သင်္ကြန်ကာလခရီးသွားများ ငါးပိထောင်း အများဆုံးဝယ်

0
418

သင်္ကြန်ကာလအတွင်း ထားဝယ် ဒေသသို့ လာရောက်လည်ပတ်ကြသည့် ဘုရားဖူးဧည့်သည်များက ဒေသထွက် ငါးပိထောင်းကို အများဆုံး ဝယ်ယူကြ ကြောင်း ထားဝယ်မြို့ပေါ်ရှိ လက်ဆောင် ပစ္စည်းအရောင်းဆိုင် အချို့ထံမှ သိရ သည်။

သင်္ကြန်ရက်များအတွင်း ငါးပိ ထောင်း ပိဿာချိန် နှစ်ထောင်ခန့် ရောင်းချ ခဲ့ရပြီး ဒေသလုပ်မုန့်အမျိုးအစားထဲတွင် မုန့်ကုလားမဲကို အများဆုံးရောင်းချခဲ့ ရကြောင်း ထားဝယ်မြို့ရှိ မလိငါးပိ လက်ဆောင်ပစ္စည်းအရောင်းဆိုင် ပိုင်ရှင် က ဆိုသည်။” ငါးပိထောင်းကို သိသူတွေလည်း ဝယ်ကြသလိုမသိတဲ့သူတွေလည်း ဝယ် ကြတယ်” ဟု မလိငပိဆိုင်ရှင်ဖြစ်သူ ဒေါ်မီးဆူးက ပြောသည်။ငါးပိထောင်း တစ်ပိဿာလျှင် ငွေကျပ် ငါးထောင် ပေါက်ဈေးရှိသည်။

သင်္ကြန်ကာလအတွင်း တစ်ဘူး လျှင် ကျပ် ၅၀၀ တန် ငါးပိထောင်းဘူးရေ ၁၀၀၀ ခန့် ရောင်းချခဲ့ရပြီး ထားဝယ် ဒေသလုပ် ကြက်ဥမုန့်လိပ်လည်း ဝယ် ယူသူများပြားခဲ့ကြောင်း ထားဝယ်မြို့ရှိ KKK လက်ဆောင်ပစ္စည်း အရောင်း ဆိုင်ပိုင်ရှင် ဒေါ်ဌေးဌေးက ဆိုသည်။” ပြီးခဲ့တဲ့နှစ်နဲ့ ဒီနှစ်က ရောင်းအား သိပ်မကွာဘူး” ဟု ဒေါ်ဌေးဌေးက ပြော သည်။

ငါးခြောက်၊ ရေညှိ၊ ကင်းမွန်ခြောက် (ပြည်ကြီးငါး)စသည့် ပင်လယ်ထွက် ပစ္စည်းများလည်း အထိုက်အလျောက် ဝယ်ယူသူ များပြားပြီး ထားဝယ်ဒေသ လုပ် ငါးမုန့်ကိုလည်း ဝယ်ယူမှုများ ရှိကြောင်း လက်ဆောင်ပစ္စည်း အရောင်း ဆိုင်များထံမှ သိရသည်။၂၀၁၇ ခုနှစ်ပြီးခဲ့သည့်သင်္ကြန် ကာလတွင် မြန်မာနိုင်ငံအရပ်ရပ်မှ ဘုရားဖူးခရီးသည်များ အများအပြား လာရောက်ခဲ့ကြပြီး တစ်နှစ်ထက်တစ်နှစ် ပိုမို ဝင်ရောက်လာကြသည်။