ဗိုလ်မှူးကြီးဗထူးကြေးရုပ် ဧပြီလကုန် ထားဝယ်ရောက်မည်

0
374

တစ်နိုင်ငံလုံးတွင် ဒုတိယအကြီး ဆုံးဖြစ်လာမည့် ဗိုလ်မှူးကြီးဗထူး၏ ကြေးရုပ်ထုကို ယခုဧပြီလကုန်ပိုင်း၌ ထားဝယ်မြို့သို့ သယ်ဆောင်လာမည်ဖြစ် ကြောင်း ဗိုလ်မှူးကြီးဗထူး ရာပြည့် ကော်မတီထံမှ သိရသည်။

 
အမြင့် ၁၅ ပေရှိ ကြေးရုပ်တုကို ဗိုလ်မှူးကြီးဗထူး၏ မွေးရပ်မြေဖြစ်သည့် လောင်းလုံးမြို့နယ်လေးသွန်းခံ ကျေးရွာ တွင် ထားရှိရန်အတွက် ရုပ်ထုကို အစိတ်အပိုင်း ၅ ခုခန့်ခွဲကာ သယ်ဆောင် လာမည်ဖြစ်ကြောင်း ရာပြည့်ကော်မတီ နာယကနှင့် ရုပ်ထု ထုလုပ်ရေးတာဝန်ခံက ဆိုသည်။

 
အဆိုပါ ကြေးရုပ်ထုကို ရန်ကုန်မြို့ မြောက်ဥက္ကလာပတွင် ထားဝယ်သား ပန်းပုပညာရှင်က သွန်းလုပ်ခဲ့ခြင်း ဖြစ် ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလခန့်က စတင်သွန်းလုပ်ခဲ့ကြောင်း ရာပြည့်ကော် မတီ နာယကနှင့် ရုပ်ထု ထုလုပ်ရေး တာဝန်ခံ ဦးထွန်းကြည်က ပြောသည်။
” ရုပ်ထု အပိုင်းလိုက်(အစိတ်အပိုင်း ၅ ခုခန့်) ကို ကားနဲ့သယ်လာမှာဖြစ်တယ်၊ ဖွင့်မယ့် အချိန်ကိုတော့ မပြောနိုင်သေး ဘူး” ဟု ဦးထွန်းကြည်က ဆိုသည်။
မြန်မာတစ်နိုင်လုံးရှိ အကြီးဆုံး ကြေးရုပ်ထုမှာ ပျဉ်းမနားစစ်ရေးပြကွင်းရှိ အမြင့်ပေ ၃၀ ရှိသည့် ကြေးရုပ်ထု များ ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ကာလတန်ဖိုး ငွေကျပ်သိန်း ၃၅၀ ခန့် ကုန်ကျမည့် အဆိုပါ ဗိုလ်မှူးကြီး ဗထူးကြေးရုပ်ထုကို ငွေကျပ်သိန်း ၂၀၀ ဖြင့် သွန်းလုပ်ပေးခဲ့ကြောင်း ဦးထွန်းကြည် က ဆိုသည်။
ကြေးရုပ်ထားရှိမည့် လေးသွန်း ခံရွာတွင် ပေ ၁၅၀ ၊ ပေ ၂၅၀ ခန့် အကျယ်ရှိ ဗိုလ်မှူးကြီး ဗထူး ရာပြည့် မော်ကွန်းဥယျာဉ် တည်ဆောက်ရေးလုပ် ငန်းများမှာ လက်ရှိတွင် ၈၀ ရာခိုင်နှုန်း ခန့် ပြီးစီးနေပြီဖြစ်ကြောင်း အထက်ပါ ကော်မတီထံမှ သိရသည်။