မလိဝမ်းရေတံခွန်တွင် ရေနစ်သူအား ဆင်းကယ်သူ သေဆုံး

0
633

သင်္ကြန်အကြိုနေ့က မလိဝမ်း ရေတံခွန်တွင် ရေနစ်သူအား ဆင်းကယ် သူ အမျိုးသမီးတစ်ဦး သေဆုံးမှုဖြစ်ပွား ခဲ့ကြောင်း ကော့သောင်းမြို့မ ရဲစခန်းမှ သိရသည်။
အစ်မဝမ်းကွဲဖြစ်သူက ရေတံခွန် ကြီးဘက်ရှိ ကျောက်ဆောင်ပေါ်တက်၍ ဓာတ်ပုံရိုက်၍ ပြန်ဆင်းလာစဉ် ရေထဲသို့ ချော်ကျသဖြင့် ညီမဖြစ်သူက ဆင်း လိုက်ဆယ်ရာ ညီအစ်မ ၂ ဦးစလုံး ရေနစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းတို့ ၂ ဦးအနက် ရေနစ်သူအား ဆင်းကယ်သူ ရွှေဟင်္သာရပ် ကွက်တွင် နေထိုင်သည့် အမျိုးသမီးမှာ သေဆုံးခဲ့ သည်။
အဆိုပါသေဆုံးမှုနှင့်ပတ်သက်၍ ဓမ္မတာအတိုင်း ဟုတ်မဟုတ်ကို ကော့ သောင်းမြို့မရဲစခန်းတွင် သေမှုသေခင်း ဖွင့်၍ အရေးယူ စစ်ဆေးလျက် ရှိသည်။