တနင်္သာရီတိုင်း ဟောကိန်း

0
575

မြန်မာသက္ကရာဇ် ၁၃၇၈ ခုနစ်မှ ၁၃၇၉ ခုနစ်အတွင်းသို့ ချဉ်းနင်းဝင်ရောက်ခဲ့ပြီး ဖြစ်သည်။ သို့ဖြစ်၍ ယခုနှစ်အတွင်း တနင်္သာရီ တိုင်းဒေသကြီးအတွင်း ကြုံတွေ့နိုင်မည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးရာအဖြာဖြာကို ဝေဒပညာရပ်ဖြင့် သုံးသပ်တင်ပြလိုက်ရပါသည်။ ခုနစ်ရက် သားသမီးအပေါင်းတို့ နှစ်သစ်တွင် ရွှင်လန်းချမ်းမြေ့ပါစေကြောင်း ဆုတောင်းလိုက်ရပါသည်။

တန်ခူးလ

နိုင်ငံရေး – တိုင်းပြည် အေးချမ်းသာယာမည်။ မြို့ရွာစည်ပင်မည်။
စီးပွားရေး – ပြည်သူပြည်သားများ စီးပွားရေး ဖွံ့ဖြိုးမည်။ မြေဆီမြေနှစ် ကောင်းမည်။ သီးနှံများ ဖြစ်ထွန်းမည်။ ကုန်စည်စီးဆင်း မှု မြန်ဆန်မည်။
လူမှုရေး – အလှူအတန်းများ ပြုကြမည်။ သာသနာတော်ထွန်း ကားမည်။ ရောဂါဘယနည်း၍ ကိုယ်ချမ်းသာ စိတ်ကျန်းမာမည်။

 

ကဆုန်လ
နိုင်ငံရေး – တိုင်းပြည်တိုးတက်၍ ငြိမ်းချမ်းသာယာမည်။ ပြည်သူပြည်သား များချမ်းမြေ့မည်။
စီးပွားရေး – တိုင်းတစ်ပါးသားများ ရင်းနှီးမြှုပ်နှံလာကြမည်။ အဖိုးတန် သတ္တုသယံဇာတများ ထွက်မည်။ ပွဲရုံ၊ စားသောက် ကုန်များ ဈေးကောင်းရမည်။
လူမှုရေး – လူအများ ကျန်းမာရေး ဂရုစိုက်သင့်သည်။ နိုင်ငံရေး အကြီးအကဲများ စိတ်ပင်ပန်း ကိုယ်ပင်ပန်း ဖြစ်ရတက်သည်။ တစ်နေ ရာမှ တစ်နေရာ ကူးလူးသွားလာကြမည်။

 

နယုန်လ
နိုင်ငံရေး – အချို့မြို့နယ်ဒေသများ၌ နယ်မြေ အငြင်းပွားမှုများ ဖြစ်ပေါ်တတ်သည်။ နှစ်ဖက်နားလည်မှု လွဲချော်သော်လည်း မကြာမီ ပြန်လည် အဆင်ပြေမည်။
စီးပွားရေး – စီးပွားကတော့ ဝင်ငွေ အခွင့်အလမ်းများ ရှာဖွေ နိုင်မည်။ အလုပ်အကိုင် အခွင့်အလမ်းပေါမည်။ စက်မှု လက်မှု စက်ရုံများ ဖွံ့ဖြိုးမည်။
လူမှုရေး – လူအများတရားကျင့်ကြမည်။ အနာရောဂါကင်း ကြမည်။ သီလ၊ သမာဓိ၊ ပညာထင်ရှားသော ဆရာတော် ကြီးများ ပေါ်ထွက်မည်။

 

ဝါဆိုလ
နိုင်ငံရေး – နိုင်ငံတော်အကြီးအကဲများ လာရောက်လည်ပတ် ကြမည်။ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ခိုင်မြဲမည်။ ဒေသခံ အကြီးအကဲများ ဂုဏ်ကျက်သရေ တိုးမည်။
စီးပွားရေး – အိမ်ဈေး၊ ခြံဈေးများ ဈေးကောင်းမည်။ လုပ်ငန်း များချဲ့ထွင်လာ ကြမည်။ လူငယ်များ အလုပ်အကိုင်အခွင့် အလမ်းများ၍ စီးပွားရေး အဆင်ပြေကြမည်။
လူမှုရေး – အချို့သော မြို့ရွာ မြိတ် စသောဒေသ၌ လေဘေး အန္တရာယ်ဒုက္ခပေးတတ်သည်။ မိုးများမှုလည်း ကြုံရမည်။

 

ဝါခေါင်လ
နိုင်ငံရေး – နိုင်ငံဖြတ်ကျော်ရသော နယ်နမိတ်ဒေသများ၌ အချေအတင်ပြော ဆိုညှိနှိုင်းရမည့် ကိန်းများ ရှိ၏။ သို့သော် ခဏ သာဖြစ်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး ပြေလည်တိုးတက်မည်။
စီးပွားရေး – လုပ်ငန်းရှင်ကြီးများ အဆင်ပြေကြမည်။ လူတွေ ငွေရှာလွယ်ကြမည်။ သစ်၊ သံ၊ သွပ် များဝယ်လိုအား ကောင်းမည်။ စားသောက်ကုန်ပစ္စည်းဈေး နှုန်းကောင်းမည်။ သယံဇာတများ ရှာမည်။
လူမှုရေး – ရေကြီးရေလျှံမှုများ၊ လယ်မြေပျက်စီးမှုများ ဖြစ်တတ် သည်။ လူများ ထိခိုက်ဒဏ်ရာရမှု များမည်။ အလှူအတန်း ပေါမည်။

 

တော်သလင်းလ
နိုင်ငံရေး – တချို့နေရာဒေသများ၌ နားလည်မှုလွဲပြီး မငြိမ်မသက် တိုက်ခိုက်မှု ဖြစ်ပေါ်တတ်သည်။
စီးပွားရေး – ခရီးသွားလာမှုများကြမည်။ ရင်းနှီးမြုပ်နှံမှု အား ကောင်းမည်။ စက်ရုံများ တည်ဆောက်မည်။ ရော်ဘာဈေး ကောင်းမည်။ ပုလဲဈေး ကောင်းမည်။
လူမှုရေး – မှုခင်းများ ထူပြောတတ်သည်။ မီးအန္တရာယ် ဒုက္ခပေး တတ်သည်။

 

သီတင်းကျွတ်လ
နိုင်ငံရေး – တိုင်းဒေသကြီး၌ တစ်နေ့ထက်တစ်နေ့ စည်ပင် ဖွံ့ဖြိုးမည်။ အကြီးအကဲများ ဘုန်းကျက်သရေ တိုးမည်။
စီးပွားရေး – ပဲ၊ ပြောင်း၊ နှမ်းများ ဈေးကောင်းမည်။ ရွှေသတ္တုများ ဈေးကောင်းမည်။ စက်ရုံ အလုပ်ရုံများ ဖြစ်ထွန်းမည်။
လူမှုရေး – ထေရ်ကြီး၊ ဝါကြီးဆရာတော်များ နာရေးဖြစ်တတ် သည်။ အကြီးအကဲများ ကျန်းမာရေး ဂရုစိုက်ရမည်။

 

တန်ဆောင်မုန်းလ
နိုင်ငံရေး – တိုင်းဒေသကြီး ဂုဏ်သိက္ခာ တိုးတက်မည်။ ထင်ပေါ် ကျော်စောမည်။ သို့သော် မြို့ရွာများ၌ ပေါက်ကွဲမှု အသေးစားများ ဖြစ်တတ်သည်။
စီးပွားရေး – ပြည်သူပြည်သား၊ လူတန်းစားအမျိုးမျိုး လုပ်ငန်း များ အဆင်ပြေကြမည်။ ချောင်ချောင်လည်လည် ရှိကြမည်။
လူမှုရေး – ယာဉ်အန္တရာယ် များမည်။ အလှူအတန်းများ မင်္ဂလာကိန်းများ ပေါများမည်။ သာသနာထေရ်အရှင်မြတ် ထူးချွန်သူ ပေါ်ထွက်မည်။

 

နတ်တော်လ
နိုင်ငံရေး – နိုင်ငံတကာမှ အကြီးအကဲများ လာကြမည်။ ချစ်ကြည်ရင်းနှီးမှု အပြန်အလှန် ရှိကြမည်။ တိုင်းပြည်တိုးတက်ရေး ဆောင်ရွက်ကြမည်။
စီးပွားရေး – ကုန်သွယ်လယ်လုပ်သူများ အဆင်ပြေကြမည်။ သယံဇာတများ ပေါ်ထွက်မည်။ ဟိုတယ်ခရီးသွား လုပ်ငန်းများ ကောင်းမည်။ ရင်းနှီးမြှုပ်နှံမှု အကြီးစားများ ဆောင်ရွက်ကြမည်။
လူမှုရေး – အကြီးအကဲများ မိမိ ကျန်းမာရေး ဂရုစိုက်ရမည်။ လူတွေတရား စောင့်ကြမည်။ ပြည်သူပြည်သားများ ကျန်းမာရွှင်လန်း ကြမည်။

 

ပြာသိုလ
နိုင်ငံရေး – အားလုံး စည်းလုံး ညီညွတ်ကြ၍ တိုင်းပြည်ဖွံ့ဖြိုး သာယာမည်။
စီးပွားရေး – ရင်းနှီးမြှုပ်နှံကြသူများ ထိခိုက်ရတတ်သည်။ အလုပ်အကိုင် အခွင့်အလမ်းများ ထိခိုက်တက်သည်။
လူမှုရေး – ရာသီဥတု အအေးလွန် တတ်သည်။ ကျန်းမာရေး ထိခိုက်မှုများ တတ်သည်။

 

တပို့တွဲလ
နိုင်ငံရေး – အကြီးအကဲများ နိုင်ငံရပ်ခြား ခရီးများသွားကြမည်။ တိုင်းဒေသကြီး၌ ရန်စွယ်ကင်း၍ အေးချမ်းသာယာ နေမည်။
စီးပွားရေး – ငွေကြေး ရှာရဖွေရ လွယ်ကူမည်။ အိမ်ရာများ အဆောက်အအုံများ တည်ဆောက်ကြမည်။ ခုနစ်ရက် သားသမီးများ လုပ်ငန်းများ အဆင်ပြေမည်။ ကုန်ဈေးနှုန်းကျမည်။
လူမှုရေး – အလှူအတန်းများ၊ ကျောင်းကန်ဘုရား တည် ဆောက်သူများမည်။

 

တပေါင်းလ
နိုင်ငံရေး – ဖွံ့ဖြိုးတိုးတက်မည်။ အိမ်နီးချင်း နိုင်ငံများနှင့် ဆက်ဆံရေး အေးစက်စက် ဖြစ်ရတတ်သည်။
စီးပွားရေး – ပဲ၊ ပြောင်း၊ နှမ်း စားသောက်ကုန်များ ပေါများ မည်။ ဈေးကောင်းရမည်။ ရာသီဥတုသာယာပြီး စီးပွားတိုးတက် ကြမည်။
လူမှုရေး – လူများ ယာဉ်အန္တရာယ်ကြောင့် ထိခိုက်မှု များမည်။ တောင်ဘက် စွန်းကျသော မြို့ရွာများ၌ ရေဘေးအန္တရာယ်ဖြစ်တတ် သည်။

လိုရာဆန္ဒပြည့်ဝကြပါစေ။

 

ဆရာရွှေစင်မြတ်(Geology)
ဝေဒလက္ခဏသုတေသီ