ငါးရံ့အမှု နေပြည်တော်တက်မည်

0
487

တနင်္သာရီအပတ်စဉ်၏ ပင်တိုင် ဆောင်းပါးရှင်အောင်လွင် (ကံပေါက် သား)၏ ငါးရံ့ဆောင်းပါးအမှု အယူခံ ကို တနင်္သာရီတိုင်းဒေသကြီး တရား လွှတ်တော်က မေလ ၅ ရက်နေ့က ပလပ်လိုက်သဖြင့် နေပြည်တော်ရှိ ဗဟို တရားရုံးသို့ ဆက်လက် အယူခံဝင်သွား မည်ဟု ဆောင်းပါးရှင် ဦးအောင်လွင်က ပြောသည်။

အမှု အနိုင်အရှုံးက အဓိက မဟုတ် ဘဲ ၎င်းဆောင်းပါး၏ နောက်ကွယ်မှ ဆယ်စုနှစ်ချီ ဖြစ်ခဲ့သော ဥပဒေချိုးဖောက် မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြသနာ များ၊ ကုမ္ပဏီနှင့် အစိုးရကြားမှာ ချုပ်ဆို ထားသည့်စာချုပ်စာတမ်း ဖောက်ဖျက်မှု များအတွက် အယူခံဆက်တင်ရန် ဆုံး ဖြတ်ခဲ့ခြင်းဟု ဦးအောင်လွင်က ပြောသည်။

” အမှု ရှုံးခြင်းနိုင်ခြင်းကို ပဓာန မဟုတ်ပါဘူး၊ ဒါ မမှန်ဘူးလို့တော့ ပြောဖို့ လိုတယ်လေ၊ ထဲထဲဝင်ဝင်မသိဘဲ စာရွက် စာတမ်းပဲကြည့်ပြီး တရားရုံးက စီရင် ချက်ချမယ်ဆိုရင် ဒါအမှန်တရားနဲ့ ဝေး နေဦးမှာပဲ” ဟု ဆောင်းပါးရှင် ဦးအောင်လွင် က ပြောသည်။မေလ ၉ ရက်ထုတ် တနင်္သာရီ အပတ်စဉ် အတွဲ ၃ အမှတ် ၄၃ ပါ အောင်လွင် (ကံပေါက်သား) ၏ ” ငါးရံ့ တစ်ကောင်ရဲ့ရင်ဖွင့်သံ” အက်ဆေးပါ စာသားအချို့နှင့် ပတ်သက်၍ ဒယ်လ်ကို ကုမ္ပဏီက တရားစွဲခဲ့ခြင်းဖြစ်သည်။

ယင်းအမှုအား ရေဖြူမြို့နယ်တရား ရုံးက ဦးအောင်လွင်ကို ဒဏ်ငွေ သုံးသောင်း ကျပ် သို့မဟုတ် အလုပ်မဲ့ ထောင်ဒဏ် ၃ လ ချမှတ်ခဲ့ပြီး အယူခံဝင်ရာ ထားဝယ် ခရိုင်တရားရုံးမှ အပြစ်ရှိသည်ဟု ထပ်မံ အမိန့်ချကာ ဒဏ်ငွေ ငါးသောင်းကျပ် သို့မဟုတ် အလုပ်မဲ့ ထောင်ဒဏ် ၅ လ အထိ တိုးမြှင့် ချမှတ်ခဲ့သည်။
ထိုနောက် တိုင်းဒေသကြီး တရား လွှတ်တော်သို့ ဆက်အယူခံဝင်ခဲ့ရာ နှစ်ဖက်အယူခံကို ပလပ်သဖြင့်ခရိုင်ရုံး အမိန့်အတိုင်း ဆက်ရှိမည် ဖြစ်သည်။