အစိုးရသစ်လက်ထက်တွင် နိုင်ငံ ခြားသားခရီးသည် ဝင်ရောက်မှု နှစ်သောင်းနီးပါး တိုး

0
449

အစိုးရသစ်၏ ပထမနှစ်အတွင်း နယ်စပ်ဂိတ်များမှတစ်ဆင့် တနင်္သာရီ တိုင်းသို့ နိုင်ငံခြားသား ခရီးသည်ဝင် ရောက်မှု ၂ သောင်းနီးပါး တိုးလာ ကြောင်း ထားဝယ်ခရိုင် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
ယခင်အစိုးရလက်ထက် ၂၀၁၅ ခုနှစ် ဧပြီလ မှ ၂၀၁၆ ခုနှစ်မတ်လအထိ နိုင်ငံခြားသားဦးရေ ၃၃၀၀၀၀ ကျော် ဝင်ရောက်ခဲ့ပြီး အစိုးရသစ်လက်ထက် ၂၀၁၆ ခုနှစ် ဧပြီလမှ ၂၀၁၇ ခုနစ် မတ်လအထိ နိုင်ငံခြားသားဦးရေ ၃၅၀၀၀၀ ကျော် ဝင်ရောက်ခဲ့ခြင်းဖြစ် သည်။
” လုံခြုံရေးနဲ့ လမ်းပန်းဆက်သွယ် ရေး ပိုကောင်းလာတဲ့အတွက် နောက်ပိုင်း ပိုဝင်လာမယ်လို့ ခန့်မှန်းတယ်” ဟု ဟိုတယ်/ခရီးဌာနမှ ထားဝယ်ခရိုင် ဦးစီးမှူး ဦးသက်နိုင်ထွေးက ပြောသည်။

 
နိုင်ငံခြားသားများဝင်ရောက်မှု တိုးလာသည့်အတွက် ၎င်းတို့အတွက် စားသောက်ဆိုင်များ တိုးဖွင့်ရန် လိုအပ် သည်ဟု ၎င်းက ဆိုသည်။
နိုင်ငံခြားသားများက လူအရောက် အပေါက်နည်းသည့် ကမ်းခြေများကို စိတ်ဝင်စားမှုများသည့်အတွက် ယင်းနေရာ များတွင် အစိုးရကဟိုတယ်များ ဆောက် လုပ်ခွင့်ပြုရန် လိုအပ်ကြောင်းက ခရီး သွားလုပ်ငန်း လုပ်ကိုင်နေသူအချို့က ပြောဆိုကြသည်။

 
တိုင်းအတွင်း နိုင်ငံခြားသားများ တည်းခိုနိုင်သည့် ဟိုတယ် ၂၇ လုံးနှင့် တည်းခိုရိပ်သာ ၉ လုံးရှိပြီး အခန်းပေါင်း ၁၄၄၇ ခန်းရှိကြောင်း ထားဝယ်ခရိုင် ဟိုတယ်^ခရီးဌာန၏ မှတ်တမ်းအရ သိရသည်။