တနင်္သာရီတိုင်းနှင့် ဆလုံလူမျိုးတို့၏ လူနေမှုစရိုက်ကိုဖော်ကြူးမည့် ရုပ်ရှင်ရိုက်မည်

0
766

တနင်္သာရီတိုင်းအတွင်းရှိ ဒေသ များ၏ ယဉ်ကျေးမှုအမွေအနှစ် များနှင့် ဆလုံ တိုင်းရင်းသားလူမျိုးတို့၏ လူနေ မှုစရိုက်တို့ကို ဖော်ကြူးမည့် ရုပ်ရှင် ဇာတ်ကားတစ်ကားကို ရိုက်ကူးမည် ဖြစ်ကြောင်း ရုပ်ရှင်ရိုက်ကူးရေး တာဝန် ရှိသူများထံမှ သိရသည်။
ယင်းရုပ်ရှင်ဇာတ်ကားအမည်ကို ” ဒီပ” ဟု အမည်ပေးထားပြီး ယခုနှစ် အောက်တိုဘာလတွင် စတင်ရိုက်ကူးမည် ဖြစ်ကြောင်း ရိုက်ကူးမည့် ဒါရိုက်တာ ဖြစ်သူ ကျော်ဗိုလ်ဗိုလ်သာက ပြောသည်။” ဒီကားကြီးမှာတော့ ကလေးသရုပ် ဆောင်တွေကို အဓိကအားပြုပြီး ရိုက် မယ်”  ဟု ကျော်ဗိုလ်ဗိုလ်သာက ပြောသည်။

 
” ကလေးတွေနဲ့ ရိုက်တယ်ဆိုတော့ အခက်အခဲတွေ ရှိတာပေါ့” အဆိုပါရုပ်ရှင်ဇာတ်ကားကိုရိုက်ကူးရန်အတွက် လွန်ခဲ့သည့်တစ်နှစ်ခန့်က စတင် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ် ကြောင်း ရုပ်ရှင်ရိုက်ကူးရေးတာဝန်ရှိသူ များက ပြောသည်။
” သရုပ်ဆောင်တစ်ယောက်ရဲ့ ဃ့မေခေအနမ (ဇာတ်ရုပ်) ကို စကား ပြောတာထက် ရုပ်လုံးကိုဦးစားပေးဖော် ပြသွားမယ်”   ဟု ဇာတ်ညွှန်းရေးဆရာ ကိုနော်ကောင်းကပြောသည်။

 
ထားဝယ်ဒေသ၏ ပျောက်ဆုံး လုနီးပါးဖြစ်နေသော စကားအသုံး အနှုန်း များ၊ အစားအသောက်များ၊ လူနေမှု စရိုက်များစသည်တို့နှင့်ဆလုံ တိုင်းရင်း သားများ၏ ရိုးရာ၊ ဓလေ့လူနေမှု စရိုက် များကို ဒေသခံ သရုပ်ဆောင်အသစ်များ နှင့် ရုပ်ရှင်ရိုက်ကူး သွားမည်ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
ယင်းရုပ်ရှင်ဇာတ်ကားအတွက် ဝါသနာရှင် သရုပ်ဆောင်များအား ဖိတ် ခေါ်ထားပြီး ပါဝင်လိုသူများ အနေဖြင့် မေလ ၃၀ ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြောင်း သိရသည်။
လျှောက်ထားလိုသူများသည် ထားဝယ်မြို့ရှိ Fဥွှဥ KING ဏ့သအသ Sအကိငသ မှ ဒီဇိုင်နာ မမူမူသက် (ပန်း သတင်း) ဖုန်းအမှတ် ၀၉၄၅၀၉၉၁၁၄၈၊ မိုးဆမ်းဦး (ဖန်ဆင်းရှင်အလှပြုပြင်ရေး) ဖုန်းအမှတ် ၀၉ ၄၂၂၁ ၉၁၆၅၇၊ နော် ကောင်း (အမှတ် ၅၈၊ မြို့တွင်းလမ်း၊ အနောက်ရပ်) ဖုန်းအမှတ် ၀၉၄၄၉၅ ၄၃၇၅၇ တို့တွင် လျှောက်လွှာများကို အခမဲ့ထုတ်ယူနိုင်ကြောင်း ထုတ်ပြန် ထားသည်။