သစ်ခိုးမှု သတင်းပေးသူ၏ အချက်အလက်များကို လျှို့ဝှက်ပေးထားမည်

0
485

သစ်ခိုးမှုများကို သတင်းပေးသူ၏ အချက်အလက်များကို မပေါက်ကြား စေဘဲ လျှို့ဝှက်ပေးထားမည်ဟု တနင်္သာ ရီတိုင်း ဒေသကြီး၊ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ပြောသည်။
တရားမဝင်သစ် ခုတ်လှဲ၊ ထုတ် လုပ်၊ သယ်ဆောင်၊ ရောင်းဝယ်ခြင်းလုပ် ငန်းများကို တွေ့ရှိပါက ဆက်သွယ် သတင်းပို့နိုင်သည့် တိုင်း၊ ခရိုင်၊ မြို့နယ် သစ်တောဦးစီးဌာနရုံးများ၏ ဖုန်းနံပါတ် များကို ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်တွင် ထုတ်ပြန် ကြေညာထားသည်။
“သတင်းပေးလာပြီဆိုရင် သူတို့ ဆက်သွယ်တဲ့ ဖုန်းနံပါတ်၊ အမည်ပေါက် ကြားမှု မရှိစေဖို့ တိတိကျကျ တာဝန်ယူ ပေးမယ်” ဟု တိုင်းသစ်တော ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ဇေယျက ပြောသည်။

 
တရားမဝင်သစ် တားဆီးကာကွယ် ရေးအတွက် လူထုအခြေပြု စောင့်ကြည့် ခြင်းနှင့် သတင်းပို့ခြင်းစနစ်ကို တိုင်း အတွင်း ပထမဆုံးအကောင်အထည်ဖော် ခြင်းဖြစ်ကြောင်း ဦးကျော်ဇေယျကဆို သည်။သတင်းပေါက်ကြားခြင်း၊ သတင်း ထိန်ချိန်ခြင်းများ မရှိစေရန်အတွက် ဆက်သွယ်ရမည့်  Hot Line  ဖုန်းနံပါတ် များကို မြို့နယ်အဆင့်တွင် မြို့နယ်ဦးစီး မှူး၊ ခရိုင်အဆင့်တွင် ခရိုင်ဦးစီးမှူး သို့မဟုတ် ဦးစီးအရာရှိတစ်ဦး စသဖြင့် အရာရှိများကိုသာ ကိုင်ခွင့်ပြုထားကြောင်း ၎င်းက ဆိုသည်။

 
ပေးပို့လာသည့် သတင်းသည် တိကျခိုင်မာမှုရှိပါက ချက်ချင်းအရေးယူဆောင်ရွက်မည်ဖြစ်ပြီး သတင်းမခိုင် လုံပါက သတင်းပေးသည့်နေရာသို့ သက်ဆိုင်ရာသစ်တောဝန်ထမ်းများကို စေလွှတ် စိစစ်စေမည်ဖြစ်ကြောင်း ၎င်း က ဆိုသည်။
မြို့နယ်သစ်တောဌာနများထံသို့ ဆက်သွယ်သတင်းပို့ချိန်တွင် ဖုန်းစက် ပိတ်ထားခြင်း၊ ဖုန်းမကိုင်ခြင်း၊ မချေမငံ ပြန်လည်ဆက်ဆံခြင်း၊ သတင်းပေး သည်ကို အရေးယူဆောင်ရွက်မှုမရှိခြင်း စသည်တို့ကြောင့် မကျေနပ်မှုများရှိပါက ခရိုင် / တိုင်း သစ်တောဦးစီးဌာနများ၏ Hot Line  ဖုန်းနံပါတ်များသို့ သတင်း ပေးတိုင်ကြားနိုင်ကြောင်း ဦးကျော်ဇေယျ က ပြောသည်။
“ဒီလိုမျိုးဖြစ်လာရင် ကာယကံရှင် က တိုင်ကြားရမယ်။ ကာယကံရှင်ကို စစ်ချက်ယူပြီး ခိုင်လုံရင် ဝန်ထမ်းကို စစ်ဆေးမယ်။ အပြစ်ရှိရင် သတိပေးတာ တွေ၊ စီမံခန့်ခွဲမှုနည်းလမ်းအရ အရေးယူ တာတွေလုပ်သွားမယ်”  ဟု ၎င်းကဆို သည်။ယခင်က သစ်ခိုးထုတ်မှုကို တိုင် ကြားပါက သတင်းပေါက်ကြားသည့်အ တွက် သစ်ခိုးသူများက တိုင်ကြားသူများ ကို ခြိမ်းခြောက်ဖူးသည့် ဖြစ်စဉ်များ ရှိခဲ့ဖူးကြောင်း သစ်ခိုးမှုများကို သတင်း ပေးဖူးသည့် လောင်းလုံးမြို့နယ်၊ ရေဖြူ ကျေးရွာနေ ဦးမောင်မောင်အေးက ဆိုသည်။
” တိုင်ရင် သတ်ပစ်မယ်၊ ဓားနဲ့ထိုး မယ်လို့ ခြိမ်းခြောက်တာတွေရှိဖူးတယ်။ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်အထိ သ တင်းပေါက်ကြားမှုတွေက ရှိနေတုန်းပဲ။ နောက်ပိုင်းကတော့ ဘာတွေ ပြောင်းလဲ သွားနေပြီလဲမသိဘူး” ဟု ဦးမောင်မောင် အေးကဆိုသည်။သတင်းပေးသူ၏ ကိုယ်ရေးအချက် အလက်များကို လျှို့ဝှက်ပေးထားမည်ဟု ပြောဆိုချက်အပေါ် စောင့်ကြည့်ရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“လူထုအနေနဲ့ အရင်အခြေအနေ အတွေ့အကြုံအရ ဌာနအပေါ် ယုံကြည် မှု အားနည်းတာ ရှိချင်ရှိမှာပါ။ အခုက ပွင့်လင်း မြင်သာစွာ အလုပ်လုပ်ချင်ပါ တယ်။ ပူးပေါင်းပါဝင် စေချင်ပါတယ်”  ဟု ဦးကျော်ဇေယျက ဆိုသည်။တရားမဝင် သစ်ထုတ်မှုများနှင့် ပက်သက်၍ သစ်တောဝန်ထမ်းများမှ တစ်လလျှင် နှစ်ကြိမ်ကွင်းဆင်းကာ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံပြီး အသိပညာပေးခြင်း၊ ဆွေးနွေးခြင်းများကို ပြုလုပ်သွားမည့်အစီအစဉ်ရှိကြောင်း တိုင်းဒေသကြီး သစ်တောဦးစီးဌာနထံမှ သိရသည်။