” ကျွန်မတို့ တနင်္သာရီတိုင်း အစိုးရအဖွဲ့ကတော့ အစိုးရ မလုပ်တတ်ပါဘူး ” – တစ်နှစ်သားတိုင်းအစိုးရအတွက် ပြည်သူ့ ရီပို့ကတ်

0
529

၂၀၁၆ခုနှစ်ဧပြီလတွင် စတင် တာဝန်ယူခဲ့သော တနင်္သာရီတိုင်း ဒေသကြီး အစိုးရသစ် သက်တမ်းတစ်နှစ် ပြည့်ပြီ ဖြစ်သည်။
တိုင်းအစိုးရအဖွဲ့၏ ခေါင်းဆောင် ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က တစ်နှစ်သားတိုင်းအစိုးရ အမှားများစွာ ကြုံခဲ့ကြောင်း ပြောသည်။

” ကျွန်မတို့ တနင်္သာရီတိုင်း အစိုးရ အဖွဲ့ကတော့ အစိုးရမလုပ်တတ်ပါဘူး၊ ကျွန်မ အမှန်တိုင်းပဲ ပြောတယ်။ ၂၆ နှစ် တိတိဆရာ ဝန်ဘ၀နဲ့ ဖြတ်သန်းလာတဲ့ သူပါ။ အဲဒီတော့ဒီ Management (စီမံခန့်ခွဲမှု) ပိုင်းဆိုတာ အင်မတန် ခက်ခဲပါတယ် ကျွန်မတို့အတွက်၊ အမှား တွေ အများကြီးရှိပါတယ်” ဟု ဝန်ကြီးချုပ် က ဆိုလေသည်။

တနင်္သာရီတိုင်းဒေသကြီး အစိုးရ အဖွဲ့၏ တစ်နှစ်တာအတွင်း လုပ်ဆောင် ချက်များနှင့်ပတ်သက်၍ တိုင်းတွင်း နေပြည်သူလူထု၏အမြင် သဘောထား များကို တနင်္သာရီအပတ်စဉ်က စစ်တမ်း ငယ်တစ်ခု ကောက်ယူခဲ့သည်။ စစ်တမ်း အဖြေကလည်း ဝန်ကြီးချုပ်၏မှတ်ချက် ကို ထင်ဟပ်နေသည်။

စစ်တမ်းအရအစိုးရသစ်၏လုပ် ဆောင်ချက်အပေါ် မျှော်လင့်ထားသကဲ့ သို့အားရကျေနပ်မှုရှိခဲ့သူ ၁၄ ရာနှုန်း သာရှိပြီး အားမရခဲ့သူ ၄၇ ရာနှုန်းရှိ နေသည်။ အသင့်အတင့် အားရသူ ၃၈ ရာနှုန်းရှိပြီး မသိဟု ဖြေသူ ၁ ရာနှုန်း ရှိသည်။

ယင်းစစ်တမ်းသည် ပျမ်းမျှတစ် မြို့နယ်လျှင် ပြည်သူ ၁၀ ဦးနှုန်းဖြင့် အလွှာ အသီးသီးမှ အလုပ်အကိုင်အသီး သီး လုပ်ကိုင်သူ ၁၀၀ ဦးကို ကျပန်း (Rညေိသာ) မေးမြန်းထားခြင်း ဖြစ် သည်။ အသက် ၂၀ နှစ်မှ ၇၀ နှစ်အရွယ် အတွင်းရှိ အမျိုးသမီး ၂၂ ဦးနှင့် အမျိုး သား ၇၈ ဦးကို မေးမြန်းစစ်တမ်း ကောက်ယူခဲ့သည်။
တိုင်းအစိုးရ၏ လုပ်ဆောင်ချက် ပေါ် ကဏ္ဍအလိုက် စစ်တမ်းကောက်ခဲ့ရာ အားရကျေနပ်မှုရှိသည်ဟု အများဆုံး ဖြေဆိုကြသည့် လမ်းပန်းဆက်သွယ်ရေး ကဏ္ဍတွင်ပင် ကျေနပ်အားရသူ ၄၇ ရာနှုန်းသာ ရှိလေသည်။ ကျန်ကဏ္ဍအသီးသီးအတွက်မူ ကျေနပ်အားရသူ ၁၉ ရာနှုန်းနှင့် ၄ ရာနှုန်းကြားတွင်သာ ရှိလေသည်။

တိုင်းအစိုးရလုပ်ဆောင်မှုအပေါ် တိုင်းတွင်းသားများ အားမရဆုံးကဏ္ဍများမှာ လျှပ်စစ်ကဏ္ဍ၊ မြေယာပြဿနာ ဖြေရှင်းနိုင်မှုနှင့် တရားဥပဒေစိုးမိုးရေး တို့ပင် ဖြစ်သည်။ လျှပ်စစ်ကဏ္ဍတွင် တိုင်းအစိုးရ၏ စွမ်းဆောင်ချက်ကို အားမရဟု ဖြေသူ ၇၃ ရာနှုန်းရှိလေသည်။
ဝန်ကြီးချုပ်မှလည်း ယင်းအချက် များ အားနည်းကြောင်းဝန်ခံသည်။ မြေယာပြဿနာဖြေရှင်းနိုင်မှု၊ လျှပ်စစ်၊ စိုက်ပျိုးရေးကဏ္ဍတို့ကို အဓိကအားမရ ဟု ဖြေဆိုသည်။

” လျှပ်စစ်ကတော့ သိတဲ့အတိုင်းပဲ၊ ကျွန်မတို့ဒေသမှာ National Grid (မဟာဓာတ်အားလိုင်း) လည်းမရှိသေး တော့ကျွန်မတို့ အဲလောက်ကြီး မလုပ် နိုင်သေးဘူးပေါ့နော်” ဟု ဝန်ကြီးချုပ်က ပြောသည်။တစ်ယူနစ်လျှင် ၃၅ ကျပ်နှုန်း သို့ မဟုတ် ၅၀ ကျပ်နှုန်းဖြင့် ရရှိရန်ကိုမူ ပြည်ထောင်စုအစိုးရအဖွဲ့၏ အကူအညီ လိုအပ်သည်ဟု ၎င်းက ပြောသည်။

စစ်တမ်းတွင် မြေယာပြဿနာ အတွက် ကိုင်တွယ်ဖြေရှင်းမှုအပေါ် ကျေနပ်သည်ဟု ဖြေဆိုသူ ၆ ရာနှုန်းသာ တွေ့ရသည်။
လက်ရှိတည်ဆဲ မြေယာဥပဒေ အရပင် တိုင်းတွင်း နေပြည်သူများ ယင်းဥပဒေအကျိုး ခံစားခွင့်မရကြဟု ထားဝယ်ခရိုင်လယ်သမားသမဂ္ဂ အထွေ အထွေအတွင်းရေးမှူး ဒေါ်ရီရီထွေး ကပြောသည်။

“မြေယာပြဿနာက ဥပဒေတွေ လည်း ရှိရဲ့သားနဲ့ ဥပဒေအတိုင်း အကောင်အထည် မဖော်ရဲဘူးဆိုတာက ” ဒီအစိုးရက ဘာဖြစ်လို့လဲပေါ့နော်၊ ဥပဒေအတိုင်း အကောင်အထည် မဖော်ဘူး ဆိုရင် အစိုးရကိုယ်တိုင်က ဥပဒေကို ချိုးဖောက်နေသလိုမျိုး ဖြစ်သွားလိမ့် မယ်” ဟု ဒေါ်ရီရီထွေးကဆိုသည်။
တနင်္သာရီကမ်းရိုးတန်းရှိ ငါးဖမ်း လုပ်ငန်းများအတွက် အရေးပါသော ပင်လယ်ပြင် တရားဥပဒေစိုးမိုးရေးကဏ္ဍတွင်မူ တိုင်းအစိုးရလုပ်ဆောင်ချက် အပေါ် ကျေနပ်သည်ဟု ဖြေဆိုသူ ၄ ရာနှုန်းဖြစ်ပြီး လူထု၏အားမရဆုံးအပိုင်း တွင် ဗိုလ်စွဲသည်။

လောင်းလုံးမြို့နယ် ပန်းတင်အင်း ရွာမှ ကမ်းနီးငါးဖမ်းလှေရှင်ဦးစိုးမြင့်က ယခုအစိုးရ ပင်လယ်ပြင်တရားဥပဒေ စိုးမိုးရေး မလုပ်ဟုဆိုသည်။
” အရင်အစိုးရကလည်း ပင်လယ် ပြင် စိုးမိုးရေးမရှိဘူး၊ အခုအစိုးရလည်း ပင်လယ်ပြင်စိုးမိုးရေး မရှိဘူး” ဟု ဦးစိုးမြင့် ကပြေသည်။
လက်ရှိအစိုးရအနေဖြင့် ပင်လယ် ပြင် စိုးမိုးရေးကို ထိထိရောက်ရောက်လုပ်ပေးစေလိုကြောင်း ၎င်းက တောင်းဆို သည်။
တိုင်းဒေသကြီး အစိုးရအဖွဲ့မှလုံ ခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူး ကြီး ကျော်ဇေယျကမူ ဒေသတည်ငြိမ် ရေးအတွက် တရားဥပဒေစိုးမိုးရေးကိစ္စ များ၊ မူးယစ်ဆေးဝါးကိစ္စများကို ဖိဖိစီး စီး ကိုင်တွယ်သွားမည်ဟု ပြောသည်။

” ဒီထက် ဒီထက်ကောင်းလာအောင်၊ ဒီထက် ဒီထက် တည်ငြိမ်သွားအောင် အေးချမ်းသွားအောင် လုပ်သွားမယ်” ဟု ဝန်ကြီးက ဆိုသည်။
ထားဝယ်မြို့နယ်မှ ဒုတိယညွှန် ကြားရေးမှူး(အငြိမ်းစား)တစ်ဦးကမူ လက်ရှိ တိုင်းအစိုးရအနေဖြင့် လမ်းသစ် ထွင်ပြီး မဟာဗျူဟာကျကျ ဆောင်ရွက် သည့် အစီအမံများ တစ်ခုမျှမတွေ့ရဟု မှတ်ချက်ပြုသည်။ အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည်လည်း ဝန်ကြီးချုပ်၏ နောက်မြီးဆွဲများသာ ဖြစ်နေပြီး တစ်ဦး ချင်း တာဝန်ယူ တာဝန်ခံမှု၊ လူထုလိုအပ် ချက်ကို လေ့လာသင်ယူမှုများစွာ လိုအပ် နေသေးကြောင်း ထောက်ပြသည်။

ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့ မော်ကတော့ တစ်နှစ်တာ လုပ်ဆောင်ခဲ့ သမျှ ကဏ္ဍများထဲတွင် အားအရဆုံးမှာ လမ်းပန်းဆက်သွယ်ရေးဟု ပြောသည်။
” အခုမြင်တွေ့ရတဲ့အတိုင်းပဲ၊ လမ်း တွေတော်တော်လေးကို အနေအထား ကောင်းလာတာကို တွေ့ရှိရပါတယ်၊ ဒါတွေကတော့ ဘယ်သူမှ ငြင်းဆန်လို့ မရတဲ့ဟာတွေပါပဲ” ဟု ဝန်ကြီးချုပ်က ဆိုသည်။

report_card

လမ်းအရည်အသွေး ကောင်းမွန်စေ ရေးအတွက်စံချိန် စံညွှန်းများအတိုင်း လုပ်ဆောင်စေရန် တတ်နိုင်သမျှကြပ် မတ်ဆောင်ရွက်နိုင်ခဲ့ကြောင်း ၎င်းက ပြောသည်။
တိုင်းတွင်းသားတစ်ရာတို့ဖြေဆို ထားသော စစ်တမ်းအရ လမ်းပန်း ဆက်သွယ်ရေးကဏ္ဍ ပထမရသည်။ ဖြေဆိုသူ ၄၆ ရာနှုန်းက အားရမှုရှိပြီး ၃၉ ရာနှုန်းက အသင့်အတင့်ဟု ဖြေ သည်။ အားမရသူ ၁၃ ရာနှုန်းရှိနေပြီး မသိဟု ဖြေသူ ၂ ရာနှုန်းရှိလေသည်။သို့သော် လမ်းပန်းဆက်သွယ်ရေး အပါအဝင် ယခု အဆုံး သတ်နေသည့် ဘတ်ဂျက်သည် ယခင်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီအစိုးရ ရေးဆွဲခဲ့သည့်ဘတ်ဂျက် ဖြစ်သည်။ ထိုလုပ်ငန်းများ အကောင်အထည်ဖော် ရာတွင် နှေးကွေးလွန်းကြောင်း ပြည်ခိုင် ဖြိုးပါတီ၏ တနင်္သာရီတိုင်း ဒေသကြီး အတွင်းရေးမှူး ဦးနေမျိုးက ပြောသည်။

ယခင်အစိုးရက အဖွဲ့တွင်လုပ်ငန်း ကျွမ်းကျင်သူ များပြားပြီးယခုအစိုးရ သည်လည်း တစ်နှစ်တာ ဖြတ်သန်းမှုမှ များစွာ အတွေ့အကြုံရနိုင်ကြောင်း ပြောသည်။
လူတစ်ရာ စစ်တမ်းကမူ ယခင် အစိုးရထက် ပိုကောင်းသည်ဟုဖြေဆိုသူ ၄၇ ရာနှုန်းရှိပြီး ယခင်အစိုးရကပိုကောင်း သည်ဟု ဖြေဆိုသူ ၁၂ ရာနှုန်းရှိနေ သည်။ ယခင်အစိုးရနှင့် အတူတူ ဖြစ် သည်ဟု ဖြေသူက ၃၂ ရာနှုန်းရှိသည်။မသိဟု ဖြေသူနှင့်နှိုင်းယှဉ်ရန်စောသေး သည်ဟု ဆိုသူ ၉ ရာနှုန်းရှိလေသည်။
သို့သော် စစ်တမ်းတွင်တိုင်း အစိုးရအဖွဲ့သစ်၏ စွမ်းဆောင်ရည် ကောင်းသည်ဟု ဖြေဆိုသူ ၁၈ ရာနှုန်း သာရှိသည်။ အသင့် အတင့်ရှိသည် ဟု ဖြေသူ ၆၃ ရာနှုန်းရှိနေပြီး ညံ့သည် ဟုဖြေသူ ၁၉ ရာနှုန်းဖြေဆိုထားသည်။

 

တိုင်းအတွင်းရှိ တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာဝန်ထမ်းများကို လည်း ယခုအစိုးရနှင့် တစ်နှစ်တာလက် တွဲလုပ်ကိုင်မှုအပေါ် မှတ်ချက်ပြုရန် စာပေးပို့ခဲ့ရာ အမည်မဖော်လိုသည့်ဝန် ထမ်းအချို့က လက်ရှိအစိုးရသည်အပြန် အလှန် လေးစားမှုအားနည်းလွန်းပြီး ” အကြားစကား” ၊ ” အပြောစကား”နှင့်ခံစားချက်ကို အခြေခံဆုံးဖြတ်အရေး ယူတတ်ကြောင်း ဖွင့်ဟကြသည်။ ” အားမနာစတမ်း ပြောရပါက အောက်ခြေဝန်ထမ်းများကို သူခိုး၊ ကြမ်း ပိုးတွေဟု မြင်ပုံရသည်” ဟုဖြေဆိုသူ ပင်ရှိလေသည်။ဝန်ကြီးချုပ်ကသူနှင့် တွဲလုပ်နေရ သည့် ဝန်ထမ်းများထဲတွင် အလုပ်တွဲလုပ်၍ကောင်းသူရှိသကဲ့သို့ မကောင်းသူ များလည်းရှိပြီး မေတ္တာတရားလက်ကိုင် ထားကြောင်းပြောသည်။

 

” ကိုယ်သွားနေတဲ့လမ်းကြောင်းမှာ လိုက်မပါချင်တဲ့သူလည်း ရှိတာပေါ့၊ ကန့်လန့်သွားတဲ့သူတွေ၊ ဘေးတိုက်သွား နေတဲ့သူတွေ၊ နောက်ပြန်ဆုတ်နေတဲ့ လူတွေလည်း အများကြီးပေါ့၊ ဒါက တော့ ဘယ်စနစ်တိုင်းမဆိုဖြစ်နေတာပဲ လေ” ဟု ဝန်ကြီးချုပ်က ပြောသည်။လူတစ်ရာစစ်တမ်းတွင်မှတ်ချက် ပြုသူတချို့ကလည်း “အလုပ်ထက် အပြောက များလွန်းနေသည်၊ ပြည်သူ လူထုနှင့် တိုက်ရိုက်တွေ့ဆုံမှုအားနည်း သည်၊ လူထုအခက်အခဲဖြေရှင်းမှုမရှိ၊ ဝန်ကြီးများအစုလိုက် အပြုံလိုက် ပွဲတက်၊ ခရီးသွားလွန်းသည်၊ လုပ်ငန်း ကျွမ်းကျင်မှုရှိရန် ကြိုးစားသင့်သည်” စသဖြင့် ဝေဖန်ထောက်ပြကြသည်။

 

ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် ကလည်း အားနည်းချက်၊ ချို့ယွင်းချက် များ ရှိခဲ့ကြောင်း ပြောပါသည်။အမှား များကိုသင်ခန်းစာယူကာ အကောင်းဆုံး၊ အတတ်နိုင်ဆုံး ဆောင်ရွက်နေသည့် အချိန်ကာလတွင် ပြည်သူလူထု၏အား ပေးကူညီမှုလိုအပ်ကြောင်း ဆိုလေသည်။
“အခု တစ်နှစ်ပြည့်ကာလမှာ ဒေါ်စုပြောသွားတယ်လေ၊ ပြည်သူနဲ့ အတူသွားမယ်ဆိုတာ။ ပြည်သူနဲ့အတူ ဆိုတာက ပြည်သူပါဝင်တဲ့ခရီးကို လျှောက်မယ်ဆိုတာနဲ့အတူတူပါပဲ” ဟု ဝန်ကြီးချုပ်က ပြောသည်။

 

အပြောနှင့် အလုပ်ညီရန်လို ကြောင်း၊ မလုပ်နိုင်ကမပြောစေလိုဟု ထားဝယ်တိုင်းရင်းသားများပါတီဥက္ကဋ္ဌ ဦးအေးမင်းကဆိုသည်။
“ပြည်သူ၊ ပါတီတွေက ထောက်ပြ တာတွေကို အရေးတယူတိတိပပ လုပ်စေချင်တယ် ” ဟု ဦးအေးမင်းက ပြောသည်။ ပြည်သူလူထု၏ ပူးပေါင်း ပါဝင်မှုကိုအစိုးရကိုယ်တိုင် အသိအမှတ် ပြုပေးမှသာလျှင် ပြည်သူအများကလည်း နောက်နောင်ပူးပေါင်းကြလိမ့်မည်ဟု ၎င်းက ထောက်ပြသည်။
” ဒါမှပူးပေါင်းတယ်ဆိုတာ၊ သူတို့ ပြောပြောနေတဲ့ ပြိုင်တူတွန်းတယ်ဆိုတာ ဖြစ်မှာပေါ့”