ဝယ်လိုသူနည်းသည့် ပင်လုံအိမ်ရာ တိုက်ခန်းများ ဈေးလျှော့

0
427

ထားဝယ်မြို့၊ ဆန်းချီရပ်ကွက် စုပေါင်းရုံးအနီးရှိ ပင်လုံအိမ်ရာတိုက် ခန်းများ ဝယ်ယူရန် ဆန္ဒပြုသူ နည်းနေ သည့်အတွက် ဈေးနှုန်းလျှော့ချထား ကြောင်း တိုင်းဒေသကြီးမြို့ပြနှင့်အိမ် ရာဖွံ့ဖြိုးရေးဦးစီးဌာနထံမှ သိရသည်။

တိုက်ခန်း တန်ဖိုးများကို အများ ဆုံး ငွေကျပ်သိန်း ၄၀ မှ အနည်းဆုံး ၁၅သိန်းအထိ ဈေးလျှော့ထားပြီး ဝယ်ယူ ခွင့် ရှိသည့် စည်းကမ်းချက်အချို့ကို လည်း ဖြေလျှော့ပေးထားကြောင်း မြို့ပြ နှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန တိုင်း ဒေသ ကြီးဦးစီးမှူးက ဆိုသည်။”ဈေးလျှော့သတ်မှတ်တာက အငြိမ်း စားတွေနဲ့ ဝန်ထမ်းတွေ၊ ဝန်ထမ်းဟောင်း တွေ ဝယ်ယူဖို့ရည်ရွယ် တာဖြစ်လို့ပါ” ဟု တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ခင်မိမိထွေး က ပြောသည်။

တိုင်းအတွင်းရှိ မြို့နယ် ၁၀ ခုတွင် နေထိုင်သည့် အငြိမ်းစားဝန်ထမ်း၊ နိုင်ငံ့ ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်း ဟောင်း (လုပ်သက် မပြည့်သဖြင့် ပင်စင်မရသူ)များကိုလည်း ရောင်းပေးမည်ဖြစ်ကြောင်း သိရသည်။ယခင်က လျှောက်လွှာပိတ်ရက်ကို မတ်လ ၃၁ ရက်နောက်ဆုံးထား သတ် မှတ်ထားသော်လည်း လက်ရှိအချိန်တွင် မေလ ၃၁ ရက် နောက်ဆုံးထားသတ် မှတ်ထားကြောင်း သိရသည်။

ယခင်က တိုက်ခန်းဈေးနှုန်းကို အခန်းအမျိုးအစားအပေါ်မူတည်၍ တစ် ခန်းလျှင် အနည်းဆုံး ကျပ်၁၃၅ သိန်းမှ အမြင့်ဆုံး ကျပ်သိန်း ၃၀၀ အထိ သတ် မှတ်ထားသည်။လျှောက်လွှာများကို ထားဝယ်မြို့ ရေးလမ်းရှိ တိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနတွင် မေးမြန်း စုံစမ်းဝယ်ယူနိုင်ပြီး အသေးစိတ်သိလို ပါက ရုံးဖုန်းဖြစ်သည့် ၀၅၉-၂၃၈၆၅ ထံ ဖုန်းဆက် မေးမြန်းနိုင်ကြောင်း အထက်ပါဌာနထံမှ သိရသည်။