တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်နှင့် တွေ့ဆုံခြင်း (၃)

0
644

တနင်္သာရီ။ ။ ဒီဒေသမှာ ကျယ်ကျယ် ပြန့်ပြန့်ရှိနေတဲ့ မူးယစ်ဆေးဝါးနဲ့ပတ်သက် ပြီးတော့ရော တစ်နှစ်ထဲမှာ ဘယ်လောက် ကိုင်တွယ် ဖြေရှင်းနိုင်ခဲ့သလဲခင်ဗျ။
ဒေါက်တာလဲ့လဲ့မော် ။ ။ သူ့မှာ အမှုပေါင်း ၅၀၀ ကျော် ဖမ်းလို့ရ တယ်လို့ ပြောပါတယ်။ ဖမ်း လို့ရတယ်ဆိုတာ မူးယစ်ဆေးဝါးက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖြစ်နေတာပဲ။ ဒါပေမဲ့လို့ တရား ဥပဒေ စိုးမိုးရေးကို အစ်မတို့ အစိုးရအဖွဲ့ တစ်ခု တည်းက လုပ်လို့မရပါဘူး။ ကျန်တဲ့ဌာနတွေ အားလုံးက ပူးပေါင်းဆောင်ရွက်ရမှာပါ။ ဒါပေမဲ့ လို့ အခုဘယ်လိုဖြစ်နေလဲဆိုရင် မလွှဲတောင်ဂိတ်က (ကျွန်မက သွားလို့ရှိရင် လေယာဉ်နဲ့သွားခဲပါတယ်။ ကားနဲ့ပဲ သွားတာများပါတယ်) မလွှဲတောင်ဂိတ်မှာ အစ်မက ပြောတယ်။

 

ကားမှန်သမျှ စစ်၊ ဆိုင်ကယ် ဆိုလို့ရှိရင် တနင်္သာရီတိုင်းက ဆိုင်ကယ်မဟုတ်လို့ ရှိရင် စစ်၊ စသဖြင့် Instruction (ညွှန်ကြားချက်) ပေးမှ သူတို့က စစ်တယ်။ အဲလိုမျိုးလေးတွေတော့ရှိ တာပေါ့။ ဒါပေမဲ့လည်း ဂိတ်ဆိုတာ အရင်လည်း သွားနေလာနေကျဆိုတော့ အားလုံး စစ်နေရင်လည်း ပြည်သူက အော်လာမယ်လေ။ အရင်ပုံစံအတိုင်းပဲ လမ်းလျှောက်နေရတယ်။ စစ်နေရတယ်ဆိုပြီးတော့။ အဓိက ဝင်ပေါက်က မလွှဲတောင်ပါပဲ။ ဒါကို ကောင်း ကောင်း ပိုင်ပိုင်နိုင်နိုင် ကိုင်နိုင်လို့ရှိရင် မူးယစ်ဆေးဝါး က တော်တော်လေးကို နည်းသွားမှာပါ။ ဒါပေမယ့် လို့ အစ်မတို့ အခြားတိုင်းနဲ့ပြည်နယ်တွေနဲ့ ယှဉ်မယ် ဆိုရင် အစ်မတို့တိုင်းက အများကြီးနည်းပါတယ်။ အစ်မတို့လည်း အများကြီး လုပ်နိုင်ခဲ့ပါတယ်။
တနင်္သာရီ။ ။ဒီလိုမျိုး မူးယစ်ဆေးဝါးအမှု ၅၀၀ လောက်ဖမ်းမိတာက တစ်ဖက်ကကြည့်ရင် ကောင်းတယ်ပေါ့နော် များများ ဖမ်းမိတယ်ပေါ့။ ဒါပေမယ့် တစ်ဖက်ကကြည့်ရင် အမှု ၅၀၀ လောက် ဖမ်းမိတယ်ဆိုတာက တိုင်းထဲမှာ ဘယ်လောက်အထိ ကျယ်ကျယ်ပြန့်ပြန့်ရှိနေသလဲမသိဘူး အဲလိုမျိုး ပျံ့နှံမှုကို ပြတယ်ဆိုပြီးတော့ သုံးသပ်တဲ့သူတွေလည်း ရှိတယ်။ အဲဒီအပေါ်မှာ ဝန်ကြီးချုပ်အမြင်ကရော ဘယ်လိုရှိပါသလဲ ခင်ဗျ။
ဒေါက်တာ လဲ့လဲ့မော်။ ။ဒါတွေဟာ ရှက်စရာ မလိုပါဘူး။ ကွယ်ဝှက်ထားစရာလည်း မလိုပါဘူး။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖြစ်နေတဲ့ကိစ္စပါ။ အစ်မတို့ဘက်မှာ နည်းပါသေးတယ်။ ကချင်ပြည် နယ်တွေ၊ ရှမ်းပြည်နယ်တွေမှာဆိုလို့ ရှိရင် အရမ်း များတယ်။ ကျွန်မတို့ထက်နည်းတာ ကယားပြည် နယ်တစ်ခုပဲ ရှိတယ်။ ကျန်တဲ့တိုင်းနဲ့ ပြည်နယ်တွေ အားလုံးများတယ်။
စစ်ကိုင်းတိုင်းဆိုလို့ရှိရင် ကျွန်မမေးကြည့်တယ် ဒေါက်တာအောင်မိုးညိုကို။ ဆရာတို့ဆီမှာ မူးယစ် ဆေးဝါး ဘယ်လောက်လောက် ဖမ်းမိလဲဆိုတော့ ခုနစ်ရာကျော် ရှစ်ရာနီးပါးလောက် တစ်နှစ်အတွင်း ဖမ်းမိတယ်လို့ ပြောတယ်။ ဆရာတို့ဆီမှာ တော် တော်များလားဆိုတော့ များတာတော့ မပြောနဲ့တဲ့။ တက္ကသိုလ်မှာဆို Open ပဲ တဲ့။ အဲဒါဆိုတော့ တက္ကသိုလ်မှာ Open ပဲ ဆိုကတည်းကတော့ ကျွန်မ တို့ တက္ကသိုလ်တွေ Open တော့ မဖြစ်သေးပါဘူး ရှင့်။

 
အတတ်နိုင်ဆုံးတော့ ထိန်းပြီးတော့ လုပ် ဆောင်နေပါတယ်။ ဒါပေမယ့် ဒီဟာက ပြည်ထောင် စုရဲ့ ဥပဒေတွေလည်း ပြင်ဖို့လိုတာပါ။ ဒီဆေးပြား တစ်ပြား သုံးတာနဲ့ စားတာနဲ့ ထောင်က ဘယ် လောက်၊ ဆေးပြားဆယ်ပြားအထက်မှာတွေ့ရင် ထောင်က ဘယ်လောက်၊ ရောင်းဝယ်ဖောက်ကားရင် ထောင်က ဘယ်လောက်၊ အဲလိုမျိုးတွေ အဆင့်ဆင့် လုပ်မှပဲရမှာပါ။ ဒါက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မူဝါဒတစ်ခုချမှတ်ပြီး အခု ဖိလစ်ပိုင်မျိုးပေါ့။ အဲလိုမျိုး မူဝါဒတစ်ခုချမှတ်ပြီး ပြင်းပြင်းထန်ထန် သုတ်သင်မှပဲ ပျောက်မယ့်ကိစ္စပါ။ နို့မဟုတ်ရင် ဒီလိုမျိုးလေးဖမ်းလိုက်၊ ပြန်လွတ်လိုက်၊ ပြန်သုံး လိုက်ဆိုရင်တော့ ဘာမှ ထူးမှာမဟုတ်ပါဘူး။

 
တနင်္သာရီ။ ။ပင်လယ်ပြင်မှာ ကမ်းဝေးလှေက ကမ်းနီးဝင်ဆွဲတာ၊ ငါးဗုံးခွဲတာ၊ ခွင့်မပြုထားတဲ့ ပါကျဉ်းကျန် ငါးပိုက်တွေ သုံးနေတာတို့ အဲဒီလိုမျိုးတွေရှိနေတယ်ပေါ့နော်။ ဆိုတော့ ဒီလိုမျိုးတွေက ဘာကြောင့်ဖြစ်နေရတယ်လို့ ထင်ပါသလဲခင်ဗျ။ဒေါက်တာလဲ့လဲ့မော်။ ။အဓိကကတော့ သား ငါးရှားပါးတာပေါ့နော်။ သားငါးရှားပါးတော့ ရသလိုမျိုးရတဲ့နည်းလမ်းနဲ့ သားငါးရအောင်လုပ်တာ ပဲပေါ့။ ဒေသခံလည်း ပိုက်ဆံလိုတယ်။ လှေတွေ ကလည်း ရင်းနှီးမြှုပ်နှံထားတဲ့အတွက်ကြောင့် ငါးရရင် ရသလို သူတို့ကို ပိုက်ဆံပေးတဲ့အတွက်ကြောင့်မို့လို့ သူဦးငါအရင် ပင်လယ်ပြင်ဆိုတာ ဥပဒေစိုးမိုးမှုအားနည်းတယ်လေ။ အဲတော့ သူဦး ငါအရင် လုပ်ကြတာပေါ့။ တရားတယ် မတရား တယ်ဆိုတာကိုလည်း စဉ်းစားချင့်ချိန်နိုင်စွမ်းရှိချင်မှလည်း ရှိမယ်။

 

အဲတော့ ငါးဗုံးခွဲတာလည်း သူတို့အရင်ကတည်းက လုပ်နေကြလုပ်ရိုးလုပ်စဉ် တစ်ခုပဲ။ ကျွန်မက Tourismလုပ်ငန်းကို ကြီးပွား တိုးတက်စေချင်တာကလည်း ငါးဗုံးခွဲတာတွေနည်း စေချင်လို့။ ဒီလိုမျိုး ခရီးသွားတွေမပြတ်သွားနေမယ် ဆိုရင် သူတို့ဗုံးခွဲဖို့က သိပ်အဆင်မပြေဘူးလေ။ ခုနက ကမ်းဝေးက ကမ်းနီးဝင်ဖမ်းတာက ပင်လယ် ပြင်မှာ စိုးမိုးနိုင်မှ အားလုံးက တရားဥပဒေနဲ့အညီ ဖြစ်မှ ဒါတွေကို ဟန့်တားလို့ရမှာ။ နောက်ပြီးတော့ အားနည်းချက်ကတော့ ပင်လယ်ပြင်ရဲပဲ။ ရဲကလည်း တစ်ယောက်မှ မပေးနိုင်ဘူး။ မြန်မာ့ ပင်လယ်ပြင်မှာ ရဲမရှိဘူး။ ရဲမရှိတော့ စစ်တပ်တစ်ခုတည်းပဲ အုပ်ချုပ် သလိုဖြစ်နေတယ်။ စစ်တပ်နဲ့ ရဲ နဲ့ နှစ်ယောက်ရှိမယ် ဆိုရင် စစ်တပ်က Missed  ဖြစ်တဲ့နေရာကို ရဲက သွားအုပ်ချုပ်လို့ရတယ်။
တနင်္သာရီ။ ။ပင်လယ်ပြင်လုံခြုံရေး၊ တရား ဥပဒေစိုးမိုးရေးအတွက် တပ်မတော်ရေနဲ့ ပူးပေါင်း ဆောင်ရွက်မှုအခြေအနေကရော ဘယ်လိုရှိလဲခင်ဗျ။
ဒေါက်တာ လဲ့လဲ့မော်။ ။အခုနောက်ပိုင်းတော့ တိုးတက်လာပါတယ်။ အရင်တုန်းက ကျွန်မတို့ စတင်တာဝန်ယူချိန်တုန်းကတော့ လုံးဝမရှိပါဘူး။ အခုနောက်ပိုင်း ၆ လလောက်မှာတော့ တော်တော် လေးကိုတော့ ငါးဗုံးခွဲလှေတွေဖမ်းတယ်။ ခုနက စည်းပျက်ယာဉ်တွေ ဖမ်းလာပါတယ်။ ဒါပေမဲ့ ခုနက ပြောသလိုပဲ ဟို.. ရှိတော့ရှိဦးမှာပေါ့။ လူတိုင်း ကတော့ တစ်ယောက်နဲ့တစ်ယောက် မတူပါဘူး။ ရှိဦးမှာပါ။

 
တနင်္သာရီ။ ။နောက်တစ်ခုက တိုင်းရဲ့ စီးပွား ရေးနဲ့ပက်သက်ပြီး တစ်နှစ်ထဲမှာ ဘယ်လောက်အထိ လုပ်နိုင်ခဲ့လဲခင်ဗျ။
ဒေါက်တာ လဲ့လဲ့မော် ။  ။ စီးပွားရေးကတော့ ခုနက အခြေခံကောင်းတွေကို ဆောင်ရွက်ပေး သလောက်ပဲ လုပ်နိုင်ပါတယ်။ တိုင်းဒေသကြီးရဲ့ ထွက်ကုန်တွေတိုးမြှင့်ဖို့တွေဘာတွေ အခုအခြေ အနေမှာ မလုပ်နိုင်တဲ့ အနေအထား မရှိသေးပါဘူး။
တနင်္သာရီ။ ။လုပ်နိုင်တဲ့အနေအထားမရှိသေး ဘူးလို့ ဆိုလိုတာလား။
ဒေါက်တာ လဲ့လဲ့မော်။ ။လုပ်နိုင်တဲ့အနေအထား မရှိဘူးဆိုတာ လက်ရှိအတိုင်းပဲ ဆက်ပြီးတော့ လည်ပတ်နေတာပေါ့။ ဥပမာ ငါး Valued Added က တန်ဖိုးမြှင့်ထုတ်ကုန်တွေ အများကြီးထုတ်လုပ် နိုင်တယ်ဆိုတာမျိုး အစ်မတို့ မလုပ်နိုင်သေးပါဘူး။ လုပ်နိုင်တာက Infrastructure ရှိမှ လုပ်လို့ရမှာ လေ။ Infrastructure မရှိဘဲနဲ့ ငါးအသားလွှာစက် တွေ၊ ငါးအသား လုပ်စက်တွေ မရှိဘဲနဲ့ ငါးသေတ္တာ ထုတ်လုပ်တဲ့ လုပ်ငန်းတွေမရှိဘဲနဲ့ တန်ဖိုးမြှင့်ထုတ် လုပ်မှုတွေ ထုတ်လုပ်လို့မရဘူး။ အခုရော်ဘာဆို လည်း Raw Materia  ပဲ ရောင်းနေတာပဲ။
တနင်္သာရီ။ ။စီးပွားရေးနဲ့ပတ်သက်ပြီးတော့ နောက်တစ်ခုက တိုင်းအစိုးရအဖွဲ့နဲ့ စီးပွားရေးလုပ် ငန်းရှင်တွေတွေ့ဆုံ ဆွေးနွေးပြီးတော့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဏူညေ ဆွဲတာတွေမျိုး သိပ် မတွေ့ရဘူး။ အဲဒါကရော ဘာကြောင့်များပါလဲ။
ဒေါက်တာ လဲ့လဲ့မော်။ ။ တိုင်းအစိုးရအဖွဲ့ ကတော့ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် သီးခြား ဒေသတွင်း စီးပွားရေး လုပ်ငန်းရှင်တွေကို တွေ့စရာ မလိုဘူးလို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က လုပ်ချင်တယ်ဆိုရင် ကျွန်မတို့ဘက်က Always Welcome  ပါပဲ။ လာလုပ်။ ဘာလုပ်ငန်း လုပ်ချင်တာလဲ။ ဟိုတစ်နေ့ကဆို မြိတ်က လူတစ် ယောက် သူ့အမေ အမွေပေးထားတဲ့ မြေ ၁၀ ဧက ရှိတယ်။ ကမ်းနားမှာ ကျွန်တော် ဆိပ်ခံထိုးချင်တယ်။ ဟုတ်ပြီ။ ဟိုဒင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ကိုခေါ် ဒီမှာပဲ ပေးတွေ့လိုက်တာ။

 

ဒါ မြန်မာ့ဆိပ်ကမ်းအာ ဏာပိုင်တိုင်းမှူး၊ မင်းပြောချင်တဲ့ အကြောင်းအရာကို ပြောပြ၊ ပြောပြလို့ရှိရင် မင်းပိုင်တဲ့မြေပုံစံ ၇ ထွက်ပြီးသား။ မင်းက မြေပုံ ၁၀၅ ဆွဲရမယ်။ မင်းပိုင်တဲ့မြေမှာ ဥပမာ ငါးဂိုဒေါင် ဆောက်မယ် ဘာလုပ်မယ် မင်းလုပ်။ ဟိုဘက်က မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ကလည်း ဆိပ်ခံထိုးဖို့ကိစ္စကို မင်းကူညီ။ ပြီးပြီပဲ။ ဒါတွေဟာ တစ်ယောက်ချင်းတွေ့နေ စရာ တော့ အကြီးအကျယ်မလိုဘူးလို့တော့ ထင်တာပဲ။ အစိုးရအဖွဲ့က အကူအညီ ပေးလိုက်ရင် ပြီးတာပဲ။ အစိုးရအဖွဲ့က တကယ်ပေးလို့မရပါဘူး။ အကူအညီ ပေးလို့ပဲ ရတာပါ။
တနင်္သာရီ။ ။တချို့ကတော့ တိုင်းအစိုးရ အဖွဲ့အနေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပြီး တိုင်းအတွက် စီးပွားရေးမူဝါဒ တစ်ရပ် ချသင့်တယ် လို့ သုံးသပ်တာတွေရှိတယ်။
ဒေါက်တာ လဲ့လဲ့မော်။ ။စီးပွားရေးမူဝါဒက အစ်မတို့ အစကတည်းက ဒီ တသမုshသစ တွေမှာ လည်း ချခဲ့ပြီးပြီပဲ။ ထားဝယ်မှာ စိုက်ပျိုးရေးနဲ့ ငါး မွေးမြူရေး၊ ငါးလုပ်ငန်းပေါ့နော်။ မြိတ်မှာကတော့ ငါးလုပ်ငန်းတစ်ခုတည်းချတယ်။ မြိတ်မှာ ကျွန်းစု ပေါင်း ၈၀၀ ကျော်ရှိတယ်ဆိုပေမဲ့ ကော့သောင်းက ခရီးသွားလုပ်ငန်းနဲ့ မြိတ်က တွဲလုပ်ရမှာဆိုတော့ မြိတ်မှာ ငါးလုပ်ငန်းပဲ အဓိက ထားပြီးလုပ်တယ်။ ကော့သောင်းကတော့ ဟိုဘက်နိုင်ငံနဲ့ နီးကပ်စွာ တည်ရှိတဲ့အတွက် ကုန်သွယ်ရေးလုပ်ငန်းနဲ့ ခရီး သွားလုပ်ငန်း အဲလိုပဲ မူဝါဒချမှတ်ထားတာပဲ။
တနင်္သာရီ။ ။ဝန်ကြီးချုပ်အနေနဲ့ တခြားဖြည့် စွက်ပြောချင်တာများရှိပါသလားခင်ဗျ။
ဒေါက်တာ လဲ့လဲ့မော်။ ။တနင်္သာရီဂျာနယ်က ကျွန်မတို့ကို အမြဲတမ်းပြောလေ့ပြောထရှိတာ တစ်ခု ရှိပါတယ်။ မူဝါဒမရှိဘဲ ဒီအစိုးရဖြတ်သန်းနေတဲ့ ပုံစံမျိုးပြောတတ်ပါတယ်။ ဒီဟာကိုတော့ ကျွန်မ တစ်ခါမှလည်း မဆွေးနွေးဖြစ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒေသတစ်ခု နိုင်ငံတစ်ခု ဖြတ်သန်းနေ တယ်ဆိုတာ မူဝါဒမရှိဘဲဖြတ်သန်းလို့ မရပါဘူး။ ကျွန်မတို့အစိုးရပေါ့နော် အစိုးရဆိုတာ နိုင်ငံတော် အတိုင်ပင်ခံနဲ့ သမ္မတမှာ တစ်လတစ်ခါ အမြဲတမ်းပဲ ဝန်ကြီးချုပ်တွေ ဃဘေငညနအ လုပ်ပါတယ်။

 

လုပ်တဲ့ အခါမှာလည်း ရှေ့သွားရမယ့်မူဝါဒတွေ အမြဲတမ်း ချမှတ်ပါတယ်။ ချမှတ်တဲ့ မူဝါဒကလည်း ပြည်သူ တွေကို ဖွင့်ပြောဖို့ မပြောဖို့ဆိုတာ ခွင့်တောင်းတဲ့ အခါတိုင်း ဒေါ်အောင်ဆန်းစုကြည်က မပြောခိုင်းပါ ဘူး။ ကိုယ်သွားရမယ့် လမ်းစဉ်ပဲ ထိရောက်အောင် လုပ် ဆိုပြီးတော့ အဲလိုမျိုးပြောပါတယ်။ ပြည်သူ အတွက်ကတော့ နောက်မှပဲ ချပြဆိုတဲ့အတွက်ကြောင့် မူဝါဒနဲ့ပတ်သက်ပြီးတော့ ကျွန်မတို့မှာ မရှိတာ မဟုတ်ပါဘူး။ မူဝါဒ ရှိပါတယ်။ သွားနေတဲ့ ခရီးမှာ ရက်တစ်ရာဆို ဘာမူဝါဒ၊ ရက်တစ်ရာပြီးနောက် ၆ လမှာ ဘာမူဝါဒ၊ နောက်ထပ် ၆ လမှာ ဘာမူဝါဒ၊ အခုအစိုးရ တစ်နှစ်ပြည့်ပြီးတဲ့နောက်ပေါ့နော် ဟို ၁နှစ်နဲ့ ၆ လကိုသွားမယ့် မူဝါဒက ဘာဆိုတာ အားလုံးရှိပါတယ်။ အဲဒီမူဝါဒအတိုင်းပဲ ဝန်ကြီးချုပ် တိုင်း လုပ်နေတာပါပဲ။

 

လုပ်နေတဲ့နေရာမှာတော့ ကွာခြားချက်တွေတော့ ရှိကောင်းရှိနိုင်ပါလိမ့်မယ်။ ဒါက တစ်ယောက်ကိုယ်တစ်ယောက်ရဲ့ စွမ်းဆောင် နိုင်မှုအပေါ်မှာပဲ မူတည်ပါတယ်။ ကျွန်မတို့ တနင်္သာရီတိုင်းအစိုးရအဖွဲ့ကတော့ အစိုးရမလုပ်တတ်ပါဘူး။ ကျွန်မအမှန်တိုင်းပဲ ပြောတယ်။ ကျွန်မက မွေးရာပါ မွေးရာ ပါဆိုတာက အသက် ၂၆ နှစ်ကတည်းက ဆရာဝန်ဘ၀ကို လုပ်လာပြီးတော့ ၂၆ နှစ်တိတိ ဆရာဝန်ဘ၀နဲ့ ဖြတ်သန်းလာ တဲ့သူပါ။ အဲဒီတော့ ဒီ Management ပိုင်းဆိုတာ အင်မတန်ခက်ခဲပါတယ် ကျွန်မတို့ အတွက်။ အမှားတွေ အများ ကြီးရှိပါတယ်။ ကျွန်မလည်း အမှားတွေ အများကြီး လုပ်ရပါတယ်။

 

အမှားတွေ ကနေ အမှန်တွေကို သင်ခန်းစာယူပြီး လုပ်သွားတဲ့ ခရီးလမ်းမှာ အားနည်း ချက်တွေ ချို့ယွင်းချက် တွေရှိပါတယ်။ ကျွန်မကိုယ် ကျွန်မComplete  ဖြစ် တယ်လို့ တစ်ခါ မှမပြောဘူး။ ကျွန်မမှာ အားနည်းချက် တွေရှိတယ်။ လေ့လာနေ ရတယ်။ တစ်ခါ တလေကျရင် တစ်ညလုံး မအိပ်ရဘူး လေ့လာတယ်။ အခု အကြောင်းအရာတစ်ခုကို တင်လာတဲ့ အခါမှာ ကိုယ့်ဘက်က ဘယ်လိုဆုံးဖြတ် ရမလဲဆိုတာကို တစ်ခါတလေ တစ်ည လုံး စာဖတ်ရတာတွေ ရှိပါတယ်။ ဒီလိုပဲ ကျွန်မတို့ ကြိုးစားပြီး အတတ်နိုင်ဆုံး၊ အကောင်းဆုံး ဆောင်ရွက်နေတဲ့အချိန် ကာလမှာ ပြည်သူတွေရဲ့ အားပေးကူ ညီမှုလိုပါတယ်။
အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျ။