တိုင်းအတွင်း ရဲတပ်ဖွဲ့အင်အား တစ်ရာကျော် တိုးလာ

0
330

တိုင်းအတွင်း လုံခြုံရေး တာဝန် ထမ်းဆောင်ရန် ရဲတပ်ဖွဲ့ဝင်အသစ် ၁၀၀ နီးပါးတိုးလာကြောင်း တနင်္သာရီတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
တိုင်းအတွင်း ပထမဆုံး ဖွင့်လှစ် သည့် ရဲတပ်သားသစ် ၉၀ ဦးကို ၅ လကြာ သင်တန်းပေးပြီးနောက် ဧပြီလ ၁၀ ရက်က စတင်ကာ မြို့နယ်တစ်ခုလျှင် ၉ ဦးနှုန်းဖြင့် တာဝန်ချထားသွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ တာဝန်ရှိသူက ဆိုသည်။
” သင်္ကြန်မှာစပြီး လုံခြုံရေး တာဝန် ကို စပြီး တာဝန် ထမ်းဆောင်ရမယ်”  ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။
ရဲတပ်သားသစ်သင်တန်းကို ထပ် ဖွင့်ရန် လူစုဆောင်းနေပြီး အခြေအနေ အရ ပြန်ဖွင့်သွားရန်ရှိကြောင်း ၎င်းက ဆိုသည်။
လက်ရှိအချိန်တွင် တိုင်းအတွင်း ရဲတပ်ဖွဲ့ဝင် ၁၁၀၀ ဦးခန့်ရှိပြီး ပြည်သူ ၁၂၂၂ ဦးခန့်ကို ရဲတပ်ဖွဲ့ဝင် ၁ ဦးနှုန်း အချိုးရှိကြောင်း တိုင်းဒေသကြီး ရဲတပ် ဖွဲ့မှူးရုံးထံမှ သိရသည်။