မွန်တွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် တရားမ၀င်သစ် တန်ချိန် ၅၀၀ ကျော် ဖမ်းမိ

0
374
၂၀၁၇ ခုနှစ် ဖေဖော်ဝါရီအတွင်းက ဖမ်းဆီးရမိသည့် သစ်များ

မွန်ပြည်နယ်တွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း တရားမ၀င်သစ် တန်ချိန် ၅၈၃ ကျော် ဖမ်းဆီးရမိခဲ့သည်ဟု မွန်ပြည်နယ် သစ်တောဦးစီးဌာနထံမှ သိရသည်။

အဆိုပါ ဖမ်းဆီးရမိမှုသည် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ဖမ်းဆီးရမိသည်ထက် ပိုများကြောင်း သိရသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်က တရားမ၀င်သစ် တန်ချိန် ၂၅၄ ဒသမ ၄၇၉ တန် ဖမ်းဆီးရမိခဲ့သည်ဟု ပြည်နယ်သစ်တောဦးစီးဌာန စာရင်းအရ သိရသည်။

“ဖမ်းမိတဲ့ သစ်တန်ချိန်ရဲ့ ကာလ တန်ဖိုးကိုတော့ တွက်ချက်လို မရသေးဘူး” ဟု မွန်ပြည်နယ် သစ်တောဦးစီဌာနမှ ဦးစီအရာရှိ ဦးကျော်သူက ပြောသည်။

မွန်ပြည်နယ်အတွင်းရှိ သစ်စက်များတွင် တရားမ၀င်သစ်များ ရှိ၊ မရှိ တစ်လတစ်ကြိမ် စစ်ဆေးမှု ပြုလုပ်ထားပြီး၊ ဖမ်းဆီးရမိသည့် ကျွန်းသစ်၊ ပိတောက်သစ်များကို နိုင်ငံတော် ( မြန်မာနိုင်ငံ သစ်ထုတ်လုပ်ရေး လုပ်ငန်း)သို့ ပေးပို့ရသည်ဟု ပြည်နယ် သစ်တော ဦးစီဌာနမှ ညွန်ကြားရေးမှူး ဦးမင်းသိန်းမြင့်က ပြောခဲ့သည်။

မွန်ပြည်နယ်တွင် တန်ချိန် ၆၀၀၀ အောက် ထုတ်လုပ်သည့် သစ်စက် ၇၀ ခု၊ အချောထည် ထုတ်လုပ်သည့် သစ်စက် ၄ ခု၊ လျှာထိုး သစ်စက် ၂၂ ခု၊ အိမ်တွင်းပရိဘောဂ သစ်စက် ၁၈၁ ခု စုစုပေါင်း သစ်စက် ၂၇၇ ခု ရှိသည်။

 

ဖမ်ဆီးရမိသည့် သစ်များ

သစ်အမျိုးအစား                       တန်ချိန်

ကျွန်းလုံး                            ၅ ဒသမ ၆၉၁၆ တန်

ကျွန်းခွဲသား                         ၁၆ ဒသမ ၃၅၃၉ တန်

သစ်မာလုံးခွဲသား                   ၂၉၈ ဒသမ ၆၂၃၇ တန်

အခြားသစ်လုံး                      ၁၇၈ ဒသမ ၉၅၅၄ တန်

အခြားသစ်ခွဲသား                   ၈၃ ဒသမ ၇၀၉၂ တန်