အမျိုးသားနှစ်ဦး သုံးနာရီအတွင်း အဆိပ်သောက် သေကြောင်းကြံ

0
560

ထားဝယ်ခရိုင်အတွင်း အက်ဆစ်နှင့် မြက်သတ်ဆေးသောက်ကာ သေကြောင်းကြံစည်မှု ၂ ခု မေလ ၁ ရက်က အချိန် ၃ နာရီအတွင်း သီးခြားဖြစ်ပွားခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
ထားဝယ်ခရိုင် သရက်ချောင်းမြို့ နယ် ကြာအင်းရွာတွင် ညီမဖြစ်သူနှင့် အတူနေသည့် အသက်၃၈ နှစ်အရွယ် စိတ်ဝေဒနာရှင် အမျိုးသားက ညီမဖြစ်သူ မရှိချိန် မွန်းလွဲ ၁၂ နာရီခွဲခန့်၌ အက်ဆစ်သောက်ကာ သေကြောင်းကြံခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

 

ထို့အတူ ထားဝယ်မြို့ ဥဿရံရပ်ကွက်နေ အသက် ၅၀ နှစ်အရွယ် အရက်အလွန်အကျွံသောက်ကာ စိတ်ကယောင် ခြောက်ခြားဖြစ်နေသည့် အမျိုးသားက မွန်းလွဲ ၃ နာရီခွဲခန့်တွင် မြက်သတ် ဆေးရည်သောက်ကာ သေကြောင်းကြံစည်ခဲ့ကြောင်း တိုင်းရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
အက်ဆစ်နှင့် မြက်သတ်ဆေးရည်သောက်ကာ သေကြောင်းကြံစည်ခဲ့ ကြသည့် အမျိုးသားနှစ်ဦးကို ထားဝယ်ဆေးရုံ ကြီးသို့ တင်ပို့ကုသခဲ့သော်လည်း မေ လ ၁ ရက်တွင်ပင် နှစ်ဦးစလုံး သေဆုံးသွားခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။