စည်ပင်အရေး စည်ကမ်းထိမ်းသိမ်းဌာန စနစ်တကျ ပြန်ဖွဲ့

0
361

ကော့သောင်းမြို့နယ်နိမိတ်အတွင်း ရှိ စည်ပင်သာယာနှင့် သက်ဆိုင်သော စည်ကမ်းထိမ်းသိမ်းရေး ကိစ္စမှန်သမျှကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းနိုင်ရန် စည်ပင်သာယာ စည်းကမ်းထိန်းဌာန စိတ်ကို မေလ ၅ရက်က စနစ်တကျ ပြန် လည်ဖွဲ့စည်းခဲ့သည်ဟု ကော့သောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှု ဆောင်အရာရှိက ဆိုသည်။

 
စည်ပင် စည်းကမ်းထိန်းဌာန စိတ် ကို စည်ပင်ဝန်ထမ်း ၅ ဦးဖြင့် ဖွဲ့စည်း ခဲ့ခြင်းဖြစ်ပြီး ဝတ်စုံယူနီဖောင်းများ ပေး အပ်ခဲ့သည်ဟု ဆိုသည်။
“စည်းကမ်းထိန်း ဌာနစိတ်က အစကတည်းက ဌာနမှာ ရှိပြီးသားပါ၊ အခုက ဦးထုပ်၊ ဖိနပ် ၊ သိုင်းကြိုးပါတဲ့ စည်ပင်ယူနီဖောင်းပဲ၊ ပြောင်းတာပါ” ဟု စည်ပင်သာယာ အမှုဆောင်အရာရှိ ဦးဘဂွမ်က ဆိုသည်။

 
ကမ်းနားဈေးယာဉ်ကြောပိတ်တာတွေကိုတော့ ယာဉ်ထိန်းရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး တစ်ပတ်တစ်ခါ လမ်းရှင်း သွားမည်ဟု ၎င်းက ဆိုသည်။
“စည်းကမ်းထိန်းဖွဲ့တာကတော့ ကောင်းတဲ့အလုပ်ပါပဲ၊ မြို့အတွက် အမှန်တကယ် အလုပ်လုပ်တဲ့ အဖွဲ့ဖြစ်ဖို့ တော့ လိုတာပေါ့” ဟု ပိတောက်ရွှေဝါ ရပ်ကွက်နေ ဦးကျော်သန်းက ဆိုသည်။

 
ယင်းအဖွဲ့သည် လမ်းဘေးပျံကျ ဈေးသည်များ စနစ်တကျ ဈေးရောင်း ချရေး ၊ ဈေးလမ်းကြား လူသွားလူလာ အဆင်ပြေချောမွေ့ရေး၊ ဈေးအတွင်း ယာဉ်ရပ်နားမူမျာနှင့် စည်းကမ်းမဲ့ လွှတ်ကျောင်းထားသည့် ကျွဲ ၊နွား ၊ဆိတ် တိရစ္ဆာန် များ စသည်တို့ကို စနစ်တကျ အလွယ်တကူ ဖြေရှင်းနိုင်ရေး ဖွဲ့စည်း ထားသည့် ဌာနစိတ်ဖြစ်ကြောင်း စည်ပင် သာယာရေးအဖွဲ့က ဆိုသည်။