ပါဒစက်တော်ရာ နိုင်ငံတော် အသိအမှတ်ပြု စေတီဖြစ်ရေး တင်ပြမည်

0
477

ပုလောမြို့နယ်၊ ကြဲကျေးရွာအုပ်စုရှိ ကမ္ဘာလှတောင် ပါဒစက်တော်ရာ စေတီ တော်မြတ်အား နိုင်ငံတော် အသိအမှတ်ပြု သမိုင်းဝင်စေတီတစ်ဆူအဖြစ် သတ်မှတ် နိုင်ရေးအတွက် တိကျသည့် သမိုင်း အထောက်အထားများနှင့်တကွ တင်ပြမည်ဟု တိုင်းလွှတ်တော်ကိုယ် စားလှယ် ဦးကျော်မင်းက ပြောသည်။
ကမ္ဘာလှတောင်ပေါ်ရှိ ပါဒစက် တော်ရာ စေတီတော်မြတ်အား နိုင်ငံတော် အသိအမှတ်ပြု သမိုင်းဝင်စေတီအဖြစ် ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်ရှိ^မရှိ ပုလောမဲဆန္ဒနယ်အမှတ် (၁)မှ တိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်း (ခ) ဦးဖိုးမင်းက တိုင်းလွှတ်တော်ပုံမှန် အစည်းအဝေး ပထမနေ့တွင် မေးမြန်းခဲ့ သည်။

 
စေတီတော်ဂေါပကအဖွဲ့မှ တိကျ သေချာသည့် သမိုင်းအထောက်အထား များနှင့်တကွ တင်ပြလာပါက သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ တင် ပြပေးမည်ဖြစ်ကြောင်း တိုင်းအစိုးရ အဖွဲ့ဝင် လူမှုရေးနှင့် စည်ပင်သာယာရေး ဝန်ကြီးဦးဟိုပင်က ပြန်လည်ဖြေကြား ခဲ့သည်။
” မြို့နယ်သာသနာရေးနဲ့ ပူးပေါင်း ပြီး ဘုရားသမိုင်း၊ အချက်အလက်တွေ စုဆောင်းပြီး တိုင်းအစိုးရအဖွဲ့နဲ့ သာသ နာရေးဦးစီးဌာနကို တင်ပြသွားမယ်”  ဟု တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်း(ခ) ဦးဖိုးမင်းက ဆိုသည်။ပါဒစက်တော်ရာသည် ဂေါတမ မြတ်စွာဘုရားခြေတော်ရာ ကိန်းဝပ်စံ ပါယ်သည့် စေတီတော်မြတ်ကြီးဖြစ် ကြောင်း ၎င်းက ဆိုသည်။စေတီတော် ဗုဒ္ဗပူဇနိယ ပွဲတော် ကျင်းပခဲ့သည့်မှာ သီပေါမင်း ပါတော် မမူမီ အောက်မြန်မာပြည်ကို အင်္ဂလိပ်တို့ ကြီးစိုးစဉ် ကာလကတည်းက စတင်၍ နှစ်စဉ်ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် ၁၄၈ ကြိမ်မြောက် ပွဲတော်ကို ကျင်းပ တော့မည် ဖြစ်သည်ဟု ၎င်းကပြော သည်။

 
လွှတ်တော်တွင် အထက်ပါမေးခွန်း အပြင် ပါဒစက်တော်ရာစေတီရေရှည်တည်တံ့နိုင်ရေးအတွက် ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနှင့် ရေဝေရေလဲ ထိန်းသိမ်းရန် ဘေးမဲ့သစ်တော သတ်မှတ်ပေးခြင်းနှင့်ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် တိုင်းအစိုးရ အနေဖြင့် လိုအပ်ချက်များကို ပံ့ပိုးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းခဲ့သည်။

 
ဘေးမဲ့တော သတ်မှတ်နိုင်ရေး အတွက် သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တော ဦးစီး ဌာနတို့၏ ဥပဒေ၊ လုပ်ထုံးလုပ် နည်းများနှင့်အညီ ဆောင်ရွက်ရန်လို အပ်ပြီး ဘက်စုံဖွံ့ဖြိုးရေးအတွက်လည်း တည်ဆဲ ဥပဒေနှင့်အညီဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း ဝန်ကြီးဦးဟိုပင်က ပြန်လည်ဖြေကြားခဲ့သည်။