” ယူမှ အလုပ်လုပ်ရတယ်ဆိုတဲ့ စိတ်ခံစားချက်တစ်ခုကို ကျွန်မတို့က ပြောင်းပြန်လှန်ပစ်နေတာပါ” – တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချူပ် ဒေါက်တာလဲ့လဲ့မော်နှင့် တွေ့ဆုံခြင်း (၂)

0
699

တနင်္သာရီတိုင်းလုံးကျွတ် ရွေးကောက်ပွဲနိုင်ပြီး၊ တက်လာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရအဖွဲ့ကို ပြဿနာပေါင်းများစွာက စောင့်ကြိုနေသည်။ ထိုကိစ္စများကို ရှင်းရန် တစ်နှစ်သား တနင်္သာရီ တိုင်းဒေသကြီး အစိုးရမည်မျှ ခရီးပေါက်ခဲ့ပြီနည်း။ တစ်နှစ်တာကာလအတွင်း ဌာနဆိုင်ရာများနှင့် လက်တွဲ လုပ်ဆောင်မှုအခြေအနေ အဘယ်သို့နည်း။ ယင်းတို့နှင့်ပတ်သက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်ကို တနင်္သာရီအပတ်စဉ် အယ်ဒီတာရဲထွဋ်က တွေ့ဆုံမေးမြန်းထားပါသည်။

တနင်္သာရီ။ ။ ပြီးခဲ့တဲ့ သက်တမ်း ထဲမှာ တိုင်းအစိုးရအဖွဲ့အနေနဲ့ ဌာနဆိုင် ရာတွေ သက်ဆိုင်ရာ ဌာန အဖွဲ့အစည်း တွေနဲ့ လက်တွဲ အလုပ်လုပ်ရတဲ့အခါမှာ ဘယ်လို အခြေအနေရှိလဲ ခင်ဗျ။
ဒေါက်တာလဲ့လဲ့မော်။ ။ လူဆိုတာ က တစ်ယောက်နဲ့ တစ်ယောက်မတူ သလိုပေါ့။ အလုပ်လုပ်လို့ ကောင်းတဲ့ သူရှိသလို အလုပ်လုပ်လို့ မကောင်းတဲ့ သူတွေလည်း ရှိပါတယ်။ ကိုယ့်လက်ကိုပဲ အတိုအရှည် မညီသေးတာပဲ။ ဒါကတော့ ပုံသေပြောလို့ မရဘူးလေ။ ဒါပေမဲ့ ဌာန ဆိုင်ရာမှာ အများအားဖြင့် အကြီးအမှူး တွေ လုပ်နေတဲ့သူတွေက စစ်တပ်ရဲ့ လွှမ်းမိုးမှုအောက်မှာ ရှိနေသေးတယ်ဆို တော့ နည်းနည်းတော့ လုပ်ရကိုင်ရ ခက် တာပေါ့။
ဒါပေမဲ့ ကျွန်မ ဒီနေရာကို စမရောက် ခင်မှာ အမေရိကန် စီးပွားရေးကောင်စစ် ဝန်က ဒီနေရာမှာပဲ လာမေးပါတယ် ကျွန်မကို။ ပထမဦးဆုံး ထိုင်တဲ့နေ့မှာပဲ လာမေးပါတယ်။ ဘယ်လိုလုပ် ဝန်ကြီးချုပ် က အင်မတန် ခက်ခဲလှတဲ့သူတို့ကတော့ အန္တရာယ်တွေ ရောပြွမ်းနေတဲ့ တောပေါ့ နော် အဲလိုမျိုး သူတို့သုံးနှုန်းပါတယ်။ အဲဒီထဲမှာ ဘယ်လို စိန်ခေါ်မှုနဲ့ မိန်းမ တစ်ယောက်အနေနဲ့ သွားမလဲလို့ သူက မေးပါတယ်။ သူမေးလည်း မေးချင်စရာ ပဲလေ။ အဲဒီတော့ တော်တော်မေးချင် စရာကောင်းတဲ့ မေးခွန်းပဲလို့ ကျွန်မက ဖြေပြီးတော့ ကျွန်မကတော့ မေတ္တာ တရားနဲ့ပဲ သွားမယ်လို့ ပြောပါတယ်။

 

အခုလည်း ကျွန်မတို့ တနင်္သာရီ တိုင်းဟာ မေတ္တာတရားနဲ့ပဲ သွားပါတယ်။အခုဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လူ၇၀၀ လောက် ၃ ရက်ပေါ့နော် လုပ်ခဲ့တယ်။ ဒီမှာလည်း မေတ္တာတရားနဲ့ မသွားဘူးဆိုရင် ဒီဆွေး နွေးပွဲကြီးဟာ မအောင်မြင်နိုင်ပါဘူး။ ပိုက်ဆံမရှိပါဘူး ကျွန်မတို့ အစိုးရအဖွဲ့ မှာ။ သိတဲ့အတိုင်းပဲ သူ့ဘတ်ဂျက်ရဲ့ Fix လုပ်ထားတဲ့ ဘောင်ထဲက အတိုင်းပဲ သုံးဆောင်သွားရတဲ့အခါကျတော့ ဒီဒေသ က ဌာနဆိုင်ရာတွေ မပူးပေါင်း မပါဝင်ဘဲ နဲ့ ဒီလုပ်ငန်းကြီးက ဘယ်လိုမှ ဖြစ် မြောက်နိုင်စရာ အကြောင်းမရှိပါဘူး။

 
ဒီလောက်များပြားလှတဲ့လူတွေ။ ကရင်မှာဆို သိန်း တစ်ထောင့်နှစ်ရာ ကုန်တယ်။ အစ်မတို့မှာ သိန်းငါးရာ ကျော်ပဲ ကုန်တယ်။ အဲတော့ ဘာပဲ ဖြစ် ဖြစ်ပေါ့နော်။ ဒီဟာလေးက ပြယုဂ်ပါပဲ။ မေတ္တာတရားနဲ့ သွားတယ် ဆိုရင်တော့ မအောင်မြင်နိုင်စရာတော့ မရှိပါဘူး။ ဒါပေမဲ့လို့ ကိုယ်သွားနေတဲ့ လမ်း ကြောင်းမှာ လိုက်မပါချင်တဲ့ လူလည်း ရှိတာပေါ့။ ကန့်လန့်သွားတဲ့ လူတွေ၊ ဘေးတိုက်သွားနေတဲ့သူတွေ၊ နောက်ပြန် ဆုတ်နေတဲ့လူတွေလည်း အများကြီးပေါ့။ ဒါကတော့ ဘယ်စနစ် တိုင်းမဆို ဖြစ်နေ တာပဲလေ။

 
တနင်္သာရီ။ ။သူတို့တွေနဲ့ ဆက်ဆံ ရေးက ဘယ်လိုရှိလဲခင်ဗျ။ ခုနက အခက် အခဲ နည်းနည်းရှိတယ် ပြောလို့လေ။

ဒေါက်တာလဲ့လဲ့မော်။ ။ အခက်အခဲ ရှိပါတယ် အများကြီး။ ဆက်ဆံရေးက တော့ အဓိကကတော့ Corruption ပေါ့။ Corruption ကိုတော့ ကျွန်မတို့ အစိုးရအဖွဲ့ကတော့ လုံးဝကင်းလွတ် အောင်နေပါတယ်။ ဘေးနားက လူတွေက ဒီ Construction  တွေကို ပိုက်ဆံတောင်း နေတယ်။ ဝန်ကြီးချုပ်က ဆိုတာ ကျွန်မ သစ္စာရေ သောက်ပြီး ပြောလို့ရပါတယ်။ ကျွန်မတို့ ဘယ် Constructionကိုမှ ကျွန်မ အခန်းထဲလည်း မခေါ်ပါဘူး။ လာရင်လည်း ကျွန်မ မတွေ့ပါဘူး။

 

ဘာဖြစ်လို့ မတွေ့လဲဆိုတော့ တွေ့လိုက် ပြီဆိုကတည်းက သူတို့ဆီက ဘာညာ သရကာ လက်ဆောင် ပဏ္ဏာတစ်ခုခုကို မျှော်လင့်တယ်လို့ ထင်မှာစိုးလို့ပါ။ သူတို့ အလုပ်ကိုလုပ်။ သူတို့ပေးတဲ့ ပိုက်ဆံထဲက အကောင်းဆုံးလုပ်။ ဒါဆို တို့နဲ့ တွေ့စရာ အကြောင်းမရှိဘူးလို့ ဒီအတိုင်းပဲ ပြောတာပါ။
ဒီဆောက်လုပ်ရေး ကုမ္ပဏီတွေနဲ့ တင်ဒါလုပ်ငန်းတွေလည်း ကျွန်မနဲ့ ဘာမှ မပတ်သက်ဘူး။ ဒါပေမဲ့လို့ တင်ဒါပေးတဲ့ အချိန်ကျရင်သာ ကျွန်မ က နည်းနည်းတော့ ပြန်လည်စိစစ် ပါတယ်။ ပြန်လည်စိစစ်တယ်ဆိုတာက ဒီကုမ္ပဏီတစ်ခုကတော့ နင်တို့ တင်ဒါ ပေးတာ များနေပြီ။ ဟိုနေ့ကလည်း နှစ်ခု ပေးပြီးပြီ။ အခုတော့ သူ့ကို မပေးနဲ့တော့။ နောက်တစ်ယောက်ကိုပေး။ ကျွန်မရဲ့ ဆန္ဒက ဘာလဲဆိုတော့ ဒီဒေသမှာရှိတဲ့ ဆောက်လုပ်ရေး လုပ်ငန်းရှင် အားလုံး အလုပ်လုပ်ရ စေချင်တယ်။

 

ဒီထဲကမှ ကျွန်မတို့ Scan လုပ်လိုက်ပြီးတော့ ဟိုဒင်းပေါ့နော် ရည်ရွယ်ချက် မကောင်း တဲ့သူတွေ၊ ဦးတည်ချက်မကောင်းတဲ့ သူတွေ နောက်နှစ်ထား ပစ်ခဲ့မှာပေါ့။ ကောင်းတဲ့ သူတွေကို ခိုင်းမှာပေါ့။ ဒါကို စာမေးပွဲစစ်နေတဲ့ သဘောပါ။ ကျွန်မတို့ တွေ့လည်း မတွေ့ဘူး။ ဘယ်သူ့ဆီကမှ ယူစရာလည်း မလိုပါဘူး။ ယူမှ အလုပ် လုပ်ရတယ်ဆိုတဲ့ စိတ်ခံစားချက်တစ်ခုကို ကျွန်မတို့က ပြောင်းပြန်လှန်ပစ်နေတာပါ။ ဒီအချိန်မှာတော့ ကျွန်မ ဝန်ကြီးအဖွဲ့ကို လည်း ပြောပါတယ်။

 
ဝန်ကြီးတို့ ယူတယ်ဆိုရင်တော့ ဝန်ကြီးတို့ဖာသာ ဝန်ကြီးတို့ ဖြေရှင်း ရမယ့်ကိစ္စ ဖြစ်ပါတယ်လို့။ ကျွန်မအနေနဲ့ ကတော့ လုံးဝ ဒီကိစ္စကို လက်မခံပါဘူးဆို တဲ့ဟာကို ကျွန်မပြောထားပြီးပြီ။ တစ်ခါ တစ်လေလည်း ကြားပါတယ်။ ဘယ်ဝန် ကြီးကို ဘယ်လောက် ပေးလိုက်ရတယ် ဘာတယ် ဟုတ်သည် မဟုတ်သည်ကို တော့ သူယူတဲ့သူသာ သိပါလိမ့်မယ်။ဒါပေမယ့် တစ်နေ့နေ့ တစ်ချိန်ချိန် မှာ ပြဿနာဖြစ်လာရင်တော့ ဝန်ကြီး ဘာသာဝန်ကြီး ရှင်းရမယ်လို့ ကျွန်မ ပြောပြီးသား။

 

တနင်္သာရီ။ ။ ပြီးခဲ့တဲ့လက တင်ဒါ နဲ့ပက်သက် ပြီးတော့ သတင်းစာရှင်း လင်းပွဲ တစ်ခုကို ကုမ္ပဏီတွေစုပြီး လုပ် သွားဖူးတာရှိတယ်ခင်ဗျ။ အဲဒီမှာ ဆည်မြောင်း တင်ဒါတွေနဲ့ ပတ်သက်ပြီး တော့ ဈေးအများဆုံး လူကိုပေးတယ်။ ပြီးတော့ နောက် တစ်ခုက လေယာဉ်ကွင်း ပြင်ဆင် ထိန်းသိမ်း ရမယ့်ကိစ္စတွေကို တင်ဒါ မခေါ်ဘဲပေးတယ်ဆိုပြီးတော့ ဝေဖန် တာတွေ ရှိတယ်ပေါ့နော်။ အဲဒီ အပေါ်မှာရော ဝန်ကြီးချုပ်အနေနဲ့ ဘာ များ ပြောချင်တာရှိလဲ မသိဘူးခင်ဗျ။
ဒေါက်တာလဲ့လဲ့မော်။ ။ ပထမဦး ဆုံးက ခုနက ဆည်မြောင်းတင်ဒါပေါ့နော်။ ဆည်မြောင်းတင်ဒါဆိုတာက ကျွန်မတို့ ဒေသမှာ တစ်ခါမှ မပေးဖူးသေးဘူး။ တစ်ခါမှ မလုပ်ဖူးဘူး။ မလုပ်ဖူးတော့ ဒီဆည်မြောင်း တင်ဒါကို ခေါ်လိုက်တဲ့ အခါမှာ ဟိုပြည်မကပဲပေါ့နော်။ ကျွန်မ တော့ နာမည် မပြောပါရစေနဲ့။ ပြည်မ ကုမ္ပဏီတစ်ခုက လာလျှောက်တယ်။ တင်ဒါ ၄ ခုမှာ အင်မတန် ချောင်ကျတဲ့ ရေဖြူထဲက တင်ဒါတစ်ခုက လွဲလို့ ၃ ခု စလုံးမှာ သူက ပထမ ရနေတယ်။ အဲဒီ တော့ ကျွန်မက Cabinet မှာ ဘာပြောလဲ ဆိုတော့ တို့တိုင်း၊ တို့ပြည်နယ်က မဟုတ် တဲ့ လူတစ်ယောက်က တင်ဒါ ၃ ခုစလုံး မှာ ပထမရနေတာ မရိုးသားဘူးလို့ ကျွန်မက ပြောတယ်။ ဟုတ်တယ်လေ။ သူ ၃ ခုစလုံးမှာ ပထမရလို့ မရဘူးလေ။ မရိုးသားဘူးလို့ ကျွန်မ နံပါတ် ၁ အချက် ပြောတယ်။
အဲတော့ ဒီ ၃ခု စလုံးမှာ မပေးပါနဲ့ လို့။ ကျွန်မက အရင်ပုံစံအတိုင်းပါပဲ။ ကျွန်မမှာက ခံယူချက်ရှိတာပေါ့ ခုနက ဒီ ၃ခု စလုံးမှာ မပေးနဲ့။ သူ့ကို မြို့နယ် နီးတဲ့ လုပ်ငန်းတစ်ခုမှာ ကိုယ်မပြတ် တမ်းသွားကြည့် နိုင်တဲ့လုပ်ငန်းတစ်ခုမှာ ပေးလိုက်။ ကျန်တဲ့နှစ်ခုမှာ ဥပမာ လောင်းလုံးနဲ့ ရေဖြူနှစ်ခုဆိုရင် လောင်းလုံး မှာ တင်ဒါလုပ်နေတဲ့ ဝန်ကြီးတို့ စိတ် တိုင်းကျ သူ့မှာ သူ့တင်ဒါမှာ သူ့ကြီး ကြပ်ကော်မတီဥက္ကဋ္ဌ ရှိပြီးသားရှင့်။ ကျွန်မမဟုတ်ဘူး ကြီးကြပ်ကော်မတီ ဥက္ကဋ္ဌက။ ဝန်ကြီးတို့ စိတ်တိုင်းကျ အလုပ်လုပ်လည်း တော်တယ်။ သူ့မှာ ယန္တရား ဆည်မြောင်းဆိုတော့ မြောင်း တွေ ဘာတွေဖောက်ရတယ်ဆိုတော့ ယန္တရားလည်း ရှိတယ်။

 

ဟို သေသေ သပ်သပ် လည်းရှိတဲ့ လူကို ပေးလိုက်။ ဒါပေမယ့် သူ့ကိုတော့ ၃ ခု စလုံးမှာ ပထမရလို့ သူ့ကို တစ်ခုပေးဆိုတော့ သူက မကျေ နပ်ပါဘူး။ သူက အားလုံး ၃ ခုမှာ ပထမရနေတာ ဆိုတော့ သူလို ချင်တာ ပေါ့။ တင်ဒါဆိုတာ သူတို့ လိုချင်တိုင်း ပေးဖို့ ဟုတ်မှ မဟုတ်တာ။ တင်ဒါဆိုတာ သူ့ရဲ့ကြီးကြပ်ရေး ကော်မတီ ရှိတယ်။ ကြီးကြပ်ရေးကော်မတီပြီးမှ ကျွန်မက တစ်ခါ စိစစ်သေးတာ။ အဆင့် နှစ်ဆင့်ကို ဖြတ်ရဦးမယ်။ သူတို့တိုင်း ဦးစီးမှူးက နင်ရပြီ ဆိုတိုင်းသူရတာမှ မဟုတ်တာ။ တိုင်းဦးစီးမှူးရဲ့ ဆုံးဖြတ် ချက် မဟုတ်ဘူးလေ။ တိုင်းအစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ဟာကို. . . နော်။ ဒါကို သူတို့က မသိလို့။ သူတို့ လိုချင်တာ မရ လို့။လုပ်တဲ့ တင်ဒါကတော့ အများကြီး လျှောက်ကြတာပဲ။ လူ သုံးဆယ် လေး ဆယ်လျှောက်တာပဲ။ သူတို့ကိုတော့ အားလုံး ဘယ်ပေးနိုင်ပါ့မလဲ။

 

ဒီလေယာဉ်ကွင်း ကိစ္စ။ ဒီလေယာဉ် ကွင်းကိစ္စက ဘယ်လိုဖြစ်လဲဆိုတော့ လေယာဉ်ကွင်းမှာ မြက်ခြုံတွေ၊ တောတွေ ထူနေတာ မင်းတို့လည်း မြင်တယ်။ မီးလောင်လို့ရှိရင် ဒုက္ခပဲ။ ကျွန်မက ပြော တယ်။ အဲတော့ သူနဲ့ သက်ဆိုင်တဲ့ ပို့ ဆောင်ဆက်သွယ်ရေး ဝန်ကြီးကို စာ တင်ဆိုတော့ ပို့ဆောင်ဆက်သွယ် ရေးက ပြန်စာလာပါတယ်။ သူတို့မှာ ဘတ်ဂျက် မရှိပါဘူးတဲ့ လေယာဉ်ကွင်း ရှင်းဖို့ အတွက်။ အဲတော့ ဘတ်ဂျက်မရှိတဲ့ အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ သူ့ရဲ့ လုပ်ပိုင်ခွင့်ထဲမှာ လုပ်ပါဆိုပြီး စာပြန် လာပါတယ်။

 

စာပြန်လာတော့ လုပ်ပိုင် ခွင့်ဆိုတာ အဲဒီအချိန်မှာ တင်ဒါတွေက ပိုလျှံငွေတွေ မထွက်လာသေးဘူး။ တင်ဒါပိုလျှံငွေဆိုတာ ကျွန်မတို့ လုပ် နည်း၊ ငွေရေးကြေးရေး ပုံစံအရဆိုရင် ဥပမာ ဆောက်လုပ်ရေးက တင်ဒါ ပိုလျှံ ငွေ သိန်းတစ်ထောင်ထွက်လာတယ် ဆိုရင် ဆောက်လုပ်ရေးဝန်ကြီးဌာနကို ပြောရတယ်။ ဟာ ဆောက်လုပ်ရေး ဝန်ကြီးဌာနက တင်ဒါပိုလျှံငွေ သိန်းတစ် ထောင်ထွက်လာတယ်။ အဲဒါဆို ဆောက် လုပ်ရေးဝန် ကြီးဌာနက စာပြန်လာပါ တယ်။ ဒီ သိန်းတစ်ထောင်ကို ဆောက် လုပ်ရေးအပိုင်းမှာပဲ သုံးပေးပါဆိုပြီး တော့။ အဲဒါဆို ကျွန်မတို့က စာပြန်ပို့ ပါတယ်။

 

ဆောက်လုပ်ရေး အပိုင်းမှာ တော့ သုံးစရာမရှိတဲ့အတွက် လမ်းပန်း ဆက်သွယ်ရေး အခုလိုပေါ့နော် ပို့/ ဆက်နဲ့ ဆိုင်တဲ့လုပ်ငန်းမှာ ကျွန်မတို့ သုံးချင်ပါတယ်။ ဒီလေယာဉ်ကွင်းတွေ ဘာတွေညာ တွေပေါ့။ ပြောလို့ရှိရင်ဟာ သုံးလိုက်ပါဆိုရင် ကျွန်မတို့က သုံးလို့ ရပါတယ်။ GRF ဆိုတာ အဲလိုမျိုး ပိုက်ဆံပါ။ အဲတော့ အဲဒီပိုက်ဆံကို စုလိုက်တဲ့အခါကျတော့ သိန်းပေါင်း ခုနစ်ထောင်ကျော်လောက်ရတယ်။ ခုနစ်ထောင်ကျော်ထဲက ဒီလေယာဉ် ကွင်းကို လုပ်ဖို့အတွက် ကျွန်မတို့ စပျိုး တာပါ။ ဒါပေမဲ့ စပျိုးပေမယ့် စလုပ်ခဲ့ စဉ်အချိန်တုန်းက သူပိုက်ဆံ တစ်ပြားမှ မရပါဘူး။

 

အဲတော့ နင် ကျွန်မတို့ ပြောပါတယ်။ အားလုံးပဲ ဝန်ကြီးတွေ လည်းပါတယ်။ တိုင်းအစိုးရ အဖွဲ့က Cabinet မှာ ခေါ်ပြီးတော့ နင်တို့ကို လုပ်ပေး ဒီကိစ္စတစ်ခုကို။ ဒါပေမဲ့ လို့ နင် ပိုက်ဆံကတော့ ဘယ်အချိန်ရမယ် မှန်း မသိဘူး။ ပြည်ထောင်စုက ဒီဟာ တွေကို သုံးခွင့်ပြုပြီဆိုတော့မှ နင်ရမှာ။ အဲတော့ နင်အခု ကြိုတင်ပြီး လုပ်ပေး ဆိုပြီးတော့။ ဘာဖြစ်လို့ ဆန်နီကို ရွေးချယ်ရလဲဆိုတော့ ဒီတက္ကသိုလ်ကြီး တစ်ခုလုံးကို အဲလောက် ဆိုးဆိုး ဝါးဝါး ဖြစ်နေတဲ့အချိန်ကာလမှာ အစ်မတို့ သက်ဆိုင်ရာ ကော်မတီတွေ အားလုံးကို ခေါ်ပြောတဲ့အခါမှာ အစ်မတို့ နောက်ကို ဘယ်သူလိုက်လာလဲဆိုတာ မင်းတို့ သိတာပဲ။

 

ဒီတက္ကသိုလ်ကြီး တစ်ခုလုံး အရမ်းကိုပဲ ဖြစ်ချင်တိုင်း ဖြစ်နေတဲ့ အနေအထားမှာ တို့နဲ့ အတူတူ လက်တွဲပြီး ပေါင်းစပ် လုပ်ကိုင်ခဲ့တဲ့ ကုမ္ပဏီကို အစ်မတို့က Chance  ပေး လိုက်ရုံမျှပဲ။ ဒီ ပိုက်ဆံကလည်း ခုနက ပြောတဲ့ Procedure အတိုင်း သွားတဲ့ ပိုက်ဆံ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အထွေထွေပို လျှံငွေကနေ အစ်မတို့ အသုံးပြုတယ်။ ဒီလိုသုံးတဲ့ အချိန်မှာ လည်း အစ်မက ဦးဝင်းမြင့် (ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ)ကိုလည်း အကြောင်း ကြားတယ်။ အန်ကယ် ဦးဝင်းထိန် ကိုလည်း အကြောင်းကြားတယ်။ အမေ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အသိ ပေးတယ်။

 

အစ်မတို့ ပြည်ထောင်စုနဲ့ လည်း ချိတ်ဆက်ပြီး လုပ်သွားတာပါ။ လွှတ်တော်ကိုလည်း ဒီပိုက်ဆံတွေ သုံးတယ်ဆိုတဲ့အကြောင်းကို စာတင်ပါ တယ်။ လွန်ခဲ့တဲ့ နှစ်လ ကတည်းကပါ။ ဒါကို လွှတ်တော်ဥက္ကဋ္ဌကတော့ ပျောက် နေတယ်လို့ ပြောပါတယ် အဲဒီစာ။ ကျွန်မတို့ဆီမှာ စာအမှတ် ရှိတယ်။ စာပို့ တဲ့ လက်ခံတဲ့ ဟိုဘက်က Reply Letter ရှိတယ်။ ဒါပေမဲ့ သူတို့ဘက်ကတော့ ပျောက်နေတယ်လို့ ပြောတယ်။ ပျောက် တာ မပျောက်တာကတော့ သူတို့ရဲ့ စွမ်းဆောင်ချက်ပါ။ ကျွန်မတို့ဘက်က လုပ်ဆောင်ရမယ့်ကိစ္စကိုတော့ ကျွန်မတို့ Complete  ဖြစ်အောင် လုပ်ပါတယ်။
ဆက်လက်ဖော်ပြပါမည်။