နွားလဘို့ကြိုးဝိုင်း သစ်ထုတ်မှု ကန့်ကွက်ထားသော်လည်း မထူးသေး

0
483

ထားဝယ်ခရိုင်အတွင်းရှိ နွားလပို့ ကြိုးဝိုင်းအတွင်း သစ်ထုတ်ရန် စီစဉ်နေမှု ကို ပြန်လည်သုံးသပ်ပေးရန် ပြည်ထောင် စုဝန်ကြီးထံ စာပို့ကန့်ကွက်ထားသော် လည်း အချိန်တစ်လကျော် ကြာသည် အထိ အကြောင်းပြန်ကြားလာခြင်း မရှိ သေးကြောင်း ဦးဆောင်တိုင်ကြားသူထံမှ သိရသည်။

 
နွားလဘို့ကြိုးဝိုင်းမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် သစ်တန်ချိန် ၂၀၀၀ ထုတ်ယူရန် ဆောင်ရွက်နေမှုအပေါ် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီး နိုင်သဖြင့် ပြန်လည်သုံးသပ်ပေးရန် မတ် လ ၂၄ ရက်နေ့က သယံဇာတနှင့် ပတ်ဝန်း ကျင် ထိန်းသိမ်းရေးဝန်ကြီးထံ စာပို့ တင်ပြခဲ့ခြင်းဖြစ်သည်။

 
အဆိုပါကြိုးဝိုင်းတွင် ပြီးခဲ့သည့် ၈ နှစ်ခန့်က သစ်တန်ပေါင်းများစွာ ထုတ်ယူခဲ့ပြီးဖြစ်ကာ သစ်ပင်များ ထပ်မံ ခုတ်ယူမည်ဆိုပါက ချောင်းများ တိမ် ကောလာကာ ကြိုးဝိုင်းအနီးဝန်းကျင်ရှိ ဒေသခံရွာသားများ အခက်အခဲကြုံ တွေ့ လာနိုင်သည့်အတွက် ကန့်ကွက်ရခြင်း ဖြစ်ကြောင်း ဦးဆောင်ကန့်ကွက်သည့် လူထုအခြေပြု ဘက်စုံဖွံဖြိုးရေးကော်မတီ ဥက္ကဋ္ဌစောကျင်အောင်က ဆိုသည်။”နွားလဘို့ကြိုးဝိုင်းက သစ်တော တွေ ပြုန်းတီးလာမယ်ဆို ခရိုင်တစ်ခု လုံးကို ရာသီဥတုဆိုးတဲ့ အကျိုးဆက်ဖြစ် လာနိုင်တယ်” ဟု ဓားသွေးကျောက်ရွာခံ လည်းဖြစ်သူ ၎င်းက ပြောသည်။

 
ယခင်က သစ်များထုတ်ယူမှုကြောင့် ချောင်းများတိမ်ကောခြင်း၊ ဥယျာဉ်ခြံ အတွင်းရှိ သစ်ပင်များ သေခြင်း၊ သီးနှံ ထွက်နှုန်းလျော့ခြင်း အစရှိသည့် ပြဿ နာများ ကြုံတွေ့ခဲ့ရပြီး ထပ်မံခုတ်လှဲ မည်ဆိုပါက ကြိုးဝိုင်း ပတ်ဝန်းကျင်ရှိ အညာ ဖျားကျေးရွာအုပ်စုနေ တိုင်းရင်းသား များ အခက်အခဲကြုံတွေ့လာနိုင်ကြောင်း ကန့်ကွက်စာတွင် ဖော်ပြထားသည်။
နွားလပို့ကြိုးဝိုင်းတွင် သစ်မာတန် ၂၀၀၀ (၁၃၀၇ ပင်) ထုတ်ယူရာတွင် သတ်မှတ်ထားသည့် သစ်ပင်လုံးပတ် ပြည့်မီသည့် အပင်များကိုသာ စနစ် တကျထုတ်ယူမည်ဖြစ်ပြီး အစုလိုက် အပြုံလိုက် ထုတ်ယူခြင်းမဟုတ်ကြောင်း မြန်မာ့သစ်လုပ်ငန်း တနင်္သာရီတိုင်း ဒေသကြီး ဒုတိယအထွေထွေမန်နေဂျာ ဦးဝေကြိုင်က ဆိုသည်။

 
” ပတ်ဝန်းကျင် ထိခိုက်တယ်ဆိုတာ က သစ်ထုတ်တာ တစ်ခုတည်းမဟုတ် ဘူး၊ အကြောင်းစုံရှိတယ်” ဟု ၎င်းက ပြောသည်။
ထင်းခုတ်ယူခြင်း၊ မီးသွေးဖုတ် ခြင်း၊ တရားမဝင် သစ်ခိုးထုတ်ခြင်းနှင့် ဆည်မြောင်းများ ပြုလုပ်ခြင်း အစရှိ သည့်အကြောင်းအရာများကသာ သစ်တောကို ပိုမိုပြုန်းတီးစေကြောင်း ၎င်းက ရှင်းပြသည်။ထွက်ရှိလာသည့် သစ်များကို ဒေသဖွံ့ဖြိုးရေးအတွက်သာ အသုံးပြုမည် ဖြစ်ပြီး ထုတ်ယူမည့် အပင်များကို ပြီးခဲ့ သည့် မတ်လအတွင်း သစ်တောဦးစီး ဌာနက အမှတ်ရိုက်ပေးထားပြီးဖြစ်ကြောင်း ဦးဝေကြိုင်က ဆိုသည်။

 
ကန့်ကွက်ထားသည့် ကိစ္စနှင့်ပတ် သက်၍ ပြည်ထောင်စုဝန်ကြီးက မြန်မာ့ သစ်လုပ်ငန်းထံ တစ်စုံတစ်ရာ ပြန်လည် ညွှန်ကြားလာခြင်း မရှိသေးကြောင်း တိုင်းဒေသကြီး မြန်မာ့သစ်လုပ်ငန်းထံမှ သိရသည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် တွင် မြိတ်နှင့် ကော့သောင်း၌ သစ်မာ တန်ချိန် ၂၅၀၀၀ နှင့် ထားဝယ်ဒေသတွင် တန်ချိန် ၂၀၀၀ ထုတ်ယူရန် လျာထား ကြောင်း အထက်ပါဌာနထံမှ သိရသည်။