တူရကီက Miss Globe International ပြိုင်ပွဲမှာ သွားရောက်ယှဉ်ပြိုင်မယ့် တနင်္သာရီအလှမယ် အေးမာချို

0
954

လာမယ့် ဩဂုတ်လ တူရကီနိုင်ငံမှာ ကျင်းပမယ့် Miss Globe International   ကို တနင်္သာရီတိုင်း ကိုယ်စားပြု အလှမယ် အေးမာချိုက သွားရောက်ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။အေးမာချိုဟာ မန္တလေးမှာ ကျင်းပတဲ့ Miss Globe International ၂၀၁၇  ပြိုင်ပွဲမှာ တနင်္သာရီတိုင်းကိုယ်စားပြု အနေနဲ့ ဝင်ယှဉ်ပြိုင်ခဲ့ပြီး Miss Friend Tittle  ဆု ရရှိထားပါတယ်။

 
”  မြန်မာကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ဖို့အတွက် ပထမဦးစွာ သမီးရဲ့အားနည်းချက်နဲ့ အားသာချက်တွေကို ဆန်းစစ်ပြီး အားနည်းချက်များကို Orgenizer များနဲ့ ပူးပေါင်းကာ အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားပါမယ်။ မီးရဲ့အားနည်းချက်တွေကိုလည်း ဒီထက်မကပိုမိုကောင်း မွန်အောင်ပြင်ဆင်သွားမှာပါ။ မြန်မာကိုယ်စားပြုဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာရှိတဲ့ သဘာဝအလှအပများ တန်ခိုးကြီးဘုရားများ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ရဲ့ ရိုးရာယဉ်ကျေးမူများကို ကမ္ဘာ့အလယ်မှာ ချပြနိုင်တဲ့အထိ ကြိုးစားပြင်ဆင်ထားပါတယ်” လို့ အေးမာချိုက ပြောပါတယ်။

 
အားနည်းချက်များကိုပြုပြင်ပြီး ကိုယ်မှာရှိတဲ့ အရည်အချင်းတွေနဲ့နိုင်ငံတကာ အလှမယ်ပြိုင်ပွဲကို တခြားနိုင်ငံသူတွေနဲ့ သွားပြိုင်တဲ့အခါ ဆုလေးတခုတော့ရနိုင်အောင် ကြိုးစားချင်တယ်လို့ သူမက ဆက်ပြောပါတယ်။“ Talent (အရည်အချင်းပိုင်း)ပိုင်းရော Body Beauty နဲ့ Brain (ဥာဏ်ရည်ဥာဏ်သွေး) ဝတ်စားဆင်ယင်ထုံးဖွဲ့မူ၊ စိတ်ပိုင်းဆိုင်ရာရော Team Work နဲ့လုပ်ရတဲ့အတွက် ဘာသာစကားလေ့လာမှုအနေနဲ့ Speaking ကျွမ်းကျင်တဲ့ ဆရာမနဲ့ အနီးကပ်လေ့လာသင်ယူနေပါတယ်။ မြန်မာ့ဂုဏ်ဆောင် Miss တယောက်ဖြစ်ချင်ပါတယ်။ Miss တယောက်အနေနဲ့ သံတမန်အဖြစ်ရွေးချယ်ခံရပြီး မြန်မာနိုင်ငံရဲ့မျိုးဆက်သစ် Miss  များကို လက်ဆင့်ကမ်းနိုင်တဲ့ မြန်မာစံပြ အလှမယ်တယောက်လဲ ဖြစ်ချင်ပါတယ်” အေးမာချိုဟာ  မော်ဒယ်ပိုင်း ကိုငယ်ငယ်လေးကတည်းက ဝါသနာထုံခဲ့ပြီး ထားဝယ်မှာလုပ်တဲ့ပြိုင်ပွဲတိုင်းကို ဇွဲမလျှော့ဘဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဖြစ်ပါတယ်။

 

ပြည်ပပြိုင်ပွဲ အတွေ့အကြုံမရှိပေမယ့် နိုင်ငံတကာပြိုင်ပွဲတွေကို လေ့လာပြီး အကောင်းဆုံးယှဉ်ပြိုင်နိုင်ရန် ကြိုးစားနေတဲ့အတွက် စိုးရိမ်စိတ်အနည်းငယ်ရှိပေမယ့် ယုံကြည်ချက် အပြည့်အဝရှိတယ်လို့ ဆိုပါတယ်။