ဖွဲ့စည်းပုံပြင်ဆင်ရေး ထောက်ပြသည့် သံချပ် NLD ဝန်ကြီး ဆင်ဆာဖြတ်

0
513

သင်္ကြန်အကြတ်နေ့ည ထားဝယ် ဗဟိုမဏ္ဍပ်တွင် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်း နှင့် တိုင်းအုပ်ချုပ်ရေးမှူးတို့က  ကြက်စား ပြင် အားသစ်လူငယ် သံချပ်အဖွဲ့၏ ဖွဲ့ စည်းပုံပြင်ဆင်ရေးစာသားပါ သံချပ်တစ် ပုဒ်အား ဆင်ဆာဖြတ်ခဲ့ကြောင်း သံချပ် အဖွဲ့တာဝန်ခံ ကိုထွေးကိုထံမှ သိရသည်။

 
ဒီမိုကရေစီအရေးအတွက် ဖွဲ့စည်း ပုံအခြေခံဥပဒေ ပြင်ဆင်သင့်ကြောင်း ထောက်ပြသည့် စာသား အပိုဒ် ၆၀ ကျော်ပါ သံချပ်အား တပ်နှင့်အစိုးရကို သွေးကွဲစေနိုင် ကြောင်း အကြောင်းပြချက်ဖြင့် ဆင်ဆာ ဖြတ်ခဲ့သဖြင့် မဖျော်ဖြေတော့ဘဲ လှည့်ပြန် ခဲ့ကြောင်း ကိုထွေးကိုက ပြောသည်။” ဘယ်စာကြောင်းက ဘယ်လို ထိခိုက်တယ်ဆိုတာ ကျွန်တော့်ကို တစ် ကြောင်းချင်း ထောက်ပြပါလို့ပြောတော့ ဝန်ကြီးက ဒါတစ်ခုတော့ တိုင်းအစိုးရ မဏ္ဍပ်ဖြစ်နေလို့ နားလည်ပေးပါတဲ့၊ ကျွန်တော် ဘယ်လို နားလည်ပေးရမလဲ သူတို့ကို၊ ဒီသံချပ်ထဲ လွန်တာတွေပါ နေရင် ကျွန်တော့်ကို ထောက်ပြပေါ့”  ဟု ကိုထွေးကိုက ပြောသည်။

 
ဗဟို မဏ္ဍပ်တွင် ဖျော်ဖြေခွင့်ရရန် စည်ပင်ဝန်ကြီးနှင့် ဗဟိုမဏ္ဍပ် တာဝန်ခံ တို့အား မတ်လ ၂၈ ရက်ကတည်းက ကြိုအကြောင်းကြားထားကာ သင်္ကြန် အကြိုနေ့တွင် စာသားများ မဏ္ဍပ် တာ ဝန်ခံထံ တင်ပြခဲ့ပြီးဖြစ်ကြောင်း ကိုထွေး ကိုက ပြောသည်။
သံချပ်စာ သားများ၏ ပထမ နှစ်မျက်နှာပါ စာသားများမှာ အဆင် မပြေကြောင်း၊ ကာချုပ်နှင့် တစ်မတ်သား လွှတ်တော်အမတ် (တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်ကို ဆိုလို)များ အကြောင်း ပါနေသည့်အတွက် လက်ရှိ နိုင်ငံရေး အခင်းအကျင်းအရ ယင်း စာများ ချန်လှပ်ကာ ဖျော်ဖြေနိုင် ကြောင်း တောင်းပန်ပြောဆိုခဲ့သည်ဟု ဝန်ကြီး ဦးမြင့်စန်းက ဆိုသည်။

 
” အခြား အရန်မဏ္ဍပ်တွေမှာ ထိုး လို့ရတယ်၊ ဒို့မဏ္ဍပ်က အစိုးရက ဦးစီး လုပ်တဲ့ ဗဟိုမဏ္ဍပ်ဆိုတော့ နည်းနည်း နားလည်ပေးပါလို့ ပြောခဲ့တယ်” ဟု ဝန်ကြီးက ပြောသည်။သံချပ်အဖွဲ့တာဝန်ခံ ကိုထွေးကို ကမူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ တက်လာသော ဒီမိုကရေစီဘက်တော် သား ဝန်ကြီးတစ်ဦးက ယခုကဲ့သို့သော ဖွဲ့စည်းပုံ ပြင်ဆင်ရေးထောက်ပြသည့် သံချပ်တစ်ပုဒ်အား ဆင်ဆာဖြတ်ခြင်း အပေါ် အထူးပင် အံ့ဩရကြောင်း ပြောသည်။

 
“အဲဒီ ဖြတ်လိုက်တဲ့ သံချပ်ထဲမှာ ဒီမိုကရေစီဘက်ကို တွန်းပို့ထားတဲ့ သံချပ်၊ ဒီမိုကရေစီအတွက်ဆို ဖွဲ့စည်းပုံတွေ၊ ဥပဒေတွေပြင်ရမှာကို ပြောထားတဲ့ သံချပ် ကို ပိတ်ပင်တယ်ဆိုတော့ ဒါဒီမိုကရေစီ ကိုဟန့်တားတာလို့ပဲ မြင်တယ်” ဟု ကိုထွေးကိုက ဆိုသည်။
သင်္ကြန်မတိုင်မီက လူမှုရေးနှင့် စည်ပင်ဝန်ကြီး ဦးဟိုပင်မှ သံချပ်စာသား များ မကန့်သတ်ဟု သတင်းမီဒီယာသို့ ပြောခဲ့ဖူးသည်။