် ရွေးချယ်ခံခဲ့ရသည့် ဒေါ်ခင်ညိုညို က ပြောသည်။

” ပြီးရင် မြိတ်အသင်း၊ ကော့သောင်း အသင်းတွေနဲ့ ပူးပေါင်းဆွေးနွေးပြီး တိုင်းဒေသကြီးကုန်သည် / စက်မှုအ သင်းကို ဖွဲ့ပါမယ်” ဟု ဒေါ်ခင်ညိုညိုက ပြောသည်။ထားဝယ်ခရိုင်ကုန်သည်/စက်မှုအ သင်း၏ ယခင် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ ညီနောင်အသင်း ၁၆ သင်းက တိုက်ရိုက်အဆိုပြုသည့် ကိုယ်စားလှယ်များ၊ အသင်းဝင်များက အဆိုပြုသည့် ကိုယ်စားလှယ်များနှင့် ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်များမှ ကိုယ်စားလှယ် စုစုပေါင်း ၄၀ ဦးထဲမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၂၀ ဦးကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ယင်း ၂၀ ဦးထဲမှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ များနှင့် အတွင်းရေးမှူးအဖွဲ့ဝင်များ၊ ဘဏ္ဍာရေးအဖွဲ့ဝင်များနှင့် စာရင်း စစ်အဖွဲ့များကို ရွေးချယ်ခဲ့သည်။
တနင်္သာရီတိုင်းတွင် တိုင်းဒေသ ကြီး ကုန်သည်^စက်မှုအသင်းရှိပြီးဖြစ် သော်လည်း ထားဝယ်၊ မြိတ်၊ ကော့ သောင်းခရိုင်များမှ ကိုယ်စားလှယ်များပါဝင်ခဲ့ခြင်းမရှိသောကြောင့် ထားဝယ် ခရိုင်အသင်း၊ မြိတ်ခရိုင်အသင်းနှင့် ကော့သောင်းခရိုင်အသင်း ၃ သင်းစု ပေါင်းကာ တိုင်းအသင်းကို ပြန်လည် ဖွဲ့စည်းရန် ပြင်ဆင်နေကြခြင်း ဖြစ် သည်။

လက်ရှိတနင်္သာရီတိုင်း ကုန်သည်/ စက်မှုအသင်းကလည်း မြို့နယ်အသင်း၊ ခရိုင်အသင်းများအပေါ် အခြေမခံဘဲ တိုင်းအတွင်းရှိ ကုန်သည်နှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အားလုံးကို ဖိတ်ခေါ်၍ ရွေးကောက်ပွဲတစ်ရပ် ပြုလုပ် ရန် စီစဉ်လျက်ရှိကြောင်း အသင်းတာဝန် ရှိသူက ပြောဆိုထားသည်။