မြိတ် Sea View ကွန်ဒိုရှိ စားဖွယ်စုံ ဈေးရောင်းပွဲတော်

0
416

မြိတ်မြို့ ကမ်းနားလမ်းရှိ Sea View ကွန်ဒိုတွင် စားဖွယ်စုံ ဈေးရောင်း ပွဲတော်ကို မေလ ၃ ရက်မှ ၇ ရက်အထိ ၅ ရက်ကြာ ကျင်းပ ပြုလုပ် သွားမည် ဖြစ်ကြောင်း Sea View ကွန်ဒို တာဝန် ရှိသူ တစ်ဦးထံမှ သိရသည်။

စားဖွယ်စုံဈေးရောင်းပွဲတော်တွင် တရုတ်အစားစာ၊ ထိုင်းအစားအစာနှင့် မြန်မာအစားအစာများကို ခင်းကျင်း ရောင်းချသွားမည်ဖြစ်ပြီး တရုတ်နိုင်ငံမှ ဖျော်ဖြေရေး ပညာရှင်များ ပါဝင်သော ပေကျင်း အော်ပရာအကဖွဲ့ဖြင့်လည်း ဖျော်ဖြေတင်ဆက် ပေးသွားမည်ဖြစ် ကြောင်း Sea View ကွန်ဒိုမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

အစားအသောက်များကို တရုတ် နိုင်ငံမှ စားဖိုမှူးများနှင့် မြိတ်မြို့ မှ ဟင်းချက်ကျွမ်းကျင် စားဖိုမှူးများက ချက်ပြုတ်သွားမည်ဖြစ်ပြီး ယင်းနေ့ ည နေ ၄နာရီ ခွဲမှ ည ၉ နာရီအထိ ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။