မြိတ်တွင် ဖမ်းမိဆိုင်ကယ် ဆူညံ အိတ်ဇော ၁၀၀ ကျော် ဖျက်ဆီး

0
419

မြိတ်မြို့နယ်အတွင်း ဖမ်းဆီးရမိ ထားသည့် ဆိုင်ကယ်ဆူညံအိတ်ဇော အခု ၁၀၀ ကျော်ကို ဧပြီလ ၇ ရက်က ကုန်းဖောက် ရပ်ကွက်ရှိ အဝေးပြေး ကားဝင်းသစ်တွင် လမ်းကြိတ်ကားဖြင့် နင်းချေ ဖျက်ဆီးခဲ့သည်။

ယင်းဆူညံအိတ်ဇောတစ်ခုလျှင် ကာလတန်ဖိုး ပျမ်းမျှ သုံးသောင်းအထိ ဈေးနှုန်းရှိသည်။” ဆူညံအိတ်ဇောတပ် ဆိုင်ကယ် တွေက နေ့စဉ်လိုလို ဖမ်းမိနေတယ်” ဟု အမှတ်(၇၆) ယာဉ်ထိန်းတပ်ဖွဲ့စုမှူးရုံး ဒု ရဲမှူးနေဝင်းက ပြောသည်။သင်္ကြန်မတိုင်မီ ဖမ်းဆီးရမိသည့် ဆူညံအိတ်ဇောတပ်ဆိုင်ကယ်များကို သင်္ကြန်ပွဲတော်အပြီးမှ ပြန်ထုတ်ပေး မည်ဖြစ်ကြောင်း အထက်ပါ ယာဉ်ထိန်း တပ်ဖွဲ့စုမှူးရုံးက သိရသည်။

ထို့ပြင် မော်တော်ဆိုင်ကယ် အရောင်း ဆိုင်များ အပိုပစ္စည်း အရောင်းဆိုင်များ တွင် ဆူညံသံထွက်မည့် ပါဝါအိတ်ဇော များကို မရောင်းချရန် စစ်ဆေးညွှန်ကြား ထားပြီးဖြစ်ကြောင်း ခရိုင်ရဲတပ်ဖွဲ့ရုံးမှ သိရသည်။