ကံပေါက်ဆေးရုံတာဝန်ခံ ပြင်းထန်စွာ သတိပေးခံရ

0
405

သူနာပြု ဆရာမများအား တုတ်ဖြင့် ကြိမ်းမောင်းခဲ့သည့် ဖြစ်စဉ်ကြောင့် ကံပေါက်ဆေးရုံ တာဝန်ခံ ဒေါက်တာ မျိုးသွင် ပြင်းထန်စွာ သတိပေးခံခဲ့ရ ကြောင်း ကာယကံရှင်ထံမှ သိရသည်။

 
ထားဝယ်ခရိုင် ကံပေါက်တိုက်နယ် ဆေးရုံတွင် မတ်လ ၂၅ ရက်က ဆေးရုံ တာဝန်ခံက သူနာပြုဆရာများအား တုတ်ဖြင့် ကြိမ်းမောင်းခဲ့သည့် ဖြစ်စဉ် အပေါ် စုံစမ်းတွေ့ရှိချက်များကို ကုသ ရေးဦးစီးဌာန ရုံးချုပ်ထံ တင်ပြထားပြီး နောက် မေလ ၃ ရက် ညနေပိုင်းတွင် ညွှန်ကြားစာ ရောက်ရှိလာခြင်း ဖြစ်သည်။

 
ဝန်ထမ်းစည်းမျဉ်း ချိုးဖောက်သည့် အတွက် နောက်နောင်တွင် မပြုလုပ်ရန် ပြင်းထန်စွာ သတိပေးလိုက်သည်ဟု ညွှန်ကြားစာတွင် ပါရှိကြောင်း ကာယကံ ရှင်ဖြစ်သူ ဒေါက်တာမျိုးသွင်က ပြော ကြားသည်။ ယင်းအပြင် နောက်နောင် မပြုလုပ် ပါမည့်အကြောင်း ခံဝန်ကတိကိုလည်း ရေးထိုးထားရကြောင်း ၎င်းက ပြောသည်။

 
“သတိပေးခံရသူက ရာထူးတိုး တာတွေ မရှိတော့ တက်လမ်းမရှိတော့ ဘူးပေါ့” ဟု ဒေါက်တာမျိုးသွင်က ဆို သည်။
ဖြစ်စဉ်အပေါ် စုံစမ်းစစ်ဆေးကာ တွေ့ရှိချက်များကို သင်္ကြန်မတိုင်မီက ကုသရေးဦးစီးဌာန ရုံးချုပ်ကို တင်ပြခဲ့ပြီး တာဝန်ခံဆရာဝန်ကိုလည်း ဧပြီလ နောက်ဆုံးပတ်က ရုံးချုပ်သို့ ခေါ်ယူမေး မြန်းခဲ့ကြောင်း တိုင်းဒေသကြီး ကုသရေး ဦးစီးမှူး ဒေါက်တာမျိုးသန့်က ဆိုသည်။

 
ကံပေါက်တိုက်နယ် ဆေးရုံတာဝန် ခံက ဆေးရုံပိုင်ဖုန်းကို တုတ်ဖြင့်ရိုက်ခွဲ ခြင်း၊ စားပွဲကို တုတ်ဖြင့်ရိုက်ခြင်းနှင့် သူနာပြုဆရာမများကို ကြိမ်းမောင်းနေ သည့် ရုပ်သံမှတ်တမ်း လူမှုကွန်ရက် (facebook)ပေါ် ပျံ့နှံ့ခဲ့သည်။
ထားဝယ်ခရိုင်အတွင်းရှိ ကံပေါက် တိုက်နယ်ဆေးရုံမှာ ၁၆ ကုတင်ဆံ့ဆေး ရုံဖြစ်ပြီး တစ်လလျှင် လူနာ ၁၅၀ ဦးခန့် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရ သည်။