သင်္ကြန်တွင်း အရေးပေါ်ထိခိုက်မှုများအတွက် ကြိုပြင်ထားဟုဆို

0
426

သင်္ကြန်ကာလအတွင်း ယာဉ်တိုက် မှုကဲ့သို့သော အရေးပေါ်ထိခိုက်မှုများအတွက် အရေးပေါ်သယ်ဆောင် ပေးနိုင်ရန် ကြိုတင်ပြင်ဆင်ထားကြောင်း ဇမ္ဗူသီရိအရေးပေါ်လူနာ ကူညီသယ်ဆောင်ရေးအဖွဲ့ထံမှ သိရသည်။

သင်္ကြန်ကာလအတွင်း တစ်ရက်လျှင် အဖွဲ့ဝင် ၂၀ ဦးခန့်နှင့် အရေးပေါ်လူနာတင်ယာဉ် ၈ စီးဖြင့် သယ်ဆောင်ပေးရန်စီစဉ်ထားပြီး သင်္ကြန်ကာလအတွက် လူနာတင်ယာဉ်များ ကြံ့ခိုင်မှု လုပ်ရန် ရန်ကုန်မြို့ သို့ ပို့ဆောင်ခြင်းကို ခေတ္တရပ်နားထားကြောင်း ဇမ္ဗူသီရိမှ တာဝန်ရှိသူ ဦးနိုင်မျိုးသွင်က ဆိုသည်။
” သင်္ကြန်အတွက် ကွန်ရက်ဝင် ကျန်တဲ့အဖွဲ့တွေကို သင်တန်းပေးသွား ဖို့ရှိတယ်” ဟု ဦးနိုင်မျိုးသွင်က ပြောသည်။

ထားဝယ်ခရိုင်အတွင်းရှိ လူနာတင်ယာဉ် ကွန်ရက်အဖွဲ့တွင် လူနာ တင်ယာဉ် ၃၁ စီးရှိသည်။ပုံမှန်အချိန် ထားဝယ်ပြည်သူ့ဆေးရုံ အရေးပေါ်ဌာနတွင် ဆရာဝန် ၂ ဦးနှင့် သူနာပြုဆရာမ ၁၆ ဦးခန့်ကို အချိန်အပိုင်းအခြားလိုက် တာဝန်ချထားပြီး သင်္ကြန်ကာလတွင်မူ သာမန်အချိန်ထက် ဆရာ၊ ဆရာမဦးရေ အနည်းငယ်ပို မည်ဖြစ်ကြောင်း ထားဝယ်ပြည်သူ့ ဆေးရုံအုပ်ကြီးက ဆိုသည်။

“ခေတ်က ဖုန်းပေါတဲ့ခေတ်ဆိုတော့ လိုအပ်လာရင် ဖုန်းဆက်ခေါ်လို့ရတာပေါ့” ဟု ဆေးရုံအုပ်ကြီးက ပြောသည်။ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် သင်္ကြန်ကာလအတွင်း ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရသူ ၄၃ ဦးကို ကူညီ သယ်ဆောင်ပေးခဲ့ကြောင်း ဇမ္ဗူသီရိ စာရင်းအရ သိရသည်။