ထားဝယ်အကျဉ်းထောင်တွင် မူးယစ်ဆေးအမှုဖြင့် ထောင်ကျအကျဉ်းသား ထက်ဝက်ခန့်ရှိ

0
406

ထားဝယ်အကျဉ်းထောင်တွင် ထောင်ကျနေသည့် အကျဉ်းသားဦးရေ၏ ထက်ဝက်ခန့်မှာ မူးယစ်ဆေးအမှုဖြင့် ပြစ်ဒဏ် ကျခံနေရသူများဖြစ်ကြောင်း ထားဝယ်အကျဉ်းထောင် တာဝန်ရှိသူ ထံမှ သိရသည်။

 
ထောင်ကျ အကျဉ်းသား ၄၀၀ ကျော်ရှိသည့်အနက် အကျဉ်းသား၂၀၀ ကျော်မှာ မူးယစ်ဆေးအမှုဖြင့် ပြစ်ဒဏ် ကျခံနေရသူများဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ဆိုသည်။ကျန်သည့် ပြစ်ဒဏ်ကျခံနေရသူ တစ်ဝက်ခန့်မှာ ယာဉ်တိုက်မှု၊ မုဒိမ်းမှု၊ လူသတ်မှုနှင့် လောင်းကစားမှု အစရှိ သည့် ပြစ်မှုကျူးလွန်သူများ ဖြစ်ကြောင်း ၎င်းက ပြောသည်။

 
တနင်္သာရီတိုင်းအတွင်း ၂၀၁၆ ခုနှစ် အစိုးရသစ် တစ်နှစ်တာ ကာလအတွင်း မူးယစ်ဆေးဝါး အမှုပေါင်း ၄၇၈ မှု ဖမ်းဆီးနိုင်ခဲ့ကြောင်း ဒုတိယအကြိမ် တိုင်းဒေသကြီး လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိန့်ခွန်းပြောရာ၌ ထည့်သွင်း ပြောကြားခဲ့သည်။

 
တိုင်းအတွင်းရှိ ခရိုင်မြို့ကြီး ၃ မြို့ တွင် အကျဉ်းထောင် ၃ ခု ရှိသည်။