မူးယစ်ဆေး ရှာမည့် ဗန်ဒိန်း၊ မိုင်းရှာမည့် ဆန်းမီ

0
640

တိုင်းအတွင်း မိုင်းနှင့် မူးယစ်ဆေး ရှာဖွေပေးမည့် ခွေးနှစ်ကောင်ရှိလာ ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ် ဖွဲ့မှူးရုံးထံမှ သိရသည်။
ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်တွင် နယ်စပ် မြို့ဖြစ်သည့် ကော့သောင်းမြို့တွင် မူးယစ်ဆေးဝါးရှာဖွေရေးအတွက် ဗန်ဒိန်း အမည်ရှိ ခွေးတစ်ကောင်ရှိရာမှ ၂၀၁၇ ခုနှစ် ဧပြီလတွင် မိုင်းရှာဖွေရာတွင် အသုံး ပြုမည့် ဆန်းမီအမည်ရှိ ခွေးတစ်ကောင် ထားဝယ်မြို့သို့ ထပ်ရောက်လာကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦး က ဆိုသည်။

 
” သင်တန်းတက်ခိုင်းဖို့အတွက် မြိတ် မှာတစ်ကောင်နဲ့ ထားဝယ်မှာ တစ်ကောင် ကျန်သေးတယ်” ဟု အဆိုပါ တာဝန်ရှိ သူက ပြောသည်။မိုင်းနှင့် မူးယစ်ဆေးရှာဖွေရန် အယ်ဇေးရှင်းအုပ်စုဝင် ခွေးများကို အသုံး ပြုရပြီး ရန်ကုန်မြို့ ရေကြည်အိုင်ရှိ တပ်မတော် သင်တန်းကျောင်းတွင် သင်တန်း ၆လကြာ တက်ရောက်စေရ ကြောင်း ၎င်းက ဆိုသည်။

 
အဆိုပါ ခွေးများကို တစ်လအတွက် စားစရိတ် သုံးသောင်းကျပ်နှင့် ဆေးကုသ စရိတ် တစ်သောင်းကျပ် ထောက်ပံ့ပေး ကြောင်း တိုင်းရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရ သည်။