ကမ်းနီးလှေ တည်ဆောက်ပြုပြင်ရန် သစ်ခွဲတမ်းသီးခြားမရှိ

0
463

တနင်္သာရီတိုင်းဒေသကြီးအတွင်း ကမ်းနီးငါးဖမ်း စက်လှေငယ်များ အသစ်တည်ဆောက်ရန်နှင့် ပြန်လည် ပြုပြင်ရန်အတွက် သစ်ခွဲတမ်း သီးခြား ချထားပေးရန် လတ်တလောတွင် အစီ အစဉ်မရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်း က တိုင်းလွှတ်တော်တွင် ပြောသည်။
လောင်းလုံးမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဗိုလ်ထွေး၏ ကမ်းနီး လှေလုပ်ကိုင်သူများ ဥပဒေနှင့်အညီ အဆင်ပြေချောမွေ့စွာ လုပ်ကိုင်နိုင်စေ ရန်နှင့် နိုင်ငံတော်မှ အခွန်အခများ ရရှိ စေရန် မည်သို့စီမံထားသည်ကို သိလို ကြောင်းမေးခွန်းအား ယင်းသို့ ဖြေကြား ခဲ့ခြင်းဖြစ်သည်။

 
ကမ်းနီးငါးဖမ်းလှေ တည်ဆောက် သူများက သစ်တောဦးစီးဌာနနှင့် မြန်မာ့ သစ်လုပ်ငန်းတို့မှ လေလံတင်ရောင်း ချသည့် သစ်များအား တရားဝင်             ဝယ်ယူ^လေလံဆွဲခြင်း၊ လေလံအောင်မြင် သူများ ခွဲစိတ်ရောင်းချသည့် တရားဝင် သစ်ခွဲ သားများ ဝယ်ယူသုံးစွဲနိုင်ကြောင်း ဝန်ကြီးက ဖြေဆိုခဲ့သည်။

 
ကမ်းနီးလှေတည်ဆောက်ရေး လုပ်ငန်းခွင်များရှိသည့် လောင်းလုံးမြို့ နယ် ပန်းတင်အင်းရွာမှ အုပ်ချုပ်ရေးမှူး ဦးဆန်းဝင်းကမူ လှေတည်ဆောက်သော ရွာသားများ၏ စီပွားရေးအနေအထား အရမှ သစ်လေလံဆွဲရန် တတ်နိုင်မည် မဟုတ်ကြောင်းနှင့် သစ်ဝယ်ရာတွင် စိတ်ချရရေးအတွက် မည်သည့်သစ်ဆိုင် များက လေလံအောင်ထားသည်ကို ကြေ ညာပေးထားသင့်ကြောင်း ထောက်ပြသည်။

 
“သစ်ဆိုင်တွေက သစ်ဝယ်ရင် ဘောက်ချာမှာ ဆိုင်တံဆိပ် မထုပေးဘူး၊ ဒီတော့ ရွာမှာ လာဖမ်းရင် တရားမဝင် သစ်ဆိုပြီး ရွာသားတွေ အဖမ်းခံရတယ်”ဟု ဦးဆန်းဝင်းက ပြောသည်။ဒေသခံ ငါးဖမ်းလှေငယ်များ တည် ဆောက် မွန်းမံပြုပြင်ရာတွင် ဒေသခံများ က သံထည်၊ ဖွိုင်ဘာများ သုံးစွဲနိုင်ခြင်း မရှိသဖြင့် ဒေသထွက်သစ်များအား မလွဲမရှောင်သာ သုံးစွဲနေရပြီး ဌာနဆိုင် ရာ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြား ချက်အစီအမံများကို တိကျစွာ မသိရှိကြ ဘဲ ဥပဒေချိုး ဖောက်နေကြသူများသဖွယ် စိုးရိမ်သောကဖြင့် လုပ်ကိုင်နေကြရ ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်ထွေးက လွှတ်တော်တွင်ပြောခဲ့ သည်။

 
တိုင်းတွင်း၌ ၂၀၁၆-၁၇တွင် ကမ်းနီးလှေ ၉၄၇၀ စီးအား ကမ်းနီး ငါး ဖမ်းလိုင်စင် ထုတ်ပေးခဲ့ကြောင်း သိရ သည်။