ဘုရားဖူးများကို ဓားကိုင်ရမ်း ကားနေသူအား ဂေါပကအဖွဲ့ ဖမ်းဆီး

0
401

ကော့သောင်းမြို့တွင် ဘုရားဖူး များအာ ဓားကိုင်ရမ်းကားနေသူ တစ်ဦး အား ပြည်တော်အေး ဂေါပကအဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။
ဧပြီ ၂၆ ရက် နံနက် ၈ နာရီခန့်က ပြည်တော်အေး စေတီတော် ရင်ပြင်တွင် ဘုရားဖူးများအား ၈ လက်မ အရွယ်ဓား တိုဖြင့် လိုက်လံ ရမ်းကားနေသည့်အတွက် ပြည်တော်အေးစေတီ ဂေါပက လုံခြုံရေး များက ဝိုင်းဝမ်းဖမ်းဆီးပြီး နယ်ထိန်းမှ တဆင့် မြို့မရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ ကြောင်း သိရသည်။
” စိတ်မနှံ့သူလို့ထင်ပြီး ဘာမှ မပြောဘဲ လွှတ်ပေးထားတာ၊ ခြင်္သေ့ နှစ်ကောင်ရှေ့မှာ အမြဲအိပ်တယ်၊ ဒီမနက် သူက ဘုရားဖူးတွေကို လိုက်ခြိမ်းခြောက် နေတော့ ဝိုင်းဖမ်းလိုက်ကြတာ၊ သူ့မှာ နှစ်ဖက် ချွန်ကပ်ကြေးတွေ၊ ရှစ်လက်မ အရွယ် ဓါးမြှောင်တိုတွေ အိတ်ထဲ ထည့် ထားတာ တွေ့ရတယ်၊ ရဲစခန်းမှာ စစ်တဲ့ အခါမှ အရူးမဟုတ်မှန်း သိရတယ်၊ မော်လမြိုင် ဘက်ကလို့ ပြောတယ်” ဟု ပြည်တော်အေးစေတီ ဂေါပကဥက္ကဋ္ဌ ဦးကျော်မိုးက ပြောပြသည်။

 
လက်ရှိတွင် ဓားကိုင်ရမ်းကား သူအား မြို့မရဲစခန်းမှ ဆက်လက် စစ် ဆေးဆဲ ဖြစ်သည်။