ရဲဘက်စခန်းမှ အကျဉ်းသားတစ်ဦး လုပ်ငန်းခွင်အတွင်း သေဆုံး

0
428

မြိတ်မြို့နယ် ကျောက်ဖြူတောင် ရဲဘက်စခန်းမှ အကျဉ်းသားတစ်ဦး လုပ်ငန်းခွင်အတွင်း သေဆုံးမှုတစ်ခု ဧပြီလ ၆ ရက်က ဖြစ်ပွားခဲ့ရကြောင်း ယင်းမြို့နယ်ရဲစခန်းမှ သိရသည်။

ကျောက်ဖြူတောင်ထုတ်စခန်း၏ မြောက်ဘက် ၃ ဖာလုံခန့်အကွာရှိ ဆင်ဖြူရှင်ကျောက်တိုင်တောင်တွင် အကျဉ်းသား ၇၉ ဦးနှင့်အတူ ကျောက် ထုတ်လုပ်ငန်း ဆောင်ရွက်နေစဉ် မိုးသည်းထန်စွာရွာထားသဖြင့် မြေနုပြီး ကျောက်နံရံမှ ကျောက်သဲစများ ပြိုကျ လာကာ ကျောက်ခဲစထိမှန်ပြီး သေဆုံး ခြင်းဖြစ်ကြောင်း ရဲစခန်းမှတ်တမ်းအရ သိရသည်။