သင်္ကြန်ပြီးသော်လည်း ပါဝါအိတ်ဇောတပ်ဆိုင်ကယ် ဆက်ဖမ်းမည်

0
405

သင်္ကြန်ကာလပြီးဆုံးပြီဖြစ်သော်လည်း အသံဆူညံသည့် ပါဝါအိတ်ဇော တပ် ဆိုင်ကယ်များကို ဆက်လက် ဖမ်းဆီး သွားမည်ဖြစ်ကြောင်း တနင်္သာရီ တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

 
သင်္ကြန်မတိုင်ခင်က တိုင်းအတွင်း ရှိ ခရိုင် ၃ ခုတွင် ဖမ်းဆီးရမိသည့် ပါဝါအိတ်ဇောအလုံးရေ ၄၇၁ လုံးကို ဖျက်ဆီးခဲ့ပြီး ဖမ်းမိသည့် ဆိုင်ကယ် များကို တရားစွဲတင်ကာ ဒဏ်ငွေပေး ဆောင်စေခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှတာဝန်ရှိသူက ဆိုသည်။
” သင်္ကြန်ပြီးရင်လည်း ဆက်လက် ဖမ်းဆီးသွားဖို့ ရှိတယ်” ဟု အဆိုပါ တာဝန် ရှိသူက ပြောသည်။

 
ဆိုင်ကယ်အရောင်းဆိုင်များနှင့် ဆိုင်ကယ်အပိုပစ္စည်း ရောင်းချသည့် ဆိုင်များတွင် ပါဝါအိတ်ဇောများ ရောင်းချ ပါက ဆိုင်ပိတ်သိမ်းသည်အထိ အရေး ယူသွားမည်ဖြစ်ကြောင်း ထားဝယ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က သတိ ပေးထားသည်။
” သင်္ကြန်မကျခင်က ဖမ်းလိုက် တော့ သင်္ကြန်ရက်တွေမှာ ဆူညံသံတွေ သိပ်မကြားရတော့ဘူး” ဟု ထားဝယ်မြို့ ဘုမ္မော်ရပ်ကွက်နေ ဦးဇော်ဝင်းက ပြော သည်။
ယင်းကဲ့သို့ ဖမ်းဆီးကြပ်မတ်ခြင်းကို ရေရှည်လုပ်ဆောင်သွားပါက ပါဝါအိတ် ဇော အသုံးပြုမှုများ အတိုင်းအတာ တစ် ခုအထိ လျော့ပါးသွားနိုင်ကြောင်း ၎င်း ကဆိုသည်။

 
အသံဆူညံသည့် ပါဝါအိတ်ဇော တပ် ဆိုင်ကယ်များ ဖမ်းမိပါက ၂၀၁၅ ခုနှစ် မော်တော်ယာဉ်ဥပဒေဖြင့် တရားစွဲ တင်ပြီး ပါဝါအိတ်ဇောကို မူရင်းအိတ် ဇောဖြင့် လဲလှယ်ပြီးမှသာ ဆိုင်ကယ်ကို ထုတ်ပေးနေကြောင်း သိရသည်။